စိုက်ပျိုးမွေးမြူရေးမှာ ညစ်ညမ်းပျက်စီးမှုတွေ ဖြစ်နေပြီလား
လေထု ညစ်ညမ်းတယ်။ မြေထုညစ်ညမ်းတယ်။ ရေထုညစ်ညမ်းတယ် စတာတွေရှိတဲ့အထဲမှာ စိုက်ပျိုးမွေးမြူရေးတွေလည်း ညစ်ညမ်းနေပြီလား တွေးစရာပါ။ တွေးမနေပါနဲ့ ဒါက အမှန်တကယ်ဖြစ်နေပါပြီ။
အမှန်တကယ်ကြီး စိုက်မွေး လုပ်ငန်းတွေသာ မလုပ်ရင်လည်း စားစရာရှိမှာမဟုတ်ပြန်တော့ ဂေဟဗေဒစနစ်တွေပျက်တာလိုမျိုး၊ မြေသားပျက်စီးတာလိုမျိုး နဲ့ ပတ်ဝန်းကျင်က ပြောင်းလဲတာမျိုး စတဲ့ စိုက်မွေးညစ်ညမ်းမှုတွေကို မဖြစ်အောင် ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တာပေါ့။
ကာကွယ်ဖို့ဆို ဘယ်အကြောင်းတွေက ဖြစ်ရတာလဲဆိုတာကို သိဖို့လိုတာကြောင့် အောက်မှာဖော်ပြပေးထားပါတယ်။
တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး အချက်တွေက အများကြီးပဲဆိုတော့ တတ်နိုင်သလောက်မလုပ်ပဲ လျော့ချနိုင်ဖို့အတွက် လုပ်နိုင်သလောက် လုပ်ကြတာပေါ့။
(၁) ပိုးသတ် ပေါင်းသတ် မြေဩဇာ
အထွေအထူးပြောစရာ မလိုလောက်ပါဘူး။ လူတွေတောင် မူးမောတာမျိုး ဖြစ်နေကြတာ၊ လူတွေလုပ်ထားတဲ့ ဓာတုမြေဩဇာတွေကလည်း စိုက်မွေးလောကကြီးကို ညစ်ညမ်းစေပါတယ်။
(၂) မသန့်တဲ့ရေတွေ။
ရေသန့်ကိုပဲ ပြောတာမဟုတ်ပါဘူး။ တစ်ချို့ ရေဆိုးမြောင်းတွေကနေထွက်တဲ့ ဓာတ်သတ္တုတွေ ပျော်ဝင်နေပြီးသားရေတွေကို သုံးမိတဲ့အခါမှာ မဖြစ်ထွန်းတာတို့၊ မအောင်မြင်တာတွေ စလာပြီးတော့ နောက်ဆုံး ပြန်ပြင်မရလောက်အောင် ခက်ခဲသွားတတ်ပါတယ်။
(၃) မြေတိုက်စား စုပြုံခြင်း
စိုက်လို့ပျိုးလို့ရတဲ့ မြေကြီးက အပေါ်ယံက မြေသားအလွှာလေးပါပဲ။ အောက်ဖက်မြေကြီးတွေက အပင်စိုက်လည်း မဖြစ်ထွန်းနိုင်ပါဘူး။ မြေကြီးကို ထွန်ယက်တဲ့နည်းမမှန်တာမျိုးနဲ့ လေကြောင့် ရေကြောင့် မြေကြီးအပေါ်ယံလွှာတွေက ပါးပါးသွားတဲ့အခါမျိုးမှာ စိုက်မွေးကပျက်လာကြရပါတယ်။ တိုက်စားခံရတဲ့ မြေသားတွေကလည်း မြစ်ချောင်းတွေထဲ အနယ်တွေပြန်ကျတော့ ပိုဆိုးလာတာပေါ့။ အဲ့တော့ မှန်ကန်တဲ့ ထွန်ယက်စနစ်ကိုသုံးကြဖို့ လိုအပ်ပါတယ်။
(၄) မွေးမြူရေး
