ငလျင်လှုပ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော မြေဆီလွှာပြဿနာများကို ဖြေရှင်းနည်း
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၂၀၂၅ခုနှစ် မတ်လ ၂၈-ရက်နေ့တွင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် ဒေသများသို့ ဦးတည်လှုပ်ခတ်ခဲ့သော ငလျင်ကြီးအပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့် တောင်သူဦးကြီးများအတွက် သတိထားရမည့် မြေဆီလွှာပြဿနာများ ကို ဆက်လက် ဆွေးနွေးကြည့်ရအောင်ပါ။
မြေငလျင်လှုပ်ပြီး လယ်၊ ယာမြေများတွင်ဖြစ်ပေါ်နိုင်သော ပြဿနာများ
(က) မြေဆီလွှာများ အရည်ဖြစ်ပေါ်လာခြင်း (Soil Liquefaction)
မြေဆီလွှာလှုပ်ရှားမှုကြောင့် မြေသားခိုင်ခန့်မှုလျော့သွားကာ မြေဆီလွှာ မာကြောမှု မရှိတော့ဘဲ စပါးမြေတမန်းကဲ့သို့ အနှစ်ရေများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ မြေပျော့နေ၍ အပင်၏အမြစ်များ မြေကြီးကို ကြာရှည်စွာ ကုပ်တွယ်မထားနိုင်ပါ၊ အထူးသဖြင့် သရက်၊ ငှက်ပျော စသည့် နှစ်ရှည်အပင်တစ်ချို့ညှိုးပြီး သေသွားနိုင်ပါသည်။ စက်ကရိယာများ ဝင်ရောက်မှုမှာလည်း မြေပျော့နေ၍ ခက်ခဲနိုင်ပါသည်။
ဖြေရှင်းချက် - ဖြစ်နိုင်ပါက မြေဆီလွှာအတွင်းရေထုတ်စနစ် (Sub-surface drainage systems) ကိုပြုလုပ်ပြီး အနှစ်ရည်များ စုပ်ထုတ်ပစ်ပါ။ မြေဆီလွှာအရည်များကို စုပ်ထုတ်၍ မြေမာများ ပြောင်းလဲပေးခြင်းသဘောဖြစ်သည်။ အမြစ်နက်နက်ဆင်းသော မြက်၊ ပဲများကို အစားထိုးစိုက်၍ ရေရှည်မြေကြီးခိုင်မာအောင် ပြန်လည်လုပ်ဆောင်ရပါမည်။

ပုံ - ၁ မြေငလျင်ကြောင့် မြေဆီလွှာ အနှစ်ရည်များဖြစ်ပေါ်လာပုံနှင့် အမြစ်နက်အပင်များ ပြန်လည်စိုက်ပျိုးပေးခြင်း
(ခ) မြေဆီလွှာ ကျစ်လစ်သွားခြင်း (Soil Compaction)
မြေဆီလွှာတုံခါမှုကြောင့် မြေဆီလွှာ ကျစ်လစ်၊ မာကျောသွားမှုလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မြေဆီလွှာအတွင်း လေနှင့်ရေ ဝင်ရောက်မှုလျော့နည်းကာ အမြစ်ကြီးထွားမှု ထိခိုက်ပြီး အထွက်လျော့နည်းသွားနိုင်ပါသည်။
ဖြေရှင်းချက် - ဖြစ်နိုင်ပါက မြေဆီလွှာအတွင်း ဆောက်ပုံဒါးသွားပါထယ် (Chisel Plow) နက်နက်ထိုးသောထယ် (Sub-soiler) ရှိ ထွန်စက်များ (Tractor) ဖြင့် မြေဖွပေးရပါမည်။ စက်မှုလယ်ယာဦးစီးဌာန ကိုမေးမြန်းနိုင်ပါသည်။ မြေဆွေး (Compost) နွားချေးဆွေး (Farm Yard Manure) များစွာထည့်ပေးပါ၊

ပုံ - ၂ မြေငလျင်ကြောင့် မြေဆီလွှာ မာကြောသွားပုံနှင့် မြေဖွပေးခြင်း
(ဂ) အပေါ်ယံမြေဆီလွှာကောင်းများ ပြုန်းတီးသွားခြင်း (Top Soil Erosion)
အပေါ်ယံမြေဆီလွှာကောင်းများ (Fertile Top Soils) အထူးသဖြင့်တောင်ကုန်း၊ တောင်စောင်း များ၌ တိုက်စားခြင်းခံရကာ အဝေးသို့ တိုက်စား၊ မျောပါသွားနိုင်ပါသည်။ အပင်များအတွက် လိုအပ်သောအာဟာရဓာတ်များ၊ ဩဂဲနစ်ပစ္စည်းများ (Loss of essential nutrients and organic matters) ဆုံးရှုံးသွားသဖြင့် လိုအပ်သော အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရပါမည်။
ဖြေရှင်းချက် - ဖြစ်နိုင်ပါက မြေဆီကောင်းသောအပေါ်ယံမြေ (Fertile Top Soils) များ တစ်ခြားနေရာမှ သယ်ယူဖြည့်တင်းပေးရပါမည်။ တောင်စောင်းဒေသများ မြေအနိမ့်အမြင့်လိုက် လိုက်လျောညီထွေရှိနိုင်မည့် ကွန်တိုစိုက်ပျိုးနည်းစနစ် (Countour Farming) ကိုကျင့်သုံးပေးရပါမည်။

