အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)

တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)

AMIA
AMIA • 23/10/2026

အိန္ဒိယနိုင်ငံသို့ တင်ပို့နေသည့် ပို့ကုန်ပဲများသာမက ပြည်တွင်းစားသုံးမှု များသည့် ပဲအချို့လည်း ဈေးကျဆင်းနေသည်။ သို့သော် ဆီထွက်သီးနှံဖြစ်သော နှမ်းမှာ ယခုရက်သတ္တပတ်တွင် ပြည်တွင်း၊ ပြည်ပ ဈေးအပြောင်းအလဲများ ရှိလာသည်။

ဈေးကျဆင်းလာသည့် မတ်ပဲ

ယခုရက်သတ္တပတ်တွင် မတ်ပဲမှာ ပြည်တွင်းဈေးသာမက ပြည်ပသို့ ရောင်းချသည့် FOB ဈေးပါ ကျဆင်းလာသည်။

မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်ပဲ FOB ဈေးမှာ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဈေးကျသွားသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၉၀၀- ၉၁၀ မှ ၈၈၀- ၈၉၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၈၀- ၉၉၀ မှ ၉၆၀- ၉၇၀ သို့ ဈေးပြောင်းသွားသည်။

အိန္ဒိယဈေးကွက်တွင် ပွဲတော်ရက်များအပြီး စားသုံးသူများ ဝယ်အားပျော့ခြင်း၊ ပဲခွဲစက်သမားများ၏ ဝယ်လိုအား နည်းပါးခြင်းနှင့် မတ်ပဲအသစ် ဈေးကွက်အတွင်း ဝင်ရောက်လာမည့် မျှော်လင့်ချက်တို့က မြန်မာ့မတ်ပဲ FOB ဈေးကို လျော့နည်းလာစေသည်။ ထို့ကြောင့် ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲ FOB ဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၉၅ မှ ၈၇၀ ဝန်းကျင်၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၇၀ မှ ၉၄၅ သို့ ဈေးပြောင်းသွားသည်။

မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်ပဲ ပြည်တွင်းဈေးမှာ မတ်ပဲ တစ်တန်လျှင် ကျပ် ၈၀,၀၀၀ ကျော် ဈေးကျဆင်းသွားသည်။ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၇၂၅,၀၀၀ မှ ၃,၆၄၁,၀၀၀ သို့ ဈေးပြောင်းပြီး မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၄,၀၀၅,၀၀၀ မှ ၃,၉၀၁,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေး ဆက်ကျနေသည့် ပဲစင်းငုံ

မြန်မာနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံ ပြည်တွင်းဈေး ဆက်ကျနေသော်လည်း ပြည်ပဈေး ငြိမ်နေသည်။ အိန္ဒိယနိုင်ငံအတွင်း စားသုံးသူများ၏ ပဲစင်းငုံ လိုအပ်ချက် နည်းလာသဖြင့် ဈေးမှာလည်း အနည်းငယ် ကျလာသည်။

မုတ်သုံကာလ မိုးရေရရှိမှု လျော့နည်းသဖြင့် အိန္ဒိယနိုင်ငံအတွင်း ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းသည်ဆိုသည့် ခန့်မှန်းချက်များ ရှိနေသော်လည်း လက်တလော ဝယ်လိုအား ပျော့သွားခြင်းက ရေတိုကာလ ပဲစင်းငုံဈေးကို အားပျော့မှု ဖြစ်လာစေသည်။

ထို့ကြောင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ FOB ဈေးမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၉၇၀ မှ ၉၄၅ သို့ ဈေးပြောင်းသွားသည်။

မြန်မာနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံ FOB ဈေး ငြိမ်နေသော်လည်း ပြည်တွင်းဈေးမှာ ပဲတစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော် ဈေးကျဆင်းသည်။

ယခုရက်သတ္တပတ် ပဲစင်းငုံ FOB ဈေးမှာ ပဲစင်းငုံ (နီ) အဟောင်း တစ်တန်လျှင် ဒေါ်လာ ၉၁၀- ၉၂၀၊ ပဲစင်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၉၄၀- ၉၅၀ ဖြင့် ဈေးငြိမ်နေသည်။

ပြည်တွင်း ပဲစင်းငုံဈေးမှာ ပဲတစ်တန်လျှင် ကျပ် ၄,၀၁၀,၀၀၀ မှ ၃,၈၈၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) ဈေးမှာ တစ်တန်လျှင် ကျပ် ၃,၈၉၀,၀၀၀ ကျော်မှ ၃,၇၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပဲကြီး ဈေးကျ

ပြည်တွင်း အဓိက စားသုံးသည့် ပဲကြီးမှာ အမျိုးအစားအလိုက် ဈေးအားပျော့လာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲကြီး ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၆၀ ဈေးကျလာသည်။

