အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၆ နှစ် က · ရေဦး

ကံ့ကော်ပင်စိုက်ချင်လို့ ဘယ်လိုစိုက်ရမလဲ အကြံပေးကြပါဦး

စိုက်ပျိုးနည်း ကြံ
4

ဖြေကြားချက် ၄ ခု

116 လွန်ခဲ့သော ၂ နှစ် က

ကိုင်းကူးနည်းလေး မျှဝေးပေးပါဦးခမျ

80,504 လွန်ခဲ့သော ၅ နှစ် က
406 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျာ

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၆ နှစ် က

[Zawgyi] ကံ့ကော်ပန်းစိုက်တဲ့အခါ မသေဘဲ အမြဲပွင့်စေဖို့နည်း ==================================== ကံ့ကော်ပန်းဟာ ရေသန့်မြေသန့်ကိုကြိုက်ပါတယ်။ ရေသန့်ဆိုတာ သောက်တဲ့ရေသန့်လို့ထင်သွားနိုင်ပါတယ်။ မဟုတ်ပါဘူး။ သန့်ရှင်းတဲ့ရေဆိုတာက ဆပ်ပြာရေတွေရေချိုးတဲ့ရေတွေ လက်ဆေးတဲ့ရေတွေမကြိုက်ပါဘူး။ လို့ပြောချင်တာပါ။ဥပမာလူတွေအယူမှားနေကြတာရှိပါတယ်။ ကံ့ကော်ဆိုတာ ကံကုန်ပင်လားဆိုပြီး အယူအဆ စွဲနဲ့အိမ်ထဲ စိုက်ကောင်းလား။ ဘာညာအတွေးဝင်တတ်ကြပါတယ်။ အဲတာဆို လောကမှာ မသေတဲ့လူရှိမယ်ထင်လား ဥပဒါန်ကြောင့် ဥပဒါန်ဖြစ်စေတတ်ပါတယ်။ စိုက်ကောင်းပါတယ်။ ရှေးစာအုပ်ထဲမှာလည်း မစိုက် ကောင်း တဲ့အပင်လို့မရေးခဲ့ပါဘူး။ နွယ်မြက်သစ်ပင်ဆေးဘက်ဝင်၏ဆိုတဲ့အဆိုဘဲပါတာပါ။ စိုက်တဲ့နေရာမှာ အိမ်ရဲ့ဘယ်နေရာမှာ ဘာပင်ကိုစိုက်ရင်စီးပွားဖြစ်ကျန်းမာရေးကောင်းအဲလိုရေးထားတာဘဲပါတာပါ။ ဘာပင်မှမခိုက်တတ်ပါဘူး စိုက်လို့ရပါတယ်။ စကားစပ်လို့ပြောပါအုန်း။ ခရေပင်လည်းစိုက်လို့ရပါတယ်။ ပြီးတော့ ကံကော်ဆိုတာ မြတ်ဗုဒ္ဓပွင့်တော်မူရာ အပင်ဖြစ်မယ်လို့ ဗျာဒိတ်ပေးထားတာပါ။ ကံ့ကော်မှာ မူလအရောင် အဖြူ ရောင်ပါ။ အိန္ဒိယနိုင်ငံ iron wood ဆိုပီးဆင်းသက်လာတာပါ။ စိုစွတ်တဲ့ နိုင်ငံတွေမှာဖြစ်ထွန်းတယ်လို့တော့ google မှာရေးထားပါတယ်။ အစေ့ကိုလည်း ဆေးဘက်အဖစ်သုံးကြတယ် စက်မှုဘက်လည်းသုံးကြတယ်လို့ဖော်ပြထားပါတယ်။ အသေးစိတ်ကိုတော့ နောင်မှ ကံ့ကော် အစေ့အသား အရွက်အကြောင်းသက်သက်ရေးပေးမယ်။ နောင်တော့ ပန်းရောင်ဆိုပြီး ရှိပါသေးတယ်။ အေးတဲ့ဒေသတွေမှာဆို အရောင်ပြောင်းပါတယ်။ ပန်းရောင်ကို အချစ်colorလို့လည်းခေါ်ကြပါသေးတယ်။ ပန်းရောင် အပင်တွေက အဖြူ ပင်တွေထက်တော့အကြမ်း မခံနိုင်ဂရုစိုက်ရပါတယ်။ အပင်ပုပုလေးနဲ့ပွင့်တာတွေက ကိုင်းဆက်တွေမလို့ပါ။ ကံ့ကော်ဝယ်ရင်အဲတာလည်း သတိထားရမှာပါ။ ကိုင်း ဆက်ပင်လား အစေ့စိုက်လားသေချာမေးပါ။ အစေ့စိုက်စျေး အင်မတန်သက်သာသလို (၄ - ၅ - ၆) နှစ်နေမှပွင့် နိုင်ပါတယ်။ ကိုင်းဆက်ကတော့တန်းပွင့်ပါတယ်။ ရောင်းသူတွေကတော့ ၁၂ရာသီပွင့်တယ် ပြောပေမယ့် တ ကယ်တော့ ၁၂ရာသီတော့ ဘာမျိုး ဘယ်လိုကံ့ကော်ပြောပြောမပွင့်ပါဘူး။ တစ်ခုပါ ကိုင်းဆက်ပင်တွေ ဖြစ်တဲ့ အတွက် တစ်သုတ်နဲ့တစ်သုတ် ပွင့်တဲ့ကြာချိန်ကမစောင့်ရပါ။ ဥပမာ ဒီလပွင့် ပြီးရင် ကြားထဲမှာ တစ်လ နှစ်လ လောက်နားပြီး နောင်တစ်ခါအပွင့်ပွင့်ပါတယ် ၁၂ရာသီမပွင့်ပေမယ့် ကြားထဲမှာတစ်လနှစ်လနားပါတယ်။ဆေး ကောင်းကောင်းနဲ့ ရေသာပုံမှန်လောင်း ဂရုစိုက်ရင်တော့ ၁၂ရာသီ အပွင့်တော့နည်းမှာပေါ့ နေ့တိုင်းပုံမှန်အပွင့် မပြတ်ပါဘူး ။ ကိုင်းဆက်ပင် အဖြူ နဲ့ပန်းရောင်မှာ ပန်းရောင်ပင်က အပွင့်ပွင့်နှုန်း နည်းပေမယ့် သူကရေလေး သာဂရုစိုက်ပေးနိုင်ရင် ၁၂ရာသီကံ့ကော်လို့ပြောလို့ရနိုင်ပါတယ်။ အခုချိန်ထိ အိမ်ကအန်တီ မနက်နိုးတိုင်း ခူးခူးပြီးခေါင်းပေါ်မှာနေ့တိုင်းပန်ဆင်နေတာ ကံ့ကော်ပန်းရောင်ပါ။ ကံ့ကော်ကိုင်းဆက်တွေစိုက်တဲ့အခါမှာအထူးသတိထားရမှာက ဘယ်သူ့ဆီကဘဲဝယ်ဝယ်ဝယ်ပြီးတန်းမြေချ စိုက်ပျိုးတာမပြုပါနဲ့ မြေသြဇာမကျွေးပါနဲ့။ တန်းကိုးဖြတ်ပြီးရောင်းတဲ့အပင်ကို ဝယ်မိတာနဲ့ ကြုံရင် ကိုယ်က မသိဘဲ ကျွေးမိရင် မြေချစိုက်ရင်မြေလုံးကွဲတာတွေဘာတွေကြုံပီး အပင်ကသေတတ်ပါတယ် အကောင်းဆုံးကတော့ လက်တလောအဖူးကိုမမက်ဘဲနဲ့ အပင်သန်တာကိုရွေးဝယ်ပေးပါ။ ဝယ်ပြီးရင် အရိပ်ထဲမှာတစ်လလောက်ရေလေးပုံမှန်လောင်းပေးပါ ရပါတယ်။ ဝယ်လာတဲ့အပင်အိတ်က ကြီးရင် ချမစိုက်ဘဲ တစ်နှစ်လောက်အိတ်ထဲထားရင်လည်း မြေချစိုက်ပြီဆိုရင် မြေသန့်ရေသန့်မှာချစိုက်ပေးပါ။ လွင်ပြင်ထီး ပူလွန်းတဲ့နေရာမှာဆိုရင်အပင်ဟာသေမှာပါ။ မနက်နေရောင်ကာင်းစွာ ရတဲ့နေရာလောက်မှာဘဲစိုက်ပေးပါ ရာသီပြင်းရင်အဖူးမတင်ဘဲ ကြွေကျတတ်ပါတယ်။ ပုရွက်ဆိတ်တွေဟာအဖူးဖူးချိန်မှအနှောင့်အယှက်ပေးတတ်ပါတယ်။ ကျန်တာတော့ ဘာမှမရှိပါ ကံကော်ပွင့်က အပင်အညွန့်တတ်ပြီး ရွက်ရင့်မာသွားချိန်အဖူးလိုက်ပါတယ် အဖူးကကြာတတ်ပါတယ်။အဖူးဘဝမှာ (၁) လလောက်နေရင် အပွင့်ပွင့်လာပါတယ်။ အပွင့်ပွင့်လာချိန်မခူးဘဲဒီတိုင်းထားလိုက်ရင် (၁၀-၂၀)ရက်ကြာတဲ့အခါ ကံ့ကော်သီးအဖြစ်ပြောင်းပါတယ်။ ရက်ကြာလာရင်အခွံကွဲအက်လာပြီးအစေ့အညိုရောင်လေးတွေရရှိမှာပါ။ စိုက်လို့ရပါတယ်။ ရှင်ဖို့နည်းနည်းခက်ပါတယ်။ ကိုင်းဆက်ပင်ကအစေ့ရပြီးပြန်စိုက် ရင်လည်း အဲတာအစေ့စိုက်ပင်အကြီးဖြစ်မှာပါ။ ကိုင်းဆက်ပင်မဟုတ်ပါဘူးနော် နှစ်ကြာမှပွင့်မှာပါ။ ကံကော်ကိုင်းဆက်ကို ထိုင်ဝမ်မျိုး စစ်ကိုင်းမျိုး အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ ထိုင်ဝမ်ဆိုသည်မှာ ကံ့ကော်အစေ့စိုက်ပင်ရဲ့အပွင့်ကသေးပါတယ်။ သူ့ထက်ပွင့်ချပ်တွေ အဖူးတွေကပိုကြီးလို့ မြန်မာမျိုးရင်းထက်ကြီးတာတွေဆို ထိုင်ဝမ်လို့ခေါ်ဝေါ်ကြပါတယ်။ ထိုင်ဝမ်လို့ခေါ်လို့ စျေးပိုရတာမဟုတ်ပါဘူး။ ကိုင်းဆက်ပင်တိုင်းကတော့စျေးပိုကြီးပါတယ်။အပင်ကလသားဘဲရှိသေးတာလား။ ကိုင်းဖြတ်ပြီးတာကြာပြီလား။ မနှစ်ကအပင်ရရင်ပိုကောင်းမယ်နော်ဆိုတဲ့အချက်တွေမေးသင့်ပါတယ်။ အပင်ရဲ့အိတ်ဆိုဒ်ကအကြီးလားအသေးလား အပင်အရွယ်အစားကိုပါမေးရမှာပါ အပင်ပုအဖူးတယ်ဆိုတိုင်း စိတ်ချစွာမဝယ်သေးပါနဲ့အုန်း အိတ်သေး အဖူးပါတယ် အပင်ကသေးနေရင်စျေး