ဖြေကြားချက် ၁ ခု
ဆိတ်များသည် ရေကြောက်တတ်ပြီး ခန္ဓာကိုယ်တွင် သဘာဝအဆီဓာတ် ပါရှိသောကြောင့် ပုံမှန်အားဖြင့် ရေချိုးပေးရန် မလိုအပ်ဘဲ အလွန်အမင်း ပေကျံနေချိန် သို့မဟုတ် ပြင်ပကပ်ပါးပိုး သတ်ချင်မှသာ ချိုးပေးသင့်ပါတယ်။ အပူပိုင်းအညာဒေသတွင် ရာသီအလိုက် ခွဲခြားဆောင်ရွက်ရမည်ဖြစ်ရာ အလွန်ပူပြင်းသော နွေရာသီတွင်သာ လိုအပ်ပါက ၂ ပတ် သို့မဟုတ် ၃ ပတ်လျှင် တစ်ကြိမ်ခန့် ရေချိုးပေးနိုင်ပြီး အအေးမိ အဆုတ်ရောင်ရောဂါ အလွယ်တကူ ဖြစ်ပွားနိုင်သော မိုးရာသီနှင့် ဆောင်းရာသီတို့တွင်မူ လုံးဝ (လုံးဝ) ရေမချိုးပေးရပါဘူး။ ရေချိုးပေးရန် ကျန်းမာရေးနှင့် အညီညွတ်ဆုံးအချိန်မှာ မိုးအုံ့ခြင်း၊ လေတိုက်ခြင်းမရှိဘဲ နေရောင်ခြည်ကောင်းကောင်းရသည့် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဖြစ်ပြီး၊ ညနေပိုင်း သို့မဟုတ် ညဘက်များတွင် ရေချိုးပေးခြင်းကို လုံးဝ ရှောင်ကြဉ်ရပါမယ်။
ဆက်စပ်မေးခွန်းများ
ဆိတ်သိုးတစ်ကေါင် ဆို ဆိတ်မ ဘယ်လောက်အရေအတွက်နဲ့ ခြံအတွင်းအတူထားဖို့သင့်လျှော်ပါသလဲဗျ
ဖြေကြားချက် 1 ခု
ဆိတ် အတွက်စိုက်ပျိုးရေးမြက်ကြွေးမယ်ဆိုရင် ဘယ်မြက်အဆင်ပြေမလဲဗျ ဘယ်မြက်ကသင့်တော်နိုင်လဲဗျ
ဖြေကြားချက် 1 ခု
ကျွန်တော် ဆိတ်တွေ ဝမ်းပျော့တွေ တအားသွားနေလို့ပါ ဘယ်လိုဖြေရှင်းရမလဲ လမ်းညွှန်ပါအုန်း ဆရာတို့ရယ်။
ဖြေကြားချက် 1 ခု
ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် ဆိတ်များကိုဘယ်လိုမွေးမြူသင့်လဲ
ဖြေကြားချက် 3 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်...
ဖြေကြားချက် 1 ခု