ဖြေကြားချက် ၃ ခု
အအ ၊၊4/ (:-)ထဘယ်ါလဘ့ြဘြညဘ
နနွင်းဟာ ချင်း..မိဿလင်.. ဖာလာ ..ဆိပ်ဖူး..မာလာဖူး.. အာဒါလွတ်..သရက်ကင်း တို့နဲ့မျိုးတူပါတယ်။ပင်စည်ကမြေအောက်မှာရှိပြီးအဲဒီကမှအတက်ထွက်တာပါ။ပထမအတက်မှဒုတိယအတက်..ဒုတိယမှတတိယအတက်...စတုတ္ထအတက်ဆိုပြီးဆင့်ကဲဆင့်ကဲထွက်ပြီးအတက်တွေယှက်လိမ်ပွားများနေလိုက်တာအပင်တစ်ပင်မှာအတက်တွေအုံလိုက်ဖြစ်ခါအတွဲလိုက်ရှိနေတာပါ။နနွင်းတက်ဟာမြေထဲမှာရှိနေတာမို့ မြေပြင်တဲ့အခါနက်နက်မွရွနေအောင်ပြုလုပ်ပေးရပါမယ်။မြေစေးမသင့်လျော်ဘဲသဲနုန်းမြေဆိုရင်ပိုကောင်းပါတယ်။မြေကိုကောင်းစွာပြင်ပြီးဆိုရင် ပိုတက်ရှ်မြေသြဇာ..ဖဲဲပြာ..ဖွဲကြမ်းတွေရောမွှေထည့်ပေးရင်အတက်တွေပိုပွားပါတယ်။စိုက်ချိန်က ဧပြီ/မေ လမှာစိုက်ရမှာဖြစ်ပြီး ပင်ကြားxတန်းကြားက ၁ပေx၁ပေ...၁ပေx၆လက္မ ဆိုပြီးမြေအမျိုးအစားပေါ်မူတည်ပြီးစိုက်ကြပါတယ်။သက်တန်းက ၉လ..၁၀လ ရှိပြီး အောက်အရွက်တွေဝါလာရင်နနွင်းတက်တွေကိုတူးဖော်လို့ရပါပြီ။နောက်ကျတူးဖော်ရင်တော့အတက်တွေအရောင်ပြောင်းပြီးမှိုစွဲတာဖြစ်လာနိုင်ပါတယ်။တစ်ဧကမှာ ပိဿာ ၃၀၀၀ မှ ၈၀၀၀အထိထွက်နိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
နနွင်းက ကျေးခြေ မျိုးပါ
ဖြေကြားချက် 1 ခု
နနွင်းအထွက်တိုးအောင်ဘယ်လိုလုပ်ရမလဲ နနွင်းခင်းထဲကပေါင်းတွေဘယ်လိုဆေးမျိုးဖြန်းသတ်ရမလဲ နနွင်းမသေးတဲ့ပေါင်းသတ်ဆေး...
ဖြေကြားချက် 3 ခု
အားလုးံပဲမင်္ဂလာပါ.....နနွင်းအစိုပိဿာ၁၀၀၀၀ဆိုရင်အခြောက်ဘယ်လောက်ထွက်လဲဗျ....
ဖြေကြားချက် 6 ခု
နနွင်းနက်ရောင်းချင်လို့ပါ ဈေးသိချင်ပါတယ် ဘယ်မှာရောင်းလို့ရတယ်ဆိုတာလဲ သိချင်ပါတယါ
ဖြေကြားချက် 3 ခု
လားရိူးအနီးတဝိုက် နနွင်း တက် အခြောက်အသစ် ရောင်း ချင် သောသူများရှိပါသလား။ ဆက်သွယ်ရန် 09444409027
ဖြေကြားချက် 4 ခု