အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
bominthu
bominthu 10,154
လွန်ခဲ့သော ၅ နာရီ က · မအူပင်

ကျွန်တော် ခရမ်းပင်က အရွက်ကခုလိုခြောက်နေပါတယ် မှိုကြောင့်ဖြစ်တာလာ ဖြေကြားပေးပါ။

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 414,307 လွန်ခဲ့သော ၂ နာရီ က

@bominthu ပုံပါ ခရမ်းရွက်သည် ဘေးအနားများ တွန့်လိပ်ကာ တစ်ဖက်သတ် ညှိုးခြောက်နေသဖြင့် မှိုကြောင့်ဖြစ်သော Verticillium wilt (ဗာတီဆီလီယမ် ညှိုးသေရောဂါ) ၏ ကနဦးလက္ခဏာပြတာပါ။ ရွက်လိပ်ပိုး (Eggplant leaf roller) ဟုတ်မဟုတ် လည်းခွဲခြားရန်အတွက် လိပ်နေသောအရွက်ကို ဖြန့်ကြည့်ပါ။ ပိုးကြောင့်ဆိုပါက အတွင်း၌ ပိုးမျှင်ဖြူများ၊ ကိုက်စားဒဏ်ရာများနှင့် ပိုးလောက်ကောင်ငယ်များကို မလွဲမသွေ တွေ့ရမည်ဖြစ်ပြီး၊ ပုံကြည့်ရတာ ကိုက်စားဒဏ်ရာမတွေ့ရသဖြင့် ဖျက်ပိုးကြောင့် ဖြစ်နိုင်ခြေ နည်းပါတယ်။ ဤမြေဆောင်မှိုရောဂါအတွက် ကာကွယ်ကုသရန် ရောဂါရအပင်ကို နှုတ်ယူဖျက်ဆီးခြင်း၊ အပင်ခြေကို ထရိုင်ကိုဒါးမား (Trichoderma) ဇီဝမှိုဆေးဖြင့် မြေဆီလွှာဖျန်းပေးခြင်းနှင့် နောင်တွင် သီးလှည့်စိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ ဓာတုဆေးဖြင့်ကုသရန်ခက်ခဲတာကြောင့် ထရိုင်ကိုဒါးမားသာ‌အပင်ခြေမြေကြီးစိုရွှဲစွာဖျန်းပေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။