အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Saw Samson
Saw Samson 178
လွန်ခဲ့သော ၁ နာရီ က · ထန်းတပင်

မတ်ပဲ၄၅ရက်သား မှာ အရွက်အဲ့လိုဝေးဝေးတစ်ပင်ဖြစ်​ေနတယ် တစ်ပင်လုံးမဖြစ်ဘဲ အရွက်တစ်ကိုင်းကညိုးကျနေတယ် နောက်တစ်ကိုင်းကျအရွက်နားတွေကနေစပြီးခြောက်ပြီးမဲလာတယ်တစ်ဖြေးဖြေးတစ်ကိုင်းလုံးခြောက်ပြီးမဲသွားတယ် ကျန်နေတဲ့အကိုင်းတွေကျဘာမှမဖြစ်ဘူး မဖြစ်သေးတာလာ ဘာရောဂါလဲဘယ်လိုဆေးမျိုးဖျန်းသင့်လဲဗျ

ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 431,556 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

@Saw Samson မတ်ပဲပင်တွင် မှည့်ပြောက်စွန်းနှင့် ကိုင်းဖျားခြောက်ရောဂါ (Anthracnose and Dieback) မှိုရောဂါ စတင်ကျရောက်နေခြင်းဖြစ်ပြီး အချိန်မီ မထိန်းချုပ်ပါက ကျန်အကိုင်းများနှင့် ဘေးပင်များသို့ လျင်မြန်စွာ ကူးစက်နိုင်ပါတယ်။ ဦးစွာ မဲခြောက်နေသော ရောဂါရအကိုင်းနှင့် အရွက်များကို ဖြတ်တောက်ပြီး စိုက်ခင်းပြင်ပတွင် မီးရှို့ဖျက်ဆီးပါ။ ထို့နောက် တီဗျူကိုနာဇိုး + ထရိုင်ဖလောက်စီစထရိုဘင် (Tebuconazole + Trifloxystrobin) သို့မဟုတ် အဇိုဇီစထရိုဘင် + ဒိုင်ဖီနိုကိုနာဇိုး (Azoxystrobin + Difenoconazole) ကဲ့သို့ ပင်လုံးပြန့်မှိုသတ်ဆေး တစ်မျိုးမျိုးကို ၇ ရက်မှ ၁၀ ရက်ခြား တစ်ကြိမ်ဖြင့် ၂ ကြိမ်ခန့် အရွက်အောက်မျက်နှာပြင်ပါ မကျန် နှံ့စပ်အောင် ပက်ဖျန်းပေးပါ။ ရောဂါကျနေချိန်တွင် ပုလဲမြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး ပိုတက်စီယမ်ပါဝင်သော အားဆေးကို အသုံးပြုပေးပါ။အပင်ခံနိုင်ရည်ရှိစေရန် ပိုတက်စီယမ် (Potassium) နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သော ရွက်ဖျန်းအားဆေးကို အသုံးပြုပေးနိုင်ပါတယ်။ မှိုဆေးကိုတော့တစ်ကြိမ်လောက်ဖျန်းပြီး ရောဂါဆက်ပြန့်မပြန့်စောင့်ကြည့်နိုင်သလို တစ်ပင်တစ်လေဖြစ်တာမို့ အရင်ကမှိုဆေးလည်းဖျန်းပက်ကာကွယ်ပြီးသားရှိတယ်ဆိုလည်း ဆေးမဖျန်းသေးဘဲစောင့်ကြည့်တာမျိုးလုပ်နိုင်ပါတယ်။ ရောဂါကျအရွက်တွေတော့ အဝေးမှာဖယ်ရှားပေးပေါ့။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 431,556 လွန်ခဲ့သော ၁ နာရီ က

ဖျန်းပေးလို့ရပါတယ်ခင်ဗျာ @Saw Samson

Saw Samson
Saw Samson 178 လွန်ခဲ့သော ၁ နာရီ က

ဒီဆေးနဲ့ဖျန်းလို့ရလား

Saw Samson
Saw Samson 178 လွန်ခဲ့သော ၁ နာရီ က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲ တစ်လနဲ့၂ရက်ပါ ကိုင်းသိပ်မထွက်လို့ Nအချိုးပါတဲ့ရွက်ဖျန်းအားဆေးဖျန်းလို့ရသေးလားဗျ

ဖြေကြားချက် 1 ခု

အပင်အားဆေးဖျန်းပီး၅ရက်ကြာရင်မှိုဆေးဖျန်းလို့အဆင်ပြေနိုင်လားဆရာ အားဆေးကlucky7 +3ပါမှိုဆေးက ဟက်ဇာကိုနာဇိုးပါအား...

ဖြေကြားချက် 2 ခု

ဆေးလှောင်တာတို့ အပူချိန်များချိန်မှာ ec ဆေးမျိုးဖျန်းမိပီး အပင်ညိုးတာမျိုးစို ဘာလိုကုသရမလဲ ဘယ်aiတွေသုံးသင့်လဲ

ဖြေကြားချက် 2 ခု

ဲမိုခါပဲ 37ရက်သားရှိနေပြီ ပွင့်ထွေးမတွေ့ရသေးပါ30ရက်သားလောက်က. ရွှေမိုးငွေမိုး(အား ဆေး)ဖြန်းပြီး3ရက်လောက်နေတော့...

ဖြေကြားချက် 2 ခု

မိုခါမျိုး 37ရက်သား ွ 30ရက်သားလောက်က အားဆေး( ရွှေမိုးငွေမုးိ)3ရက်လောက်ကြာတော့ပုံပိုးသတ်ဆေး ကို အရွက်ကိုက်ပိုး...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။