မတ်ပဲ တစ်လနဲ့၂ရက်ပါ ကိုင်းသိပ်မထွက်လို့ Nအချိုးပါတဲ့ရွက်ဖျန်းအားဆေးဖျန်းလို့ရသေးလားဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၂ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- ရာသီဥအုံ့မှိုင်း
@koHein Htet Soe မတ်ပဲသက်တမ်း တစ်လနဲ့ ၂ ရက် (၃၂ ရက်သား) အရွယ်တွင် ကိုင်းဖြာမှုနည်းနေပါက နိုက်ထရိုဂျင် (N) ပါဝင်သော ရွက်ဖျန်းအားဆေးကို ဖျန်းပေး၍ ရပါတယ်။ ပုံပါအပင်များမှာ စိပ်လွန်းသဖြင့် အပေါ်သို့သာ အရပ်ရှည်ထွက်ပြီး ဘေးကိုင်းမဖြာခြင်း ဖြစ်နိုင်ပါတယ်။ သို့သော် အပင်သက်တမ်း တစ်လကျော်ပြီဖြစ်၍ နိုက်ထရိုဂျင် (N) တစ်မျိုးတည်း အလွန်အကျွံပါသော ဆေးမျိုးဖျန်းခြင်းကို ရှောင်ကြဉ်ရပါမယ်။ ယင်းအစား NPK 20-20-20 ကဲ့သို့ အာဟာရအချိုး မျှတသော အားဆေး သို့မဟုတ် အမိုင်နိုအက်ဆစ်၊ ဘိုရွန်နှင့် ကယ်လ်စီယမ် ပါဝင်သော အားဆေးများကို မနက်စောစော သို့မဟုတ် ညနေနေအေးချိန်တွင် ဖျန်းပေးသင့်ပါတယ်။ အကယ်၍ အပင်များတွင် ပန်းဖူးစတင်ဝင်နေပြီဆိုပါက နိုက်ထရိုဂျင်ပါသောဆေးကို ရပ်တန့်ပြီး အသီးအပွင့်အားဆေး ဘက်သို့ ပြောင်းလဲအသုံးပြုရန် လိုအပ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အပင်အားဆေးဖျန်းပီး၅ရက်ကြာရင်မှိုဆေးဖျန်းလို့အဆင်ပြေနိုင်လားဆရာ အားဆေးကlucky7 +3ပါမှိုဆေးက ဟက်ဇာကိုနာဇိုးပါအား...
ဖြေကြားချက် 2 ခု
ဆေးလှောင်တာတို့ အပူချိန်များချိန်မှာ ec ဆေးမျိုးဖျန်းမိပီး အပင်ညိုးတာမျိုးစို ဘာလိုကုသရမလဲ ဘယ်aiတွေသုံးသင့်လဲ
ဖြေကြားချက် 2 ခု
ဲမိုခါပဲ 37ရက်သားရှိနေပြီ ပွင့်ထွေးမတွေ့ရသေးပါ30ရက်သားလောက်က. ရွှေမိုးငွေမိုး(အား ဆေး)ဖြန်းပြီး3ရက်လောက်နေတော့...
ဖြေကြားချက် 2 ခု
မတ်ပဲ၄၅ရက်သား မှာ အရွက်အဲ့လိုဝေးဝေးတစ်ပင်ဖြစ်ေနတယ် တစ်ပင်လုံးမဖြစ်ဘဲ အရွက်တစ်ကိုင်းကညိုးကျနေတယ် နောက်တစ်...
ဖြေကြားချက် 3 ခု
မိုခါမျိုး 37ရက်သား ွ 30ရက်သားလောက်က အားဆေး( ရွှေမိုးငွေမုးိ)3ရက်လောက်ကြာတော့ပုံပိုးသတ်ဆေး ကို အရွက်ကိုက်ပိုး...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။