အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုနိုင်လင်းထက်
လွန်ခဲ့သော ၄၆ မိနစ် က · အုတ်တွင်း

ပွင့်သီးလိုက်နေချိန် အပင်အားဆေးသုံးလို့အဆင်ပြေလားခင်ဗျာ တစ်ချို့အပင်တွေအချိန်လိုနေလို့ပါ တွဖျန်းရင်ရောအဆင်ပြေလားခင်ဗျာ အပင်အားဆေးနဲ့ ပွင့်သီးနဲ့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၈ ရက်
အပင်အာဟာရ မတ်ပဲ
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 475,583 လွန်ခဲ့သော ၃၆ မိနစ် က
ဤအဖြေဖြင့် ပြေလည်

@ကိုနိုင်လင်းထက် မတ်ပဲသက်တမ်း ၃၈ ရက် ပွင့်သီးလိုက်နေချိန်တွင် အပင်အားဆေးနှင့် ပွင့်သီးအားတိုးဆေးကို အတူတွဲဖျန်း၍ ရပါတယ်။ သို့သော် ပွင့်သီးချိန်ရောက်နေပြီဖြစ်၍ အရွက်အညွန့်သာ လိုက်စေမည့် နိုက်ထရိုဂျင် (ပုလဲဓာတ်)အလွန် များသော အပင်အားဆေးကို ရှောင်ကြဉ်ပြီး N,P,K ပါဝင်သော အပင်အားဆေးနှင့် အပွင့်မြဲ၍ အသီးအဆန်ပြည့်စေမည့် ဖော့စဖရပ် (P)၊ ပိုတက်စီယမ် (K) နှင့် ဘိုရွန် (Boron) ပါဝင်သော ဆေးများကိုသာ ဦးစားပေးရွေးချယ်ရပါမယ်။ ဆေးနှစ်မျိုးကို ဆေးဖျန်းပုံးထဲ တစ်ခါတည်းမရောမီ ခွက်ငယ်တစ်ခုထဲတွင် အနည်ထိုင်ခြင်း၊ အခဲဖြစ်ခြင်း ရှိမရှိ အရင်စမ်းသပ်ပြီးမှ နေအေးချိန်တွင် ဖျန်းပက်ပါ။ ထို့အပြင် မြေဩဇာမကျွေးရသေးသည့်အပြင် စိုက်ခင်းထဲတွင် မြက်ပင်များ ထူထပ်နေသဖြင့် အပင်အာဟာရ မလုယူစေရန် ပေါင်းမြက်ရှင်းလင်းပေးနိုင်မယ်ဆိုရင်ပိုကောင်းပါမယ်။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 475,583 လွန်ခဲ့သော ၁၇ မိနစ် က

@ကိုနိုင်လင်းထက် မတ်ပဲပွင့်သီးလိုက်နေချိန်တွင် မြေဩဇာမကျွေးရသေးသည့်အတွက် အပင်အားဆေးအဖြစ် အပင်ဇီဝကမ္မဖြစ်စဉ်ကို အားပေးပြီး အစာချက်လုပ်မှုကောင်းစေမည့် အမိုင်နိုအက်ဆစ် (Amino Acids)၊ ပင်လယ်သို့မဟုတ် ရေမှော်အနှစ် (Seaweed Extract) ပါဝင်သော ရွက်ဖျန်းအားဆေးကို ရွေးချယ်သင့်ပါတယ်။ ပွင့်သီးအားတိုးဆေးအဖြစ်မူ နိုက်ထရိုဂျင် (N) လုံးဝမပါဝင်သော သို့မဟုတ် အနည်းငယ်သာပါဝင်သည့် 0-52-34 (Monopotassium Phosphate) သို့မဟုတ် 13-0-46 (Potassium Nitrate) နှင့်အတူ ပန်းပွင့်မြဲ၍ သန္ဓေအောင်စေရန် ဘိုရွန် (Boron) နှင့် ကယ်လ်စီယမ် (Calcium) ပါဝင်သော ဆေးများကို အသုံးပြုပါ။ အပင်ကိုင်းဖြာမှုနှင့် အရွက်ဖြာထွက်မှု အားနည်းနေပါက ပုလဲဓာတ် (Nitrogen) တစ်မျိုးတည်းများသော ဆေးကို မသုံးဘဲ NPK ညီမျှသော (ဥပမာ - 20-20-20 သို့မဟုတ် 15-15-15) ရွက်ဖျန်းအားဆေးကို0-52-34 (Monopotassium Phosphate) သို့မဟုတ် 13-0-46 (Potassium Nitrate)အစားထိုး အသုံးပြုပေးနိုင်ပါတယ်ခင်ဗျာ။စိုက်ပျိုးရေးဆေးဆိုင်များတွင် အထက်ပါ ပါဝင်ပစ္စည်းများ (Active Ingredients) ပါဝင်သော ပဲပွင့်သီးအားတိုးဆေးများကို မေးမြန်းဝယ်ယူကြည့်ပါ။

ကိုနိုင်လင်းထက်
ကိုနိုင်လင်းထက် 206 လွန်ခဲ့သော ၂၈ မိနစ် က

သင့်တော်မည့် အားဆေးအမည်နှင့်ပွင့်သီးအတွက် ဆေးနာမည်များ ညွှန်ပေးပါခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။