အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
NYI NYI
NYI NYI 16
လွန်ခဲ့သော ၆ နာရီ က · ရေဦး

အဲ့ဒီခြေနေမှာ အဆီဖိတ်လိုမျိုးဆေးကိုဖြန်းလို့ရလားဗျ

ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 462,402 လွန်ခဲ့သော ၆ နာရီ က

@NYI NYI ပုံထဲက စပါးခင်းဟာ အနှံစုံလင်ပြီး ဝတ်မှုန်ကူးပြီးစ (နို့ရည်တည်ခါစ) အဆင့်ကို ရောက်နေပါပြီ။ ဒီအချိန်မှာ အဆီဖိတ် (Acephate) ပိုးသတ်ဆေးကို ဖျန်းလို့ရပေမဲ့ အခင်းထဲမှာ နှံစုပ်ဂျပိုး၊ ဖြုတ်ပိုး စတဲ့ ဖျက်ပိုးတွေ တကယ်ကျရောက်နေမှသာ ဖျန်းသင့်ပါတယ်။ ပန်းပွင့်ဝတ်မှုန်ကူးနေဆဲ မနက်ပိုင်းအချိန်ကို ရှောင်ကြဉ်ပြီး စပါးနှံလေးတွေ ငုံသွားချိန် ညနေပိုင်း (နေအေးချိန်) မှာ ဖျန်းပေးရပါမယ်။ ဒါ့အပြင် ပင်လုံးပြန့်ဆေးဖြစ်လို့ ဓာတ်ကြွင်းအာနိသင်ကင်းရန်စပါးရိတ်သိမ်းဖို့ အနည်းဆုံး ၁၅ ရက်အထိ လိုသေးမှသာ အသုံးပြုသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။