အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Htay Lin Aung
Htay Lin Aung 261
လွန်ခဲ့သော ၆ နာရီ က · ဆားလင်းကြီး

ဆရာရေ ခရမ်းချဥ် ပုံတော့မရိုပ်ခဲ့ရဘူးဗျာ အပွင့်တွေကြွေလို့ဆရာ အသီးမတင်လို့ ဆရာ လမ်ညွှန်ပေးပါဦး

စိုက်ပျိုးစီးပွား ခရမ်းချဉ်

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 446,984 လွန်ခဲ့သော ၅ နာရီ က

@Htay Lin Aung အခုချိန်မှာ ပုံပါဆေးဖျန်းလို့ရပါတယ်ခင်ဗျာ။ Ca-B အချိုးများ ဆေးဖျန်းချင်ပါက ဆေးဆိုင်တွေမှာ ကယ်လ်စီယမ်၊ဘိုရွန်အချိုးများများပါရွက်ဖျန်းအားဆေးပေးပါလို့မေးဝယ်တာကအကောင်းဆုံးပါခင်ဗျာ၊ ဆိုင်က‌ထုတ်ပေးပါလိမ့်မယ်ခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Htay Lin Aung
Htay Lin Aung 261 လွန်ခဲ့သော ၅ နာရီ က

ဆရာရေ ညွှန်းပေးပါအုံးဗျ

သော်ဇင်
သော်ဇင် 446,984 လွန်ခဲ့သော ၅ နာရီ က

@Htay Lin Aung အဆင်ပြေပါတယ်၊ သို့ပေမယ့် Calcium နှင့် Boron ပါဝင်မှုက အရမ်းနည်းနေပါတယ်၊အထက်ပါအား ဆေးဖျန်းပြီး ၅-၇ရက်အကြာမှာ Ca,Bအချိုများများပါသည့်ရွက်ဖျန်းအားဆေးလည်းတစ်ကြိမ်လောက်တော့ ဖျန်းပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Htay Lin Aung
Htay Lin Aung 261 လွန်ခဲ့သော ၅ နာရီ က

ဆရာ ပုံပါဆေး အဆင်ပြေလားဗျ

သော်ဇင်
သော်ဇင် 446,984 လွန်ခဲ့သော ၆ နာရီ က

@Htay Lin Aung ခရမ်းချဉ်ပင် အပွင့်ကြွေပြီး အသီးမတင်ရခြင်းသည် အဓိကအားဖြင့် နေ့ညအပူချိန် မြင့်မားလွန်းခြင်း၊ ပုလဲ (နိုက်ထရိုဂျင်) မြေဩဇာ အကျွေးများခြင်းနှင့် အပွင့်ခိုင်မာစေသော ဘိုရွန်၊ ကယ်လ်စီယမ် ဓာတ်များ ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ထို့အပြင် မြေအစိုဓာတ် အခြောက်လွန်ခြင်း၊ ရေဝပ်ခြင်းနှင့် အပွင့်ထဲတွင် လှေးပိုးများ ဝင်ရောက်စုပ်စားခြင်းတို့ကြောင့်လည်း အပွင့်ကြွေစေပါတယ်။ ပြန်လည်ကုစားရန်အတွက် လက်ရှိတွင် ပုလဲမြေဩဇာကျွေးခြင်းကို ခေတ္တရပ်ထားပြီး အသီးအပွင့်အားပေးသည့် ပိုတက်စီယမ် (Potash) များသော မြေဩဇာကို ပြောင်းကျွေးပေးပါ။ အပွင့်တင်အားကောင်းစေရန် ဘိုရွန်နှင့် ကယ်လ်စီယမ် ပါဝင်သော ရွက်ဖျန်းအားဆေးကို ၇ ရက်ခြား တစ်ကြိမ် ဖျန်းပေးရန် လိုအပ်ပါတယ်။ ရေသွင်းရာတွင်လည်း မြေကြီးအမြဲစိုစွတ်နေရုံသာ ထိန်းပေးပြီး အပွင့်ထဲတွင် လှေးပိုးရှိမရှိ စစ်ဆေးကာ ရှိပါက ပိုးသတ်ဆေး ဖျန်းပေးခြင်းဖြင့် အသီးများ ပြန်လည်တင်လာမည် ဖြစ်ပါတယ်။ ရွက်ဖျန်းအားဆေးကို P,Kအချိုးများအားဆေးများသို့မဟုတ် ဘိုရွန်နှင့် ကယ်လ်စီယမ် ပါဝင်သော ရွက်ဖျန်းအားဆေးနှင့် အမိုင်နိုအက်စစ်အားဆေးများတွဲဖျန်းပေးခြင်း တို့ကို အလှည့်ကျဖျန်းပေးရပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။