ဘယ်စိုက်ပျိုးပင်မစို သီးနံစိုက်ပျိုးရာမှာ ပိုးသတ်ဆေးမဖြန်းပဲ ပိုးမသေစေပဲ ပိုးမကျအောင် နည်းလမ်းများရှိလားဗျ အ...
ဘယ်စိုက်ပျိုးပင်မစို သီးနံစိုက်ပျိုးရာမှာ ပိုးသတ်ဆေးမဖြန်းပဲ ပိုးမသေစေပဲ ပိုးမကျအောင် နည်းလမ်းများရှိလားဗျ အကုန်အကျများချင်များပါစေ
ဘယ်စိုက်ပျိုးပင်မစို သီးနံစိုက်ပျိုးရာမှာ ပိုးသတ်ဆေးမဖြန်းပဲ ပိုးမသေစေပဲ ပိုးမကျအောင် နည်းလမ်းများရှိလားဗျ အကုန်အကျများချင်များပါစေ
ကြိုတင်ကာကွယ်မှုတွေ ဘက်စုံနှိမ်နင်းမှုတွေကိုဂရုတစိုက်နဲ့လုပ်မယ်ဆိုရင် ပိုးကျရောက်ခဲ့ရင်တောင်လျော့နည်းမှာပါ။ ကွင်းဆင်းဂရုစိုက်ဖြစ်နေမယ်ဆိုရင် စောစောသိပြီး ကာကွယ်နည်းတွေနဲ့ ဆုံးရှုံးမှုတွေနည်းပြီပေါ့။ ကျရောက်မှုနည်းပြီး မကျရောက်နိုင်အောင်ပါ။
မဖြစ်နိူင်တာဗျား မြတ်ပင်တောင် ခူးကောင်စားခံရသေးတာ
ကောင်းတာပေါ့ လူကြီးမင်းရေ။ ပိုးမကျအောင် သီးနှံတွေစိုက်ပျိုးမယ်ဆိုကတည်းက ဂရုပြုရမှာပေါ့။ ခံနိုင်ရည်မြင့်တဲ့မျိုးတွေရွေးချယ်စိုက်ပျိုးနိုင်ဖို့လိုမယ်။ မြေမှာဆိုရင်လည်း တစ်ခါတည်း လေဝင်လေထွက်ကောင်းအောင် အာဟာရမြင့်မားအောင် သဘာဝမြေဆွေးတွေနဲ့ပြုပြင်ပေးဖို့တွေလိုတာပေါ့။ မတော်လို့မှ ပိုးမွှားရောဂါများကျရောက်ခဲ့ရင်လည်း သဘာဝပိုးနှင်ဆေးတွေကို ကိုယ်တိုင်ပြုလုပ်ပြီးအသုံးပြုတော့အဆင်ပြေတာပေါ့။ သီးနှံပင်ရဲ့ အဆင့်တိုင်းမှာ လုပ်ပေးရမယ့်ပြုစုစောင့်ရှောက်မှုတွေကို စနစ်တကျ လုပ်မယ်ဆိုရင် လူကြီးမင်းရဲ့သီးနှံခင်းကဓာတုလုံးဝမကင်းလွတ်ရင်တောင် ဓာတုလျော့ကျတဲ့ သီးနှံထုတ်နိုင်မှာပြီပေါ့နော်။ အောင်မြင်ပါစေရှင်။
ဒေသတွင်းရရှိနိုင်သည့် အပင်များကို အသုံးပြုပြီး ပိုးမွှား ရောဂါများ ကာကွယ်နှိမ်နင်းနည်း လင့်ကိုနှိပ်ပီး လေ့လာနိုင်ပါတယ်
ကုန်ကျစရိတ် နည်းနည်းနဲ့ ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ သဘာဝ ပိုးနှင်ဆေး ပိုးသတ်ဆေးတွေ အသုံးပြုလို့ရပါတယ် ခင်ဗျ။ စိုက်ပျိုးရေး ဆေးဆိုင်တွေမှာ ရှိတဲ့ အင်းဆက်ဖမ်းတဲ့ အဝါရောင် ကော်ထောင်ချောက်တွေ အသုံးပြုလို့လည်းရပါတယ် ခင်ဗျ။ လုပ်လို့ရမယ့် နည်းလမ်းတွေကို အစိမ်းရောင်လမ်း ကတင်ပေး ထားပါတယ် ခင်ဗျ။
ဆက်စပ်မေးခွန်းများ
ရေနဲနဲငန်နေလို့ပါဘယ်လိုပြင်လို့ရလဲဗျ
ဖြေကြားချက် 2 ခု
ခရမ်းချဥ်ယိုးထိုးနည်းလေး သိချင်ပါတယ် ခရမ်းချဥ် ဘယ်လောက်ကို သကြားဘယ်လောက်လဲ နူန်းထားလေး သိချင်ပါတယ်
ဖြေကြားချက် 2 ခု
ဘာဆေးသုံးရမလဲ
ဖြေကြားချက် 6 ခု
ကျွန်တေ်ာလုပ်တာ ဒါမျိုးဘဲရတယ် လိုချင်တာက ဒါမျိုးမဟုက်ပါဘူး ???ကူညီကြပါအုံး ရှောက်ပေါင်းအထုက်လေးတေလို အပျော့လေး...
ဖြေကြားချက် 8 ခု
ခရမ်းချဥ်ကို ခုဘိုအချိုးယိုးအစိုမဟုက်ဘဲ တခြား ရှောက်ပေါင်းတေလို အခြောက်ပျော့လေးဖြစ်အောင်လုပ်ရတဲ့နည်းရှိလားဗျာ့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။