ဖြေကြားချက် ၁ ခု
@နံပတ်2 မြေပဲစိုက်ပျိုးရေးတွင် "ထပ်ဆင့်ပွား" ရွက်ဖျန်းအားဆေးနှင့် နွားကျင်ငယ်ရည် (နွားသေး) ကို အတူတကွ ရောစပ်မဖျန်းသင့်ပါဘူး။ "ထပ်ဆင့်ပွား" တွင် အပင်အတွက် လိုအပ်သော NPK အာဟာရဓာတ်များ စနစ်တကျ အချိုးကျ ပါဝင်ပြီးသားဖြစ်ပြီး၊ နွားကျင်ငယ်ရည်တွင်လည်း နိုက်ထရိုဂျင်နှင့် အက်ဆစ်ဓာတ် မြင့်မားစွာ ပါဝင်နေပါတယ်။ ၎င်းတို့နှစ်ခုကို ရောစပ်လိုက်ပါက နိုက်ထရိုဂျင်ဓာတ် အလွန်အမင်း လွန်ကဲသွားပြီး မြေပဲရွက်များ လောင်ကျွမ်းပျက်စီးစေနိုင်သည့်အပြင်၊ ဓာတ်ပြုမှုကြောင့် ဆေးအာနိသင် ပျယ်ပြယ်သွားနိုင်ပါတယ်။ ထို့ပြင် ပဲပင်များ အပင်ပိုင်း အလွန်ကြီးထွားလာပြီး ဥမဝင်ဘဲ အဖျင်းများ တတ်သောကြောင့် အထွက်နှုန်း ထိခိုက်နိုင်ပါတယ်။ အသုံးပြုလိုပါက တစ်ပြိုင်နက်မဖျန်းဘဲ အနည်းဆုံး ၇ ရက်မှ ၁၀ ရက်ခန့် ခွဲ၍ သီးခြားစီသာ ဖျန်းပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မေးခွန်း
ဖြေကြားချက် 1 ခု
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ဘေးကပါမနက်ဖြန်(၂၂.၁၀.၂၆)နေ့မှာမြေပဲချဖို့လုပ်ထားပေမယ့် ရွာက...
ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျာ ကျနော်မြေပဲခင်းကို တမာပိုးသတ်ဆေးကို ကိုယ်တိုင်ပြုလုပ် သုံးစွဲချင်ပါတယ် ပြုလုပ်နည်းလေး ပြောပြပေး...
ဖြေကြားချက် 1 ခု
ပိုးသတ်ဆေးက အပင်လောင်နိင်ပါသလား အဲလို ဖြစ်သွားလို့ပါ
ဖြေကြားချက် 2 ခု
ထရိုင်ကိုဒါးမားဆေးထုပ်ဝယ်ယူရရှိနိုင်မည့်မန်းလေးမြို့တွင်လိပ်စာလေးသိချင်လိုပါခင်ဗျ ကျေးဇူးပြု၍ဖြေကြားပေးပါ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