မိရိုးဖလာတောင်သူမှသည်...တောင်သူလုပ်ငန်းရှင်အဖြစ်သို့..
မိရိုးဖလာ ဆိုတာကတော့ အမိအဖ ရိုးရာအစဥ်အလာအတိုင်း လုပ်ကိုင်၊ ပြုမူ၊ ကိုးကွယ်ကြခြင်းကို ခေါ်ဆိုတာပါ။
ဥပမာ - မိရိုးဖလာ ဗုဒ္ဓဘာသာ ဆိုရင် မိဘ ရိုးရာမို့သာ ဘုရားသွား ကျောင်းတက်၊ ဥပုသ်သီလဖက် နေရတာမျိုးပေါ့။ ဒီလိုဆိုတော့ ဘာသာတရားရဲ့ အနှစ်သာရ ဖြစ်တဲ့ ခန္ဓာငါးပါး၊ ရုပ်နာမ်၂ ပါး၊ သစ္စာ ၄ ပါး ၊မဂ္ဂင်ရှစ်ပါး စတာတွေကို ခန္ဓာဥာဏ်ဆိုက်အောင် သိရှိလိုက်နာ ကျင့်ကြံမှုမရှိဘူးဆိုရင်တော့ နောက်ဆုံး "ပန်းတိုင်"ဖြစ်တဲ့ နိဗ္ဗာန် မဂ်ဖိုလ်ဟာ ဝေးနေဦးမှာ အမှန်ပါ။
အလားတူ မိရိုးဖလာ တောင်သူတွေဟာလည်း နောက်ဆုံး စီးပွားရေးပန်းတိုင်မရှိဘဲ ဆက်လျှောက်နေမယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်ခွင့်နဲ့ ဝေးနေဦးမှာပါပဲ..။
မိရိုးဖလာတောင်သူဆိုတာ ဘာလဲ..
မိရိုးဖလာတောင်သူဆိုတာ မိဘက တောင်သူလုပ်ငန်းလုပ်သူမို့ သားသမီးက ဆက်လက်လုပ်ကိုင်ရသူ၊ ဒီရာသီမှာ ဒီသီးနှံစိုက်၊ ဒီလယ်မြေကို ဒီမျိုးချ၊ ရသလောက်နဲ့ တင်းတိမ်ပြီး မျှော်လင့်သလို မရရင်တော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို မကျေနပ်နိုင်ဖြစ်တတ်တဲ့ လယ်သမားမျိုးဆက်သစ်တွေကို ဆိုလိုတာပါ။
မိရိုးဖလာအဆင့်ကို ကျော်ဖြတ်ပြီး စိုက်ပျိုးရေးကို စီးပွားရေးဆန်ဆန်လုပ်ကိုင်ပြီး အောင်မြင်နေသူတွေလည်း ရှိတော့ ရှိနေပါတယ်။ စီးပွားဖြစ်လုပ်ပြီဆိုကတည်းက ပထမအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းဟာ သမရိုးကျသာမန်အလုပ်တစ်ခုမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတစ်ခုလို့ မြင်ဖို့ လိုပါတယ်။
ရာသီဥတုက ..ဖောက်ပြန်
သီးနှံ စျေးကွက်က...ခလောက်ဆန်
အထွက်နှုန်းတွေက... နောက်ပြန်
လယ်လုပ်သားကလည်း...အကြောက်အကန်ဆိုတဲ့
အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားဖို့ စီးပွားရေးအခက်အခဲတစ်ခုကို ကျော်လွှားနေရတဲ့ပုံစံမျိုးမဟုတ်ဘဲ မိရိုးဖလာစိတ်နဲ့သာသွားနေမယ်ဆိုရင်တော့ နည်းလမ်းပျောက်ပြီး စိတ်ဓာတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။
တောင်သူလယ်သမားတွေမှာ အခက်အခဲမျိုးစုံရှိတာတော့ သေချာပါတယ်။ ဒါပေမဲ့ မိရိုးဖလာလုပ်ငန်းလို ရသလောက်နဲ့ တင်းတိမ်နေတာမျိုးမဟုတ်ဘဲ စီးပွားရေးတစ်ခုလို သဘောထားလုပ်မှပဲ ကိုယ့်လုပ်ငန်းက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာမှာကလည်း သေချာပါတယ်။
စီးပွားရေးသမားတောင်သူဖြစ်ဖို့...ဘာတွေလိုအပ်မလဲ?
အဓိက ပြောချင်တဲ့အပိုင်းက အခုမှစမှာပါ။
အထက်မှာ ဖော်ပြခဲ့သလို နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ရောက်ချင်ရင် မဂ္ဂင်ရှစ်ပါးဆိုတဲ့ နည်းလမ်းကျင့်စဥ်ကို မဖြစ်မနေ ဇွဲလုံ့လဝီရိယစိုက်၊ သစ္စာဆိုက်အောင် ကျင့်ကြံကြိုးကုပ် အားထုတ်မှရသလို..တောင်သူလယ်သမားတွေမှာလည်း ပန်းတိုင်ရှိရပါမယ်။
တောင်သူ့ပန်းတိုင်သည်...ဘာလဲဆိုရင်တော့ ရှင်းပါတယ်။
ဘာသီးနှံ စိုက်စိုက်၊ စိုက်ပျိုးသူရဲ့ အဓိက ရည်ရွယ်ချက်ပန်းတိုင်က
"အထွက်နှုန်းနဲ့ အရည်အသွေးကောင်းရရှိရေး” ပဲ ဖြစ်ပါတယ်။
ပန်းတိုင်ရှိရင်..နည်းလမ်းဆိုတာလည်း ရှိရမှာပေါ့..။
မိရိုးဖလာ တောင်သူမှသည်...စီးပွားရေးတောင်သူဆီသို့ ကူးပြောင်းဖို့ဆိုရင် နည်းလမ်းသိရပါမယ်။ နည်းလမ်း သိပြီးရင်လည်း အမှန်တကယ် လိုက်နာကျင့်သုံးမှ အကျိုးရှိပါလိမ့်မယ်။
ကောင်းပြီ...။ ဒီလိုဆို..ဘာတွေ သိရှိကျင့်သုံးရမလဲဆိုတော့..