ပဲကြီး FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂,၀၇၀ - ၂,၀၈၀ မှ ၂,၀၁၀ - ၂,၀၂၀ သို့ ဈေးပြောင်းသွားသည်။ ပြည်တွင်း ပဲကြီးဈေးမှာ ပဲကြီးကုန်း (၂၀၂၆ ခုနှစ် ထွက်သစ်) တစ်ပိဿာလျှင် ကျပ် ၁၂,၁၇၀ - ၁၂,၅၂၅၊ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၁၃,၈၀၅ - ၁၄,၁၆၀ ဈေးဖွင့်သည်။

ပဲကြော်၊ ပဲလှော် လုပ်ငန်းများအပါအဝင် ဝယ်လိုအား ပုံမှန်အခြေအနေသာ ရှိခြင်းကြောင့် မန္တလေးဈေးကွက်တွင် ပဲကြီး အမျိုးအစားအချို့ ဈေးအားပျော့လာသည်။ ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၈,၄၇၀,၀၀၀ ကျော်မှ ၈,၃၁၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၈,၀၀၀,၀၀၀ ကျော်၊ ပဲကြီး (သေး) တစ်တန်လျှင် ကျပ် ၇,၅၃၀,၀၀၀ ကျော် ဈေးဖွင့်သည်။

ဈေးအပြောင်းအလဲ မတူသည့် နှမ်း

တရုတ်နိုင်ငံ၏ ဝယ်လိုအား ပြန်လည်အားပျော့လာခြင်းနှင့်အတူ နှမ်းနက် (စမုံ) ဈေး အနည်းငယ် ကျလာပြီး ကျန်နှမ်းအမျိုးအစားများမှာ ပြည်တွင်းဈေး ငြိမ်နေသည်။

လက်ရှိ ရန်ကုန်ဈေးကွက်တွင် နှမ်းဖြူနှင့် နှမ်းညို FOB ဈေး ဆက်လက် မြင့်တက်နေသော်လည်း နှမ်းနက် (စမုံ) ဈေး ငြိမ်နေသည်။ နှမ်းဖြူ FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၁,၆၀၀ - ၁,၆၁၀ မှ ၁,၆၅၀ - ၁,၆၆၀၊ နှမ်းညို တစ်တန်လျှင် ဒေါ်လာ ၁,၅၅၀- ၁,၅၆၀ မှ ၁,၆၀၀ - ၁,၆၁၀ သို့ ဈေးပြောင်းသွားသည်။ နှမ်းတစ်တန်၏ FOB ဈေး ဒေါ်လာ ၅၀ ဈေးတက်လာခြင်း ဖြစ်သည်။ သို့သော် နှမ်းနက် (စမုံ) မှာ တစ်တန်လျှင် ဒေါ်လာ ၁,၈၈၀/၁,၈၉၀ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် ပြည်တွင်းနှမ်းဈေးမှာ နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၄၀၀,၀၀၀ ကျော် ဈေးကျဆင်းသွားသည်။ နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၈,၉၈၀,၀၀၀ ကျော်မှ ၈,၅၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ နှမ်းဖြူ (ဂျပန်) က တစ်တန်လျှင် ကျပ် ၇,၃၄၀,၀၀၀ ကျော်၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ် ၇,၀၀၀,၀၀၀ ကျော် ဈေးဖွင့်သည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မက်ပဲပင်၂၀ရက်သားမှာရွှေနဂါးအပင်အားဆေးနဲ့တွဲဖျန်းလို့ရမယ့်မှိုဆေးကိုပြောပြပေးပါ

Aung Lin Oo • ဖြေကြားချက် 1 ခု

ဖော်ကျွန်းဖော်ဝမ်းကိုမတ်ပဲဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲ အညွှန်းထဲမှာဆေးဖျန်းရက်မတူကြဘူး

Sawsamson • ဖြေကြားချက် 3 ခု

မြင်းကျားမှထုတ်လုပ်တဲ့ နှမ်းရွေးရှယ်ဟာဘီရှင်း30စီစီ+မက်ဂါမန်းနီး20ဂရမ်ကိုရေ4ဂာလံဝင်ဆေးပုံးစက်ဖြင့်ဖျန်းပတ်လိုက်တာအခုလိုဖြစ်သွားအပုံထဲကအတိုင်းပဲတစ်ခင်းလုံးပဲအကြယ်ဝန်းကတော့2ဧကရှိပါတယ်ဖြေဆေးသို့မဟုတ်ပြုပြင်ရန်နည်းလမ်းများညွှန်ကြားပေးပါအုံး

ငုဝါ • ဖြေကြားချက် 2 ခု

ပဲ 15ရက်သား မှာQuizalofop-P-ethyl ပေါင်းဆေး ဖြန်းထားပါတယ် ခုက 1.Humic acid 2.ငါးအမိုင်နို 3.LAB 4.တမာ ပိုးသတ်ဆေး တို့ကို ဘယ်အမျိုးအစားကရောဖြန်းလို့ရပြီး ဘယ်အမျိုးအစားက ဘယ်လောက်ရက်ခြား ဖြန်းရမလဲ ဘယ်ဟာ အရင်ဖြန်းသင့်လဲ သိချင်ပါတယ် ခင်မျ

Thiha • ဖြေကြားချက် 1 ခု

အပင်သည်အရွက်သည်အဖျားချစ်ပြီးအားနည်းသည်

Kyaw Htoo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။