ကတော့ ကြီးပြီး သိပ်စိတ်မချရသေးတဲ့အချိန်ဝယ်မိပြီးသေသွားတတ်ပါတယ်။ ဘာမျိုးမလို့ စျေးပိုတယ်ဆိုတာ မရှိပါ။ အကုန်လုံးကကိုင်းဆက်မလို့ အချိန်တန်ရင်အတူတူပွင့်မှာပါ။ အပွင့်ကြီး အပွင့်သေးနဲ့ မျိုးကောင်းအပင် လှတာ မလှတာဘဲကွာသွားမှာပါ။ အပွင့်မပွင့်လို့ ပွင့်အောင်လုပ်တဲ့နည်းတွေလည်းအများအပြားပါ။ တချို့က ထဘီပတ်ပေးကြတယ်တဲ့။ သူ့ အယူအဆနဲ့သူပါ။ အဲ့နည်းကိုညီမကတော့သိပ်သဘောမကျပါဘူး။ တချို့က ဘားပလက် ကြက်ဥခွံနဲ့တခြား ဆေးနည်းတွေကျွေးပါတယ်။ ၁၅ပတ်လည်တွေလည်းကျွေးကြပါတယ်။ ပုလဲကျွေးရင်တော့သတိထားပေးပါ။ ရေတော့နိုင်နိုင်လောင်းပေးပါ။ တစ်ခုကအဖူးဖူးနေချိန် အညွှန့်သစ်ထွက်နေချိန်သွားကျွေးရင်အဖူးတွေ ကြွေ ကျကုန်တာတို့ အညွန့်တွေညိုးကုန်တာတို့ ဖြစ်တတ်လို့ပါ။ ဒါကြောင့်အဲ့အချိန်အားဆေးမကျွေးသေးပါနဲ့အုန်း။ အစေ့ကပျိုးရခက်တယ်အပင်ရှင်နှုန်းနည်းတယ်။ စိုက်တဲ့အခါ အိတ်ထဲမှာထည့်အလုံပိတ်ပြီးထားတဲ့နည်းလည်း ရှိတယ်။ တချို့ကနေပူလှန်းတယ် နည်းတွေကတော့အမျိုးမျိုးပေါ့။စိုက်တဲ့အခါ မြေနေရာဘောင်ကိုအရင်ရှင်း ထားပါ အပင်ကြီးတွေအောက်မှာနေရာယူပါ။ မြေဆွေးကိုလက်နှစ်စစ်စာလာက်ဖြူးထားပါ။ အဲ့အပေါကိုကံ့ကော်စေ့တွေဖြန့်ကြဲပါ။ ပြီးရင်အပေါ်က သဲဖြူးခင်းပါ။ ရေပုံမှန်လောင်းပေးပါ။ တစ်ခုပြောဖို့ကျန်သွားတာက ကံ့ကော်ပန်းရောင်ပင်၊ အဖြူ ပင်ဝယ်တဲ့အခါ အဖူးမပါသေးချိန် ဝယ်ရင်တောင် ဘယ်လိုခွဲရမလည်းဆိုရင် အရွက်ကိုကြည့်ပြီးခွဲပါ။ အဖြူ အရွက်ကသေးသေးရှည်ရှည်လေးပါ။ ပန်းရောင်ရဲ့ အရွက်က အရွက်ကအပြားကြီးကြီး ပုပုပါ အရွက်ကွာပါတယ်။ ခွဲတတ်ပါစေ။ နောင်ကြုံတဲ့အခါ ကံ့ကော်စေ့နဲ့ကံ့ကော်သီးပုံတွေတင်ပါအုန်းမယ်။ မှားကောင်းလည်းမှားနိုင်ပါတယ်။ ပြောတဲ့အချက်တွေ အမှားပါရင်လည်းခွင့်လွတ်နားလည်ပေးပါ။ Credit; မဖူးဖူး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။