ဖြေကြားချက် ၃ ခု
@U Win Zaw ဆင်းသုခစပါးသည် သက်လတ်စပါးအမျိုးအစား ဖြစ်သဖြင့် မြေဩဇာကို အချိန်ကိုက်စနစ်တကျ ကျွေးရန် လိုအပ်ပါတယ်။ စိုက်ပျိုးချိန် မြေခံတွင် တီစူပါ အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်ကို မြေခံမှာ ထည့်သွင်းရပါမယ်။ ထို့နောက် အပင်ပွားစီးချိန် (ရွှေ့စိုက်ပြီး ၂၀-၂၅ ရက်) တွင် ယူရီးယား အိတ်ဝက်၊ အနှံသန္ဓေတည် မှို့ကပ်ချိန် (ရက် ၇၀ ဝန်းကျင်) တွင် ယူရီးယား အိတ်ဝက်နှင့် ပိုတက်ရှ် ၊ ပန်းမပွင့်မီ ဖုံးတုံးလုံးတုံးအချိန် (ရက် ၉၀ ခန့်) တွင် ယူရီးယား ကို ပါးပါးပုတ်၍ ကျွေးပေးရပါမယ်။ ဆင်းသုခစပါးသည် အပင်လဲတတ်သဖြင့် ယူရီးယားကို အလွန်အကျွံမကျွေးမိစေရန်နှင့် မြေဩဇာကျဲချိန်တွင် ရေကို ပါးပါးသာ ထားရှိရန် အထူးအရေးကြီးပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@U Win Zaw GW-11 စပါးသည် အထွက်နှုန်းမြင့် စပ်မျိုးစပါး (Hybrid) ဖြစ်၍ အာဟာရ ပိုမိုလိုအပ်သဖြင့် မြေဩဇာကို အချိန်ကိုက် ခွဲကျွေးရပါမယ်။ နောက်ဆုံးသမန်းပြင်ချိန် မြေခံတွင် တီစူပါ အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်၏ တစ်ဝက် ကို ထည့်သွင်းပါ။ ကောက်ပင်လှန်ပြီး အပင်ပွားစီးချိန် (ရွှေ့စိုက်ပြီး ၁၅-၂၀ ရက်) တွင် ယူရီးယား ၃ ပုံ ၁ ပုံ (သို့မဟုတ်) အိတ်ဝက်ခန့်ကို ကွန်ပေါင်းမြေဩဇာနှင့် တွဲဖက်ကျွေးပါ။ စိုက်ပြီး ရက် ၄၅-၅၀ အနှံသန္ဓေတည်ချိန် တွင် ယူရီးယား အိတ်ဝက်နှင့် ကျန်ရှိသော ပိုတက်ရှ် ၂၅ ပေါင်ကို ရောစပ်ကျွေးရပါမယ်။ နောက်ဆုံး အနှံမထွက်မီ ၅ ရက်အလို (ရက် ၆၅-၇၀ ခန့်) တွင် အစေ့အဆန် အောင်မြင်စေရန် ယူရီးယား ကို အပင်အခြေအနေကြည့်၍ ပါးပါးပုတ် ကျွေးပေးရန် လိုအပ်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
လယ်ကျန် စပါးအတွက် မြေခံ ဘာသုံးသင့်ပါသလဲ..
ဖြေကြားချက် 1 ခု
ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ
ဖြေကြားချက် 3 ခု
ph 09760779673 ဂျပန် EM OEM1လီတာ 50000 CEM 1လီတာ 5000 တင်လဲရည် 1လီတာ 3000 အများဈေး သီးသန့်ရှိပါတယ် တခြားအော်ဂဲ...
ဖြေကြားချက် 4 ခု
နွေစပါး ပျိုးခင်းမှာ ပေါင်းသတ်ဆေးသုံးသင့်လား၊ ပေါင်းသတ်ဆေး မသုံးရအောင် ဘယ်လို မြေပြုပြင်သင့်လဲ၊ ပေါင်းသတ်ဆေး...
ဖြေကြားချက် 1 ခု
စပါးများမှာ အနှံဖြူတွေ ထွက်နေပါတယ်ဗျ
ဖြေကြားချက် 1 ခု