အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၆ နှစ် က · ကော့သောင်း

နေပီယာမြက်ကို ရေဘယ်လောက်လောင်းရပါသလဲ ခင်ဗျ မြေဆွေး ကြွေးလို့ရော အဆင်ပြေလား ကော့သောင်းဘက်မှာ စိုက်လို့ ရလား ဗျ...

နေပီယာမြက်ကို ရေဘယ်လောက်လောင်းရပါသလဲ ခင်ဗျ မြေဆွေး ကြွေးလို့ရော အဆင်ပြေလား ကော့သောင်းဘက်မှာ စိုက်လို့ ရလား ဗျ ဖြေပေးပါ ခင်ဗျာ

စိုက်ပျိုးနည်း မြက် (နွားစာ)
2

ဖြေကြားချက် ၂ ခု

2,673 လွန်ခဲ့သော ၆ နှစ် က

မြေနဲရေများလေကောင်လေဘဲ

80,046 လွန်ခဲ့သော ၆ နှစ် က

ကောင်းကျိုးဝေဆာ နေဗီယာ အပိုင်း(1) နေဗီယာမြက်ကို ယခုအခါမြန်မာနိုင်ငံနေရာအနှံအပြားစိုက်ပျိုးလာကြပြီဖြစ်ပါတယ် နေဗီယာမြက်ကို နေရာဒေသအလိုက်ပုံစံအမျိုးမျိုးစိုက်ပျိုးလာကြပါတယ် စနစ်တကျစိုက်ပျိုးနိုင်မသာအထွက်နှုန်းကောင်းပြီးမိမိလိုချင်တဲ့ရည်မှန်ချက်ကို ရရှိနိုင်မှာဖြစ်သလိုဆုံးရှုံးမှုလည်းနည်မှာဖြစ်ကြောင်းသတိပြုစရာဖြစ်လာကြပါသည် နေဗီယာမြက်စိုက်မယ်ဆိုရင်ပထမဆုံးပြုလုပ်ရမှာက မြေကိုထွန်ပါ ၂စပ်ဆို အနေတော်ပါပဲ ထွန်ပြီးသားမြေကို ကြိုးနဲ့တန်းပြီးစိုက်ပါ တစ်ပင်နဲ့တစ်ပင်ကို ၃ပေကနေ ၄ပေအထိအကွားဝေးထားလို့ရပါတယ်ဒါပေမဲ့အစိုက်အများဆုံးက တော့ ပင်ကြား၃ပေ တန်းကြား၃ပေစနစ်နဲ့အစိုက်များကြပါတယ် ဒါမသာ ပင်ပွားထွက်လာချိန်မှာ အခင်းထဲလူသွားလာလို့ ရမှာဖြစ်သလို ခုတ်ထွင်ရိတ်သိမ်းရမှာလည်းလွယ်ကူပါလိမ့်မယ် စိုက်ပျိုးရန်အကောင်းဆုံးအချိန်ကတော့ နှစ်တစ်နှစ်မှာ နှစ်ကြိမ်ရှိပါတယ် ပထမနှစ်ဦးပိုင်း မိုးဦးမကျမီ4/5/6 နှင့် မိုးကုန်ခါနီး9/10/11 လပိုင်းများပဲဖြစ်ကြပါတယ် ရေပေးစနှစ်ကတော့ ဖြန်း အစက်ချ ဒလက် ရေသွင်း စသဖြင့် မိမိအဆင်ပြေသလိုအသုံးပြုလို့ရပါတယ် နေဗီယာမြက်ဟာရေကြိုက်ပေမဲ့အပင်ရင်းရေဝပ်တာကို မကြိုက်ပါဘူး မကြိက်ဖူးဆိုပြီးအပင်သေတာတော့ မဟုတ်ပါဘူးဒါပေမဲ့ရေဝပ်ရင် အပင်ပွားနှုန်ကျပါတယ် ဒါဆို အထွက်နှုန်းကျပါပြီဒီလို