အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Phyo Wai Linn
လွန်ခဲ့သော ၃ နာရီ က · ဆားလင်းကြီး

ခရမ်းချဉ် ပံ 111 ပျိုးထားတာ 25ရက်သားရှိပီ ရွေ့စိုက်လို့ အဆင်ပြေပီလားဗျ 9 ရက် 10 ရက်နေ့လည်း မိုးရွာနိုင်ခြေရှိတယ်ကြားလို့ မိုးရွာပီးမှ ရွေ့စိုက်သင့်သလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးထစ်ချုန်း
စိုက်ပျိုးနည်း ခရမ်းချဉ်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 430,115 လွန်ခဲ့သော ၂ နာရီ က

@Phyo Wai Linn ခရမ်းချဉ် ပံ ၁၁၁ ပျိုးသက် ၂၅ ရက်သားသည် ရွှေ့ပြောင်းစိုက်ပျိုးရန် အချိန်ကျရောက်ပြီ ဖြစ်သော်လည်း ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ထစ်ချုန်းမိုးရွာနိုင်ခြေရှိပါက မိုးရွာပြီးမှသာ ရွှေ့စိုက်သင့်ပါတယ်။ ရွှေ့စိုက်ပြီးခါစ အမြစ်မစွဲသေးသည့် အပင်ငယ်များသည် မိုးသည်းထန်စွာရွာပါက အပင်ကျိုးပဲ့ခြင်း၊ ရွှံ့ဖုံးခြင်းနှင့် ရေဝပ်၍ ခါးရိရောဂါကဲ့သို့သော မှိုရောဂါများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ခရမ်းချဉ်ပျိုးပင်ကို အသက် ၃၀ ရက်သားခန့်အထိ ပျိုးခင်းတွင် ဆက်ထားနိုင်သဖြင့် မိုးရွာပြီး စိုက်ခင်းမြေအစိုဓာတ် အနေတော်ရှိချိန် ညနေပိုင်းတွင် ရွှေ့စိုက်ခြင်းက အပင်အမြစ်စွဲအား ပိုကောင်းစေမည် ဖြစ်ပါတယ်။ မရွှေ့စိုက်မီ ရေထုတ်မြောင်းများ ကြိုတင်ပြင်ဆင်ထားပါ။ရွှေ့မစိုက်မီ ရက်ပိုင်းအတွင်း ပျိုးခင်းကို အရိပ်လျှော့ချပေးခြင်းနှင့် ရေလျှော့လောင်းခြင်း ပြုလုပ်ပေးထားပါက စိုက်ခင်းသစ်၏ ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။