အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၃)
(၇) Agricultural Engineering (စိုက်ပျိုးရေးအင်ဂျင်နီယာ)
ဤဘာသာရပ်ခွဲက စက်မှုလယ်ယာ (Farm Machinery)၊ သိပ္ပံနည်းကျ လယ်ယာမြေများ စနစ်တကျ ဖော်ဆောင်ထားမှု (Farm Structure)၊ ရေသွင်းရေထုတ်အင်ဂျင်နီယာပညာ (Irrigation and Drainage Engineering)၊ လယ်ယာမြေများ တိုင်းတာနည်းစနစ်များ (Farm Surveying) စသည်ဖြင့် ဘာသာရပ်များ စုံလင်လှပါသည်။ အင်ဂျင်နီယာနည်းပညာကို စိုက်ပျိုးရေးပညာဘက်တွင် အသုံးချထားခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ်များစွာရှိသော်လည်း စိုက်ပျိုးရေး အင်ဂျင်နီယာပညာကို မည်သည့်တက္ကသိုလ်ကမှ ဘွဲ့မပေးနိုင်သေးသည်မှာ အံ့ဩဝမ်းနည်းဖွယ် တွေ့မြင်ရပါသည်။ ၂၀၁၉-၂၀၂၀ပညာသင်နှစ်ကစတင်ပြီး ကျိုက်လတ်နှင့် ဝါးခယ်မ စက်မှုလက်မှု သိပ္ပံ၊ ရွှေဘိုနည်းပညာကောလိပ်များတွင် စက်မှုလယ်ယာဘာသာရပ် (Farm Machinery) ဒီပလိုမာ (၃) နှစ်သင်တန်း စတင်ဖွင့်လှစ်ကာ တောင်သူဦးကြီးများ၏ သားသမီးများ စတင်သင်ကြားလျက် ရှိနေပါသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်တွင်လည်း အစားအသောက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့ (BE - Food Engineering) ကို စတင်သင်ကြားပေးနေပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်မူ မန္တလေး နည်းပညာတက္ကသိုလ်၌ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ (BE- Agricultural Engineering) ကို သင်ကြား ပို့ချပေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။
(၈) Animal Science (မွေးမြူရေးသိပ္ပံပညာ)
ကမ္ဘာ့တက္ကသိုလ်အများစုတွင် စိုက်ပျိုးရေးပညာ (Agriculture) အောက်တွင် မွေးမြူရေးပညာ ဘာသာခွဲများရှိပြီး တိရိစ္ဆာန်များ မျိုးစပ်မွေးမြူခြင်း (Animal Breeding)၊ တိရိစ္ဆာန်များ ကျွေးမွေး ပြုစုခြင်း (Animal Feeding and Management)၊ လယ်ယာသီးနှံပညာဌာနနှင့် တွဲဖက်၍ စားမြုံ့ပြန် တိရိစ္ဆာန်များ (Ruminants) အတွက် (ဥပမာ-နွား၊ ကျွဲ၊ ဆိတ်၊ သိုး) စားကျက်မြက်၊ ပဲများ စိုက်ပျိုးခြင်း (Pasture or Forage Grass/ Forage Legume Growing)၊ မွေးမြူရေးအစာအာဟာရပညာများ (Animal Nutrition) စသည်တို့ကို အသေးစိတ် လေ့လာကြခြင်းဖြစ်ပါသည်။
ဥပမာဆိုရလျှင် ထိုင်းနိုင်ငံကတင်သွင်းလာသည့် စီပီ အသားစားကြက်၊ ဥစားကြက် တို့တွင် မိဘမျိုးရိုး (Parental Genetics Stock) ကို ပေးခြင်းမရှိပါ။ မျိုးစပ်ထားသော ကြက်ဥ၊ ကြက်ပေါက်များသာပေးပါသည်။ ကျွန်တော်တို့နိုင်ငံတွင် မွေးမြူရေးဆိုင်ရာ မျိုးရိုးဗီဇပညာ (Animal Genetics)၊ တိရိစ္ဆာန်မျိုးစပ် မွေးမြူရေးပညာ (Animal Breeding) တို့ကို တက္ကသိုလ်များစွာက သင်ကြားပေးပြီး မိမိဒေသနှင့် ကိုက်ညီသော၊ အသားထွက်၊ ဥထွက်နှုန်း ကောင်းမွန်သော စပ်မျိုးအသစ်များ (New Hybrid) စသည်ဖြင့် သင်ကြား၊ သုတေသနပြုလုပ်လာပါက ကျွန်တော်တို့နိုင်ငံ၏ မွေးမြူရေးကဏ္ဍ ထိုးဖောက် ကျော်လွှား (Break through) နိုင်မည် ဖြစ်ပါသည်။ ယခုမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (University of Veterinary Science) တွင် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science) ပေးအပ်နေပါပြီ။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း (JICA Japan International Cooperation Agency) ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မှ အကူအညီပေးမှုအရ ယခင် အထူးပြုဘာသာ (၇) ခု-
(က)လယ်ယာသီးနှံပညာ (Agronomy)
(ခ)အပင်မွေးမြူရေးပညာ (Plant Breeding)
(ဂ)မြေဆီလွှာသိပ္ပံ (Soil Science)
(ဃ)အပင်ရောဂါဗေဒ (Plant Pathology)
(င)စိုက်ပျိုးရေးဆိုင်ရာမိလဗေဒ (Agricultural Entomology)
(စ)ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး (Horticulture)
(ဆ)စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics) အပြင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်၍-
