ဖြေကြားချက် ၃ ခု
ကျေးဇူး
ဆာလ်ဖာသည်အပင်အတွက်လိုအပ်ပါသည်.ဆာလ်ဖာအလိုအပ်ဆုံးသီးနှံများမှာ..ဂေါ်ဖီ.ပန်းမုံလာ..ကြက်သွန်နီ.. မုန်လာဥ..နဲ့ ကညွတ်တို့ဖြစ်ပါတယ်။အသင့်တင့်လိုအပ်သောသီးနှံများမှာ..ပဲမျိုးရင်းဝင်အပင်များ..ဝါဂွမ်း..နဲ့ဆေးရွက်ကြီးတို့ဖြစ်ပါတယ်။ဆာလ်ဖာသည် နိုက်တြိုဂျင်,ဖော့စ်ဖိတ်,ပိုတက်ရှ် တို့လိုအပင်ကများစွာမလိုအပ်ပါဘူး.ဆာလ်ဖာများလျှင်အပင်များသေနိုင်ပါတယ်/မြေဆီလွှာကိုအက်စစ်ပိုမိုဖြစ်စေတယ်။မြေစေးများတွင်ဆာလ်ဖာဆွဲကပ်မှုပိုများတယ်.ဒါကြောင့်စပါးခင်းတွေမှာ ကန့်(ဆာလ်ဖာ)အဆိပ်သင့်မှုတွေဖြစ်နေတာပေါ့။ဆာလ်ဖာကိုမိုးရေကတဆင့်ရနိုင်ပါတယ်.စက်ရုံများနဲ့နီးတဲ့ဒေသတွေမှာဆာလ်ဖာကိုမိုးရေမှတဆင့်အပင်များလိုအပ်တာထက်ပိုမိုရရှိနိုင်ပါတယ်။
ဆာလဖာ(S) ကို အပင်ရဲ့ အမိုင်နိုအက်ဆစ်တွေ၊ပရိုတိန်းတွေနဲ့ ကလိုရိုဖီးလ်တွေထုတ်လုပ်မှုမှာ လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် အပင်တွေမှာ ကန့် လိုအပ်ချက်က နိုက်ထရိုဂျင်ရဲ့ ဆယ်ပုံတစ်ပုံသာ ရှိပေမယ့် သူချို့တဲ့ရင်တော့ အပင်ကြီးထွားမှုနဲ့ အထွက်နှုန်းကို နိုက်ထရိုဂျင် လိုပဲ သိသိသာသာ ထိခိုက်ပါတယ်။ ဆာလဖာ ဟာ အပင်အတွင်းလှည့်လည်ပြီးမရွေ့နိုင်ပါဘူး။ (နိုက်ထရိုဂျင်လို အရွက်ရင့် တွေက နေရွက်နုတွေဆီမပို့နိုင်လို့ အရွက်ရင့်တွေက စိမ်းမြဲစိမ်းနေပါတယ်) ဒါ့ကြောင့် မျိုးစေ့ပေါက်ချိန်ကနေ ရင့်မှည့်ချိန်ထိ အဆက်မပြတ်လိုအပ်ပါတယ်။ အပင်ရဲ့ ဘယ်အဆင့်မှာမဆို ဆာလဖာချို့တဲ့ခဲ့ရင်သီးနှံအထွက်နှုန်းကို ထိခိုက်ပါတယ်။ Credit - Aung Ko Latt (Facebook)
ဆက်စပ်မေးခွန်းများ
ကွန်းပေါင်းတစ်မျိုးထဲကျွေးတာနဲ့ကိုယ့်ဟာကိုယ်နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ပိုတက်ဆီယံ၃မျိုးရောကျွေးတာဘယ်ဟာကအာနိသင်ပို...
ဖြေကြားချက် 4 ခု
ပုသိမ်မှာဗမာသံပုရာသီးဘယ်ဈေးရှိလဲဗျို့
ဖြေကြားချက် 4 ခု
ဗမာသံပုရာသီးဈေးကွက်သိချင်လို့ပါ
ဖြေကြားချက် 5 ခု
ပင်စည်နှင့်ကိုင်းများမှာမှိုဆွဲပြီးတဖြည်းဖြည်း ကိုင်းခြောက်သွားတယ် ဘာဆေးဖြန်းရမလဲရှင့်
ဖြေကြားချက် 5 ခု
သံပုရာပင်က အပွင့်ပွင့်ပြီး ကြွေကုန်တယ် အသီးလဲ မတင်လို့ ဘာကြောင့်လဲသိချင်ပါတယ် စိုက်ထားတဲ့နေရာက ရေများတဲ့နေရာ...
ဖြေကြားချက် 1 ခု