စီးပွားဖြစ် အများကြီးမွေးမြူတဲ့အခါမျိုးမှာ ကိုယ်ကပဲ ပြန်ဖျက်ဆီးတဲ့ တရားခံဖြစ်နိုင်ပါတယ်။ စီးပွားဖြစ် အစာတွေ ဆေးတွေသုံးကြရင်း ထိခိုက်စေတာမျိုးပါ။ စီးပွားဖြစ်ကလည်း မြက်ကျွေး နွားချေးယူလိုမျိုးမှ မဟုတ်တာ။
(၅) ဖျက်ပိုး နဲ့ ပေါင်းမြက်တွေကြောင့်
စိုက်မွေးလောကကြီးကို ပျက်စီးညစ်ညမ်းစေတဲ့ အထဲမှာပါပါတယ်။ ဆေးယဉ် မျိုးထွန်း ဖျက်ပိုးတွေက ပိုများလာတယ်။ နောက် မျိုးဗီဇပြောင်းလဲထားတဲ့သီးနှံတွေရဲ့ အကျိုးဆက် ပိုထူးလာတဲ့ ပေါင်းမြက်တွေကို ရင်ဆိုင်နေကြရပြန်ပါတယ်။
(၆) ဓာတ်သတ္တုတွေ
အာစင်းနစ်၊ ပြဒါး၊ ခဲ လိုမျိုး သတ္တုတွေက ဓာတုမြေဩဇာတွေကို ပမာဏများများနဲ့သုံးတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာကြပါတယ်။ အဲ့လို ဓာတ်သတ္တုတွေရှိတဲ့မြေမျိုးမှာ စိုက်လို့ဖြစ်ပါတော့မလား။
(၇) အော်ဂဲနစ်တစ်ချို့
နိုက်ထရိုဂျင်၊ ကာဘွန်နဲ့ ဖော့စဖောရပ်စ်တွေပါတဲ့ မြေဆွေးတွေနဲ့ ဇီဝပစ္စည်းတွေကို သုံးကြပြီးတော့ ကြာလာတဲ့ အခါ အနယ်ထိုင်လာပါတယ်။ အဲ့ကနေ ပြုပြင်ဖို့ခက်ပြီး စိုက်တဲ့မြေတွေက ပျက်စီးလာကြရပါတယ်။
(၈) အာဟာရအပိုတွေ
အပင်ကစားတဲ့ပမာဏထက် ကျော်လွန်ပြီးတော့ လိုတာထက်ပိုထည့်ထားတယ်။ အဲ့အပိုတွေက မိုးရွာတဲ့အခါ ရေနဲ့အတူစီးပြီးတော့ ရေထဲကို ရောက်သွားပြီးတော့ ရေနေသတ္တဝါတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ရေထဲရေနေအပင်တွေက ကြီးလာပြီးတော့ ရေနေသတ္တဝါတွေနဲ့ အောက်စီဂျင်ကို အပြိုင်သုံးကြရင်းနဲ့ အန္တရာယ် ဖြစ်စေတာပါ။
စိုက်ရေး ပျိုးရေးကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်တာလည်း ရှိပါတယ်နော်။ ငါတို့လုပ်ငန်းက သဘာဝတရားကြီးနဲ့ လိုက်လျောညီထွေဖြစ်တယ်လို့ လက်မထောင်ချင်ရင် စိုက်ပျိုးရေးကြောင့် ညစ်ညမ်းတာတွေမဖြစ်စေဖို့ စိုက်ရေးပျိုးရေးမှာ ညစ်ညမ်းပျက်စီးမှုတွေမရှိစေဖို့ ထိန်းသိမ်းကြရမှာပါ။
တောင်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။
ထွန်းဝင်းကျော်
Reference
https://www.conserve-energy-future.com/causes-and-effects-of-agricultural-pollution.php
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....