ဒီဆေးကို မြေပဲခင်းမှာ ကြိုတင်ကာကွယ်တဲ့ပိုးသတ်ဆေးအနေနဲ့သုံးလို့ရလားရှင့် ရရင်ဆေးတစ်ပုံး(၂၀လီတာဝင်)ကိုပမာဏဘယ်လောက်ထည့်ရမလည်းရှင့်
@Hnin Nu Wai အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ ဒီမှာ လေ့လာကြည့်ပါဦး
@Hnin Nu Wai အီးအမ် (EM-1) သည် အပင်နှင့် မြေဆီလွှာ ကောင်းမွန်စေသော အကျိုးပြုအဏုဇီဝဖျော်ရည် ဖြစ်ပြီး ပိုးသတ်ဆေး သို့မဟုတ် မှိုသတ်ဆေး မဟုတ်ပါဘူး။ ထို့ကြောင့် မြေပဲခင်းတွင် ကြိုတင်ကာကွယ်သည့် ပိုးသတ်ဆေးအနေဖြင့် တိုက်ရိုက်သုံး၍မရသော်လည်း တင်လဲရည်၊ အရက်၊ ရှာလကာရည်တို့နှင့် ရောစပ်ကာ အီးအမ်-၅ (EM-5) အဖြစ် အချဉ်ဖောက်ပြုလုပ်ပါက သဘာဝပိုးမွှားပြေးဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အခု EM1ကို အပင်နှင့် စိုက်ခင်း မြေဆီလွှာဖျန်းရန်အတွက် ဆေးဖြန်းပုံးတစ်ပုံး (၂၀ လီတာဝင်) လျှင် EM-1ဖျော်ရည် ၂၀ မီလီလီတာ (ဟင်းစားဇွန်း ၂ ဇွန်းခန့်) ကို ရေနှင့် သမအောင်ရောစပ်၍ နေအေးချိန်တွင် ပက်ဖျန်းပေးရပါမယ်။ ၎င်းသည် အဏုဇီဝပိုးများဖြစ်၍ ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် လုံးဝ (လုံးဝ) ရောစပ်အသုံးပြုခြင်း မပြုရပါခင်ဗျာ။ ပိုးဆေးအဖြစ်သုံးချင်ရင် EM-5ပြုလုပ်နည်းသိချင်ပါက ထပ်မေးထားနိုင်ပါတယ်၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ထရိုင်ကိုဒါးမားဆေးထုပ်ဝယ်ယူရရှိနိုင်မည့်မန်းလေးမြို့တွင်လိပ်စာလေးသိချင်လိုပါခင်ဗျ ကျေးဇူးပြု၍ဖြေကြားပေးပါ
ဖြေကြားချက် 1 ခု
ပိုးသတ်ဆေးက အပင်လောင်နိင်ပါသလား အဲလို ဖြစ်သွားလို့ပါ
ဖြေကြားချက် 2 ခု
ထပ်ဆင့်ပွားနဲ့ နွားသေး ရောဖြန်းလို့ ရပါသလား ခင်ဗျာ
ဖြေကြားချက် 1 ခု
မေးခွန်း
ဖြေကြားချက် 1 ခု
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ဘေးကပါမနက်ဖြန်(၂၂.၁၀.၂၆)နေ့မှာမြေပဲချဖို့လုပ်ထားပေမယ့် ရွာက...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။