အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်ထွေး
လွန်ခဲ့သော ၃ နာရီ က · ကျုံပျော်

ဒီပဲပင် ဘာမှိုရောဂါ ကျရောက်နေတာလဲ ပြောပြပေးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
အပင်အာဟာရ မတ်ပဲ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 480,906 လွန်ခဲ့သော ၁ နာရီ က

@ကျော်ထွေး မတ်ပဲရွက်ကြောများကြားတွင် ဖြူဖွေးပြီး အရွက်နားသားများ ခြောက်သွေ့လောင်ကျွမ်းနေခြင်းမှာ သာမန်မှိုရောဂါထက် ပေါင်းသတ်ဆေးဒဏ် (ဆေးမှုန်လွင့်စင်ခြင်း/ဆေးပုံးအကြွင်းအကျန်)၊ ရွက်ဖျန်းဆေး အချိုးအဆများ၍ လောင်ကျွမ်းခြင်း သို့မဟုတ် နေပူရှိန်ပြင်းထန်မှုဒဏ် တို့ကြောင့် ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပါတယ်။ ထို့အပြင် ပဲအဝါရောင် မိုစေ့ဗိုင်းရပ်စ် (MYMV) ပြင်းထန်စွာ ကျရောက်ချိန်တွင်လည်း ယခုကဲ့သို့ ဖြူဖွေးခြောက်သွေ့တတ်ပါတယ်။ အတိအကျသိနိုင်ရန် စိုက်ခင်းဘေးစပ်နှင့် အကွက်လိုက်ဖြစ်ပါက ဆေးလောင်ခြင်းဖြစ်ပြီး တစ်ပင်စီပြန့်ကျဲဖြစ်ကာ အရွက်အောက်တွင် ယင်ဖြူရှိပါက ဗိုင်းရပ်စ်ရောဂါ ဖြစ်နိုင်ပါတယ်။ မလိုအပ်ဘဲ မှိုသတ်ဆေး ထပ်မဖျန်းဘဲ နောက်ထွက်လာမည့် အရွက်နုလေးများ စိမ်းလန်းခြင်း ရှိ၊ မရှိကို ၅ ရက်မှ ၇ ရက်ခန့် စောင့်ကြည့်သင့်ပါတယ်။ဘာဆေးတွေအရင်ကဖျန်းထားသေးလဲပြောထားပေးပါဦး။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။