အခြေနေမ်ျိုးဖြစ်လာခဲ့ရင် အတန်းလိုက်မစိုက်ခဲ့သူကအဆင်မပြေတော့ ပါဘူး အတန်းလိုက်စိုက်ခဲ့သူကတော့ အပင်ရင်းကိုအတန်းလိုက်ဘောင်တင်ပေးလိုက်ခြင်းနဲ့ဖြေရှင်းလို့ ရပါပြီဘောင်တင်လို့ မြောင်းထဲရေဝပ်နေပေမဲ့အပင်ရင်းရေမဝပ်တော့ ထွက်နှုန်းမကျတော့ ပြသနာမရှိတော့ပါဘူး မိုးကာလမှာ ကာလရှည်ရေဝင်သောဒေသတွေမှာတော့ တာဘောင်ရိုးတွေမှာစိုက်ပျိတာပိုကောင်းပါတယ် ကုန်းမြင့်တောင်တန်းတွေမှာစိုက်မယ်ဆိုရင် မြေက ထွန်ဖို့အဆင်မပြေနိုင်ပါဘူး စိုက်မဲ့မြေကို ခုတ်ထွင်ရှင်းလင်းပြီ အတန်းလိုက်တွင်းတူးစိုက်ပျိုးခြင်းလည်းပြုလုပ်လို့ရပါတယ် နေဗီယာမြက်က အကြမ်းခံပြီးဒေသမရွေးစိုက်ပျိုးဖြစ်ထွန်ပါတယ် ခုပြောပြတဲ့စိုက်ပျိုးပံစံက မြေလတ်ဒေသ နဲ့မိုးများရေဝပ်ဒေသတွေအတွက် အဆင်ပြေပေမဲ့မိုးနည်းအပူပိုင်းဒေသကတော့ ရေမပေးနိုင်ရင်အဆင်မပြေပါဘူး ဒါဆို လည်းစိတ်မညစ်ပါနဲ့ အပူပိုင်းမိုးနည်းဒေသက ညီအကိုတွေအနေနဲ့မစိုက်ခင်ထွန်ပါ ပြီးရင် ထွန်ပြီးသားမြေမှာ စိုက်မဲ့နေရာကို ထွန်သားမြေကိုဖယ်ပြီးတွင်းတူးပါ မြက်မျိုးကို လည်းပျိုးထားပါ မိုးရွာပြီဆိုတာနဲ့တူးထားတဲ့တွင်းထဲပျိုးပင်ထည့်ပြီးစိုက်ရုံပါပဲ မိုးနဲဒေသတွေမှာတော့ မိုးဦးရာသီနဲ့မိုးတွင်းစိုက်ပျိုးတာပိုကောင်းပါတယ် နွေရာသီရေရှားလို့ ရေမပေးနိုင်လည်းပြသနာမရှိပါဘူးအထွက်နှုန်းနည်းသွားတာပဲရှိပါလိမ့်မယ် အပင်မသေပါဘူး ဒီတော့ နွေရာသီတိရိစ္ဆာန်စာအတွက် ဘယ်လို လုပ်ကြမလဲဆိုရင် မိုးတွင်းမှာနေဗီယာမြက်က အထွက်နှုန်အရမ်းကောင်းနေတော့ ကျွေးမကုန်ဖြစ်နေပါလိမ့်မယ် အဲ့ဒိကျွေးမကုန်တဲ့မြက်တွေကိုလည်းရိပ်သိမ်းပါ ပြီးရင်မြက်ချဉ်ဖတ်ပြုလုပ်ထိန်သိမ်းထားမယ်ဆိုရင်နွေတိရိစ္ဆာန်အစာအတွက်ပူစရာမလိုတော့ပါဘူးမြက်ချဉ်ဖတ်ပြုလုပ်နည်းကတော့ ပညာရှင်များက ပြောပြပြီးသားဖြစ်လို့ ထပ်မရေးတော့ပါဘူး ရိပ်သိမ်းချိန်အထူးသတိပြုရမှာကအပင်ရင်းကနေ ကပ်ပြီးခုတ်တာက ရိတ်တဲ့အပင်ထက် အထွက်နှုန်းပိုပါတယ် ပြီးတော့အပင်သစ်က မြေအောက်ကထွက်ရတော့ အပင်လည်းပိုကြီးပြီအပင်ကြီးနှုန်းလည်းပိုမြန်ပါတယ် နေဗီယာမြက်ရဲ့ထူးခြားချက်က အပင်ရဲ့အရှည်နှုန်းက တစ်ရက်ကို တစ်လက်မထိ ရှိတာ လက်တွေဖြစ်ပါတယ် ကိုက မြက်စိုက်မယ်ဆိုရင် မြေကို ထွန်ပြီးသွားရင် ရေချက်ချင်းပေးနိုင်မသာစိုက်ပါ မြေအစိုဓတ်ကလည်းနည်းမယ် ရေကလည်းချက်ချင်းမပေးနိုင်ဘူးဆိုရင် အကောင်းဆုံးက မျိုးပင်ကို ထောင်ထားပြီးရေလောင်းပေးပါ ပျိုးထားတဲ့သဘောပါ ၁၀ရက်လောက်နေရင် အပင်က အမြစ်ထွက်လာသလို အပင်သစ်ကလည်းစထွက်နေပါပြီဒီအချိန်ချစိုက်ရုံပါပဲ အပင်သစ်စထွက်နေပြီဆိုတော့ မျိုးပင်ကို အကုန်လုံးမြေထဲမြှုတ်ပြီးအပင်သစ်ကို မြေပေါ်ဖော်ထားလိုက်ပါ ပြီးမရေပေးအဆင်ပြေပါလိမ့်မယ် နေဗီယာမြက်စိုက်ခင်းမှာ လုံးဝမသုံးသင့်တဲ့ဆေးတစ်မျိုးကတော့ ပေါင်းသတ်ဆေးပါ ဆေးဖြန်းတာမဟုတ်ပေမဲ့ဆေးငွေထိတာနဲ့တင်အပင်သေတာတွေ့ရဖူးပါတယ် ဒါဆိုရင်မြက်ခင်းထဲက မြင်မဟုတ်တဲ့ပေါင်းပင်တွေကပြသနာဖြစ်လာပါပြီ ဒီအခြေနေကို ကျော်လွားဖိုကလည်းသိပ်မခက်ပါဘူးအပင်ကြားမဟုတ်ပဲအတန်းကြားကိုသာသည်းသန့် ဘောင်တင်ပေးရင်ပေါင်းပင်ကမြေသြဇာပြန်ဖြစ်ပါပြီ တစ်ကြိမ်ဘောင်တင်ပေးခြင်းက အပင်ရင်းမြေအောက်ရောက်သွားသလိုအပင်ပွားနှုန်းလည်းပိုကောင်းပြီးအပင်ပိုသန်ပါတယ် ဘောင်တင်ပြီးမ ထပ်ထွက်လာတဲ့ပေါင်းပင်ကတော့ နေဗီယာမြက်ကို ဘယ်လိုမ မနိုင်တော့ပါဘူး ဘယ်အပင်မဆို မြေသြဇာကြိုက်ပါတယ် နေဗီယာခင်းကိုလည်းမြေသြဇာကျွေးသင့်ပါတယ် ဓတ်မြေသြဇာထက် ကျွဲချေးနောက်ချေးဆိတ်ချေးက ပိုကောင်းပါတယ် ၁နှစ်တစ်ကြိမ်ဘောင်တင်ပေးခြင်က အပင်သက်တန်းပိုပြီးကြာစေသလို အထွက်နှုန်းလည်းပိုကောင်းလာပါလိမ့်မယ် အသေးစိတ်သိရှိလိုသူများအနေနဲ့သော်လည်းကောင်းမျိုးပင်လိုအပ်နေသူများအနေဖြင့်သော်လည်းကောင်းအောင်ပါအတိုင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြပါသည် ကိုရဲနိုင်စိုး နေပြည်တော် 09771250335 09691925013

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။