(ဇ)စိုက်ပျိုးရေးအင်ဂျင်နီယာပညာ (Agricultural Engineering)
(ဈ)မွေးမြူရေးသိပ္ပံပညာ (Animal Science)
(ည)အစားအသောက်သိပ္ပံနှင့်နည်းပညာ (Food Science and Technology)
(ဋ)စိုက်ပျိုးပညာပေးရေး (Agricultural Extension)
(ဌ)စိုက်ပျိုးရေးဆိုင်ရာဇီဝနည်းပညာ (Agricultural Biotechnology)
(ဍ)အသုံးချအဏုဇီဝဗေဒ (Applied Microbiology) စသည့် ဘာသာရပ်အသစ်များကို ပါမောက္ခအဆင့်ဌာနများ တိုးချဲ့ဖွင့်လှစ်ကာ သင်ရိုးနာရီစနစ် (Credit-hours System) ဖြင့် ပြုပြင်ပြောင်းလဲ သင်ကြားလာခဲ့ရာ ယခုအထွေထွေစိုက်ပျိုးမွေးမြူရေး ဘာသာရပ်များကို ပထမနှစ်၊ ဒုတိယနှစ်များ တွင် မယူမနေရဘာသာရပ်များအဖြစ် သင်ကြားခဲ့ရပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မှစတင်၍ အထူးပြုဘာသာရပ် (၁၃) ခု အထိရွေ:ချယ်သင်ယူန်ုင်ရာတွင် ယခု တတိယ နှစ်သို့ ရောက်ရှိသင်ကြားလျက်ရှိနေပါပြီ။
ဇယား(၁) တွင် မြန်မာနိုင်ငံနှင့်အခြားနိုင်ငံအချို့တွင် စိုက်ပျိုးမွေးမြူရေး ပညာသင်ကြားပေးနေသော တက္ကသိုလ်များကိုနှိင်းယှဥ် လေ့လာနိုင်ပါသည်။

ဇယား(၁) ကမ္ဘာ့နိုင်ငံများရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ (List of Agricultural Universities, 2020)
နိုင်ငံတကာစိုက်ပျိုးရေးတက္ကသိုလ်များတွင် သင်ကြားနေသော ဘာသာရပ်များကို နမူနာအနေဖြင့် ကြည့်မည်ဆိုလျှင် -
(၁) ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးတွင် ထိပ်ဆုံးရောက်နေသော နယ်သာလန်နိုင်ငံ ဝက်ဂန်နီဂန် သုတေသနတက္ကသိုလ် (Wageningen University and Research) တွင် ဘွဲ့ကြိုသင်တန်းများကို အောက်ပါအတိုင်း သင်ကြားနေပါသည်။
(၁)အပင်သိပ္ပံ (Plant Science)
(၂)တိရိစ္ဆာန်(သိပ္ပံ)(Animal Science)
(၃)အစားအသောက်နည်းပညာ (Food Technology)
(၄)ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံ (Enviromental Science)
(၅)ဇီဝဗေဒ (Biology)
(၆)ဇီဝနည်းပညာ (Biotechnology)
(၇)အပြည်ပြည်ဆိုင်ရာ မြေယာနှင့်ရေ စီမံခန့်ခွဲမှု
(International Land and Water Management))
(၈)အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (International Development Studies)
(၉) မြေယာအလှ ဗိသုကာပညာနှင့်စီမံကိန်း (Landscape Architecture and Planning)
(၁၀) မြေဆီလွှာ၊ ရေနှင့်လေထုဘာသာရပ် (Soil, Water and Atmosphere)
(၁၁) မော်လီကျူးအဆင့် သက်ရှိသိပ္ပံ (Molecular Life Sciences)
(၁၂) စိုက်ပျိုးရေး၊ ဂေဟဗေဒဆိုင်ရာ ခရီးသွားလုပ်ငန်း (Agro-tourism and Ecotourism)
Agriculture ဟုသော ဘာသာရပ်ကို ဘောင်ခတ်ထား၍၊ ဘောင်ကျဉ်း၍ မရပါ။ စိုက်ပျိုး၊ မွေးမြူရေးမှသည် မြေယာအလှအပဖန်တီးမှုပညာ (Creative Arts), သဘာဝအခြေခံသော ဝင်ငွေရ ခရီးသွားလုပ်ငန်း (Agro-tourisms) စသည်ဖြင့် နယ်ပယ်ချဲ့ထွင်ပြီး နိုင်ငံ့ဝင်ငွေများစွာရရှိအောင် ပြုလုပ်ပေးနိုင်သဖြင့် အခြေခံ စိုက်ပျိုးမွေးမြူရေးမှသည် အသုံးချ စိုက်ပျိုးမွေးမြူရေးပညာအထိ ကျယ်ပြန့်ပါကြောင်း ရေးသားလိုက်ရပါသည်။
(ဆက်ပါဦးမည်)
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၂) ကို အောက်ပါလင့်တွင်လေ့လာနိုင်ပါသည်။
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၂)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
myo htet
လွန်ခဲ့သော ၃ နှစ် ကဆရာရေ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး MRF _ Myanmar Rice Federation ကထုတ်တဲ့ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံ နည်းလမ်း စာအုပ်ကိုလေ့လာဖူးပါတယ် အဲ့စာအုပ်နောက်ပိုင်းမှာ လယ်ယာလုပ်ငန်းဆိုင်ရာစာရင်းဇယားမှတ်တမ်းများဆိုတာကိုလေ့လာမိတဲ့အခါ ကုန်ကျစရိတ်နဲ့ ဝင်ငွေကိုနိှုင်းယှဥ္ကြည့်ရင် အင်မတန်ရင်လေးစရာကိုတွေ့နေရပါတယ်ဆရာ😌😌
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး