အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၆ နှစ် က · အုတ်ဖို

နေပီယာမြက် စိုက်ပျိုးနည်းလေး ပြောပြကြပါခင်ဗျာ

စိုက်ပျိုးနည်း မြက် (နွားစာ)
1

ဖြေကြားချက် ၁ ခု

80,046 လွန်ခဲ့သော ၆ နှစ် က

"နေပီယာမြက်စိုက်ပျိုးနည်း" ********************* အင်္ဂလိပ်အမည် - Napier grass, Elephant gress သိပ္ပံအမည် - Pennisetum Purpureum မျိုးရင်းအမည် - Poaceae "မူရင်းဒေသ" နေပီယာမြက်၏ မူရင်းဒေသမှာ အာဖရိကအလယ်ပိုင်းဒေသဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးသည်။ "ရာသီဥတု" နေပီယာမြက်သည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသများတွင် သွင်းရေအနည်းငယ်ရှိရုံဖြင့် စိုက်ပျိုးနိုင်သောမျိုးဖြစ်သည်။ "မြေအမျိုးအစား" နေပီယာမြက် စိုက်ပျိုးဖြစ်ထွန်းရန် လယ်မြေတွင် မြေအသင့်အတင့် ကောင်းမွန်ရန် လိုအပ်ပြီး ယာမြေတွင် မြေကောင်းဖြစ်နေရန်လိုအပ်ပါသည်။ "မျိုးပွားခြင်း" နေပီယာမြက်ပင်ကို အပင်ပိုင်းမျိုးပွားနည်းဖြင့်သာ စိုက်ပျိုးနိုင်ပါသည်။ မျိုးပွားပိုင်းများကို အသုံးပြုရန်အတွက် စိုက်ပြီး (၃-၄)လ သက်တမ်းရှိသော ပင်စည်များ၏ အလယ်ပိုင်းကိုသာ ရွေးချယ်သင့်ပါသည်။ "စိုက်ပျိုးခြင်း" နေပီယာမြက် စိုက်ပျိုးရန် ထယ်၁စပ်၊ ထွန်၁စပ်မွှေရပါမည်။ (ပင်ကြား၊တန်းကြား) အကွာအဝေး (၃'×၃') ထား၍စိုက်ပျိုးနိုင်ပါသည်။ မိုးရာသီတွင် စိုက်ပျိုးပါက အဆစ်(၂)ဆစ်ပါသော အပင်ပိုင်းများကို အဆစ်(၁)ဆစ်ကို မြေတွင်မြှုပ်ပြီး ကျန်(၁)ဆစ်ကို မြေမျက်နှာပြင်နှင့် ထိအောင်ထား၍ စိုက်ပျိုးရပါမည်။ ခြောက်သွေ့သောရာသီတွင် စိုက်ပျိုးပါက အပင်ပိုင်းများကို စိုက်ကြောင်းအတွင်း လှဲချ၍ မြေဖုံးစိုက်ပျိုးနိုင်ပါသည်။ နေနပီယာမြက်သည် စိုက်ပြီး (၃၀) အတွင်း ပေါင်းမြက်ကင်းစင်စေရန် ထယ်ညှပ်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ အပင်စိုက်ပြီး (၁)လ သားတွင် တစ်ဧကလျှင် ပုလဲ(၅၀) ကီလိုဂရမ်နှုန်း ထည့်သွင်းပေးရပါမည်။ နွေရာသီတွင် မြေအမျိုးအစားနှင့် နေရာဒေသလိုက်၍ ရေသွင်းပေးရန် လိုအပ်ပါသည်။ "ရိတ်သိမ်းခြင်း" နေပီယာမြက်ကို စိုက်ပြီး(၆၀-၇၅)ရက်သားတွင် ပထမအကြိမ် ရိတ်သိမ်းနိုင်ပြီး (၃၀-၄၅)ရက်ခြား၍ အကြိမ်ကြိမ်ရိတ်သိမ်းနိုင်ပါသည်။ တစ်နှစ်လျှင် (၆-၈) ကြိမ်အထိ ရိတ်သိမ်းနိုင်ပြီး ပင်ပွားများရစရန်အတွက် မြေပြင်ကပ်၍ ရိတ်သိမ်းရပါသည်။ "အထွက်နှုန်း" နေပီယာမြက် တစ်ဧကမှ တစ်နှစ် အစို (၁၇၅)မက်ထရစ်တန်ထွက်ရှိနိုင်ပြီး အခြောက်(၂၅)မက်ထရစ်တန်အထိ ထွက်နိုင်ပါသည်။ "အသုံးပြုပုံ" နေပီယာမြက်ကို တိရစ္ဆာန်အစာအဖြစ်အစိုထိန်းသိမ်းခြင်း၊ အခြောက်ထိန်းသိမ်းခြင်း၊ လွှတ်ကြောင်းခြင်း၊ ခုတ်ယူကျွေးမွေးခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ "နေပီယာမြက်၏ အကျိုးကျေးဇူးများ" *နေပီယာမြက်သည် အာဟာရဓာတ်ပါဝင်မှုမြင့်မားပြီး အပင်ကြီးထွားပွားများမှု မြန်ဆန်သဖြင့် လုံလောက်သောအထွက်ကို ရရှိနိုင်ပါသည်။ *ပိုးမွှားရောဂါဒဏ် ခံနိုင်ရည် ရှိပါသည်။ *အပင်သက်တမ်း (၅-၆) နှစ်အထိရှိပြီး တစ်ကြိမ်စိုက်ပျိုးခြင်းဖြင့် အကြိမ်များစွာ ရိတ်သိမ်းနိုင်ပါသည်။ *တစ်ဧကစိုက်ပျိုးထားလျှင် နွား(၁၅)ကောင်အတွက် လုံလောက်ပါသည်။ *စိုက်ပျိုးရေးထုတ်ကုန်အဖြစ် ပိုလျှံသော ကျွဲ၊နွားစာကို ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိနိုင်ပါသည်။ Credit to Agriculturist

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။