ဖြေကြားချက် ၁၁ ခု
Just ဆိုတဲ့မျိုးကောင်းတယ်ဗျ
ဘယ်မျိုးကကောင်းလဲဗျ ကိုအံ့ထက်ကျော်
ကိုအံ့ ဖြေဆိုပေးတာ ကျေးဇူးပါ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
ပြောရရင် ခုလက်ရှိ op မျိးတောိတော်များများနဲ့ အချို့စပ်မျိုးတွေက ရောဂါ ဒဏ်ခံနိုင်ရည် မရှိကြပါဘူး...
မင်္ဂလာပါ အကို yellow mosis virus ကို ဆေး သုံးပြီး ကာကွယ်တာ ထက် ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးကို အသုံးပြုတာပိုပြီး ကုန်ကျစရိတ် သက်သာနိုင်ပါတယ်....အဆိုပါ virus ကို ကာကွယ်ရန် ၁.virus ရောဂါ ဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြုပါ ( ဥပမာ hybrids F1 မျိုးများ) ၂.အပင်ငယ်စဉ်မှစ၍ အပင်သက်တမ်း တစ်လျှောက် စုပ်စားပိုး အထူးသတိပြုပါ( ယင်ဖြူ လှေး ဖြုတ်) ၃.သဘာဝမြေသြဇာ များများ အသုံးပြုပါ ၄.မှန်ကန်သော ပင်ကြားတန်းကြား ရှိပါစေ ၅.စိုက်ခင်းပတ်ဝန်းကျင်၌ ပိုခိုအောင်းနိုင်သော နေရာများကို ရှင်းလင်းဖယ်ထုတ်ပါ ၆.မလိုအပ်ဘဲ ရွက်ဖြန်းအားဆေးဟိုမုနိးဆေးများ ပို အလွန်အကျွံ အသုံးပြုခြင်းအထူးရှောင်ကျဉ်ပါ
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကြံပြုချက်အတိုင်း လုပ်ကြည့်ပါ့မယ်။
ဟုတ်ကဲ့ပါ။ လူကြီးမင်းရဲ့အပင်ကယင်ဖြူကသယ်ဆောင်လာသောဗိုင်းရပ်စ်ကြောင့်ရွက်ကြောတွေဝါခြင်း(Yellow vein mosaic)ရောဂါဖြစ်နေတာပါရှင့်။Acetamiprid 20SP (တစ်ဧကမှာ ၄၀ဂရမ်)၊ Imidacloprid၊ Trizophos ဆေးတွေကိုအသုံးပြုလို့ရပါတယ်။ ဆပ်ပြာ(ဥပမာ- အမှုန့် ၊ရွှေဝါ)နှင့် တမာဆီ၊မုန်ညင်းဆီတို့ကိုရောပြီးဖြန်းလို့လည်းရပါတယ်။ ထောင်ချောက်သီးနှံအနေနဲ့လည်း တန်းကြားတစ်ကြားဆီမှာထပ်တစ်ရာပန်းများစိုက်ပျိုးရင်လည်း ပိုးမွှားကျရောက်မှုသက်သာစေပါသည်။ မစိုက်ပျိုးခင်ကတည်းက အစေ့ကိုImidaclopridဆေးဖြင့်ကုသမှုကြိုလုပ်သင့်ပါတယ်။ အပင်ကိုImidaclopridဆေးနှင့် တမာဆီရော၍ အသီးမတည်ခင်ထိဖြန်းပေးလျှင်ရောဂါကျရောက်မှုကိုကာကွယ်နိုင်ပါမည်။ ဗိုင်းရပ်စ်ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများစိုက်ပျိုးခြင်းကအကောင်းဆုံးပါပဲရှင့်။အခင်း၏အခြေအနေကိုကြည့့်၍တမာဆီ(သို့)မုန်ညင်းဆီတွေနဲ့ဆပ်ပြာအရောသုံးကြည့်ပြီးမှ ဓာတုဆေးသုံးကြည့်ရန်အကြံပြုချင်ပါတယ်ရှင်။
အပင်ရဲ့အခြေအနေကိုပုံလေးနဲ့တကွဖော်ပြပေးရင်ပိုကောင်းပါလိမ့်မယ်။ အရွက်မျက်နှာပြင်အပေါ်ရောအောက်ရောရဲ့အခြေအနေကို.
ဆက်စပ်မေးခွန်းများ
ရုံးပတီဆေးဖြန်းနည်းအပြည့်အစုံသိချင်လို့ပါ ဆေးအမည်တွေရော
ဖြေကြားချက် 6 ခု
အရွက်တွေကဝါလာတယ် ဘာဖြစ်တာလဲ
ဖြေကြားချက် 6 ခု
ပလက်စတိတ်ဘောင်အုပ်စိုက်နည်းလေးပြပေးကြဘာဆရာတို့ မိုရာသီမှာစိုက်လို့ရလည
ဖြေကြားချက် 3 ခု
ရုံးပတီပင် စိုက်ပျိးနည်းလေးမဆပါခင်ဗျ
ဖြေကြားချက် 2 ခု
ရုံးပတီ အရွက်ဝါ အသီးဝါဖြစ်နေလို့. ဘာဆေးသုံးသင့်လဲ (or) နုတ်ပစ် သင့်လား
ဖြေကြားချက် 7 ခု