၁။ လယ်ယာစိုက်ပျိုးရေးနဲ့ ရေရှည်ရပ်တည်ဖို့အတွက်ဆိုရင် စိတ်သစ်၊ လူသစ်၊ နည်းစနစ်သစ်နဲ့ တကယ်လုပ်မှ ရတော့မယ်ဆိုတဲ့ မိမိစိတ်ကို အရင် ပြုပြင်ပြောင်းလဲပါ။
၂။ မိမိစိုက်ကွက်နှင့်ပတ်သက်သော နေ့စဥ်လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်း ထားရှိရပါမယ်။
(ထယ်ထွန်စရိတ်နဲ့နေ့စွဲ၊ ဆေး၊ မြေဆီ သွင်းအားစုစရိတ်၊ အမျိုးအမည် စသဖြင့် နေ့စွဲ အလိုက် ရိတ်သိမ်း၊ ရောင်းချသည်အထိ မှတ်တမ်းပြုစုပါ)
၃။ မြေကြီးရဲ့ ချဥ်ငံကိန်း၊ အာဟာရဓာတ် ပါဝင်မှုကို ပညာရှင်များအကူအညီဖြင့် စမ်းသပ်စစ်ဆေးပါ။
၄။ မည်သည့်သီးနှံမဆို၊ မြေပေါ်မှာစိုက်ရတာမို့ မြေအခြေခံကောင်းအောင် သဘာဝ မြေ ဆွေး၊ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများကို အီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲပါ။
၅။ သီးနှံအမျိုးအစားပေါ်မူတည်ပြီး ထယ်ရေး၊ ထွန်ရေး နက်နက်ညက်ညက်နဲ့ တမန်း ကောင်းအောင်ပြုပြင်ပါ။
၆။ စျေးကွက်ဝင်သီးနှံကို ရွေးချယ်ပြီး မျိုးကောင်းမျိုးသန့် အသုံးပြုပါ။
၇။ မိမိစိုက်မယ့်သီးနှံရဲ့ ကြိုက်နှစ်သက်တဲ့ရာသီဥတု၊ အပင်သဘာဝ၊ ရေခံ၊ မြေခံ၊ နည်း စနစ်များကို ကြိုတင်လေ့လာထားပါ။ ပညာတတ်တောင်သူတွေဆိုရင် ခေတ်မီနည်းပညာပိုင်းတွေကိုပါ မှတ်တမ်းမှတ်ရာတွေနဲ့ စနစ်တကျ စမ်းသပ်သုံးစွဲသင့်ပါတယ်။
(Green Way app လိုမျိုး တောင်သူတွေအတွက် စိုက်နည်းစနစ်တွေ၊ နည်းပညာတွေ မျှဝေပေးနေတဲ့ အရင်းအမြစ်တွေဆီကနေ အခမဲ့ လေ့လာလို့လည်း ရပါတယ်။)
၈။ သီးနှံအလိုက် ကျရောက်တတ်တဲ့ ပိုးမွှားရောဂါများ၊ ကြိုတင်ကာကွယ်နည်းစနစ်များ၊ မြေသြဇာကျွေးနည်းစနစ်များ၊ အကူအညီ ပေးနိုင်မည့်အဖွဲ့အစည်းများ၊ ကြိုတင်ပြင်ဆင်ထားပါ။
(အနည်းဆုံး ၃ ရက်တကြိမ် စိုက်ခင်းကို ကွင်းပတ်ကြည့်ရှု စောင့်ကြည့်ပါ)
၉။ ရာသီဥတုသည် ပြောင်းလဲမှုမြန်ဆန်သည်နှင့်အညီ မိုးလေဝသတင်းများ၊ ပတ်ဝန်းကျင် အခြေအနေများကို အမြဲ လေ့လာစုံစမ်းပါ။
၁၀။ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက မိမိစိုက်ခင်းအတွက်အမြဲအဆင့်သင့်ဖြစ် နေရန် ပတ်မြောင်း၊ ဖြတ်မြောင်းများ ဖြစ်နိုင်ပါက ကြိုတင်လုပ်ဆောင်ထားပါ။
၁၁။ မိမိထုတ်ကုန်ပစ္စည်းအတွက်၊ စျေးကွက်ချိတ်ဆက်နိုင်ရန် စျေးကွက်သတင်းကို အမြဲနားစွင့်ပါ။
ဒီတော့ တောင်သူမိတ်ဆွေများအနေနဲ့ မိမိတို့ရဲ့ တောင်သူလုပ်ငန်းကို မိရိုးဖလာ တောင်သူအဆင့်နဲ့တင် ရပ်မနေဘဲ မြေယာပိုင်ဆိုင်မှုကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတစ်ခုလို ဂရုစိုက်ပုံဖော်နိုင်တဲ့ လုပ်ငန်းရှင်တောင်သူတွေ ဖြစ်ကြစေဖို့ တိုက်တွန်းဆုတောင်းပေးပါတယ်..။
စေတနာများစွာဖြင့်.....
ပျံလွှား(ပုလဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thar Po
အားလုံး