ဖြေကြားချက် ၄ ခု
မျိုးစေ့ထုတ်တွင် F1 (Hybrid) ဟု ရေးသားထားပါက မျိုးပြန်ခံပြီး မစိုက်ပျိုးသင့်ပါဘူး။ F1 ဆိုသည်မှာ ဗီဇကွဲပြားသည့် မျိုးနှစ်ခုကို စနစ်တကျ စပ်ယူထားသည့် ပထမမျိုးဆက်ဖြစ်ပြီး ၎င်းမှရရှိသည့် အပင်များသည် အထွက်နှုန်း ကောင်းမွန်ကာ ရောဂါဒဏ်ခံနိုင်ရည် မြင့်မားကြပါတယ်။ သို့သော် ၎င်းမှရရှိသော မျိုးစေ့ကို ပြန်လည်စိုက်ပျိုးပါက (F2 မျိုးဆက်) ဗီဇများ ပြန်လည်ကွဲထွက်သွားပြီး အပင်များ မညီမညာဖြစ်ခြင်း၊ အထွက်နှုန်း သိသိသာသာ လျော့ကျခြင်းနှင့် ရောဂါဒဏ်မခံနိုင်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ ထို့ကြောင့် အဆင်ပြေအောင်မြင်ရန်အတွက် F1 မျိုးစေ့များကို ရာသီတိုင်း အသစ်ဝယ်ယူ စိုက်ပျိုးသင့်ပြီး၊ မျိုးပြန်ယူလိုပါက OPV (ဒေသမျိုး) ကိုသာ ရွေးချယ်စိုက်ပျိုးရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပြောင်းဖူးခင်း ဖောငမြောင်တောင်ကျနေလို့ ဘာဆေးဖျန်းရမလဲ အီမာမက်တင်ဘန်ဇိုအိတ်တော့ဖျန်းထားပါတယ်
ဖြေကြားချက် 1 ခု
ပြောင်း ၁၅ရက်သားရှိပြီ ခုထိအပင်က သိပ်မထသေးဘူး အဲ့တာဘာဖစ်လို့လဲဗျာ
ဖြေကြားချက် 1 ခု
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
ဖြေကြားချက် 5 ခု
အစေ့ထုတ်ပြောင်းကြားသီးနှံအနေဖြင့်မတ်ပဲစိုက်လို့ရပါသလား
ဖြေကြားချက် 1 ခု
ပြောင်းဖူး အတွက် သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း ပြောပြပေးပါလား
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