ဖြေကြားချက် ၂ ခု
@Zwe Htet နှမ်းပင်များသည် ရေဝပ်ဒဏ်ကို လုံးဝမခံနိုင်သောကြောင့် မိုးရွာပြီးနောက် တစ်ညခန့် ရေဝပ်ရုံဖြင့် အမြစ်များ လေမရဘဲ အပင်များ ညှိုးကျ (ငိုက်) သွားတတ်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် ပထမဆုံးအနေဖြင့် စိုက်ခင်းအတွင်းရှိ ရေများကို အမြန်ဆုံး ချက်ချင်းဖောက်ထုတ်ပစ်ရပါမယ်။ ထိုသို့ ရေနုတ်ပြီးနောက် အပင်၏ စိတ်ဖိစီးမှုကို လျော့ကျစေရန်နှင့် အမြစ်သစ်များ ပြန်လည်ဖြစ်ထွန်းလာစေရန် အမိုင်နိုအက်ဆစ် (Amino Acid) အပင်အားဆေးနှင့် ဖော့စ်ဖရပ်/ပိုတက်စီယမ် မြင့်မားစွာပါသော အရွက်ဖျန်းမြေသြဇာ (ဥပမာ - MKP) တို့ကို ရောစပ်၍ အရွက်မှတစ်ဆင့် ချက်ချင်း ပက်ဖျန်းပေးရပါမယ်။ ၎င်းအပြင် ရေဝပ်ပြီးနောက် မြေဆီလွှာမှတစ်ဆင့် အမြစ်ပုပ်၊ ခြေပုပ်နှင့် ညှိုးသေမှိုရောဂါများ အလွယ်တကူ ကျရောက်တတ်သဖြင့် Hymexazol သို့မဟုတ် Foestyl- Al မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေပက်ဖျန်း ကာကွယ်ပေးရပါမယ်။ ပူံလေးတင်မေးပေးပါဦးဗျ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
မြင်းကျားမှထုတ်လုပ်တဲ့ နှမ်းရွေးရှယ်ဟာဘီရှင်း30စီစီ+မက်ဂါမန်းနီး20ဂရမ်ကိုရေ4ဂာလံဝင်ဆေးပုံးစက်ဖြင့်ဖျန်းပတ်...
ဖြေကြားချက် 2 ခု
နှမ်းအပင်ဖြစ်လာသည့်မှအစနှမ်းအပင်ရိတ်သိမ်းချိန်ထိမည့်သည့်ဆေးဝါးကိုဘယ်နှစ်ကြိမ်ဖျန်ူပေးရမည်နည်းမည်သို့ဂရုစိုက်...
ဖြေကြားချက် 3 ခု
နှမ်းအပင်အသက်28ရက်သားကိုပေါင်းပင်တွေများလို့မြင်းကျားမှထုတ်လုပ်တဲ့နှမ်းအထူးရွေးရှယ် ဟာဘိရှင်း30စီစီ+မက်ဂါမန်း...
ဖြေကြားချက် 5 ခု
နှမ်းပင်တွေအရွက်မှ အစက်အပျောက်တွေဖြစ်နေတာဘာဆေးဖျန်းသင့်လဲဗျ
ဖြေကြားချက် 1 ခု
နှမ်းအိတ်ထဲ ပိုးမထွေးအောင် ဘယ်လို ထားရမလဲ...
ဖြေကြားချက် 1 ခု