ပုံ - ၃ မြေငလျင်ကြောင့် မြေဆီလွှာတိုက်စားသွားပုံနှင့် ကွန်တိုစနစ်စိုက်ပုံ
(ဃ) မြေဆီလွှာအတွင်း အပင်အတွက် အဆိပ်အတောက်ဖြစ်စေမည့် ဓာတ်ပစ္စည်းများ ပိုမိုရောက်ရှိလာခြင်း (Soil Contamination)
မြေငလျင်ကြောင့် ရေဆိုးထုတ်ပိုက်များ (Sewage pipes, lines, etc.)၊ စက်သုံးဆီကန်များ (Petrol, Diesel Oil tanks)၊ ဓာတုပစ္စည်း သိုလှောင်ရာနေရာများ (Chemicals storage areas) ပျက်စီးကာ မြေဆီလွှာအတွင်း ပျော်ဝင် ရောက်ရှိနိုင်သဖြင့် စိုက်ပျိုးပင်များအတွက် အဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။
ဖြေရှင်းချက် - ဖြစ်နိုင်ပါက မြေကြီးအတွင်း အပင်အဆိပ်အတောက်ဖြစ်စေသော ဓာတ်သတ္တုများ (Heavy metals) ပါဝင်နေမှုရှိမရှိ တိုင်းဒေသကြီးများရှိ မြေဆီလွှာဓာတ်ခွဲခန်းများ (Soil Laboratories) တွင်စစ်ဆေးပါ။

ပုံ - ၄ မြေငလျင်ကြောင့် မြေဆီလွှာ အဆိပ်အတောက်ဖြစ်၊ ညစ်ညမ်းသွားပုံနှင့် ပြန်လည်ပြုပြင်ပေးခြင်း
(င) မြေဆီလွှာများကွဲအက်ပြီး မြေဆီလွှာ မညီညာမှုဖြစ်စေခြင်း (Cracked and Uneven Soil Surface)
မြေဆီလွှာ အနိမ့်မြင့် ညီညာမှုမရှိတော့ဘဲ ကွဲအက်ကုန်တတ်ပါသည်။ ရေသွင်းရန် ခက်ခဲ၍ ထွန်စက်များ ဝင်ရောက်မှု နှေးနိုင်ပါသည်။
ဖြေရှင်းချက် - ဖြစ်နိုင်ပါက စက် သို့မဟုတ် တိရစ္ဆာန်ဆွဲမြေညှိကရိယာများ (Levelers) ဖြင့် မြေညှိပေးပါ။ သစ်စိမ်းမြေဩဇာများ (Green manures) စိုက်ပေးပါ။ ဥပမာ - ပိုက်ဆံလျှော်၊ ညံပင်

ပုံ - ၅ မြေငလျင်ကြောင့်မြေမညီခြင်းကို ပြန်ညှိပေးခြင်း
(စ) မြေဆီလွှာအတွင်းအနုဇီဝပိုးများ ဘဝစက်ဝန်း ထိခိုက်ခြင်း (Disrupted Soil Microbial Life)
အထက်ပါဖြစ်စဉ်များကြောင့် အကျိုးပြုအနုဇီဝများ (Beneficial microorganisms) ဘဝစက်ဝန်း၊ အပင်အကျိုးပြုမှု ဖြစ်စဉ် နှေးကွေး၊ ပျက်စီးကုန်ပါသည်။

ပုံ - ၆ မြေငလျင်အပါအဝင်သဘာဝဘေးကြောင့်အကျိုးပြုအနုဇီဝများပျက်စီးပုံနှင့် ဇီဝမြေဩဇာများပြန်လည်ထည့်သွင်းပေးခြင်း
ဖြေရှင်းချက် - ဖြစ်နိုင်ပါက ဇီဝမြေဩဇာများ (Biofertilizers) ပြန်လည်ထည့်သွင်းပေးပါ။
(ဆ) ရေထုတ်မှုအခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်း (Drainage Problems)
မြေဆီလွှာ မညီညာမှုကြောင့် ရေထုတ်ရန်အခက်အခဲဖြစ်ကာ ရေဝပ်၊ အပင်များ ပုတ်သေသွားနိုင်ပါသည်။
ဖြေရှင်းချက် - ဖြစ်နိုင်ပါက အပင်များကိုဘောင်တင်၍ (Build raised-beds) စိုက်ပျိုးပါ။ စက်ကရိယာများသုံး၍ ရေထုတ်နိုင်ရန်ကြိုးစားပါ။

ပုံ - ၇ မြေငလျင်ကြောင့်ရေဝပ်နေမှုမှ ရေထုတ်ပေးခြင်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Kywe
လွန်ခဲ့သော ၁ နှစ် ကမေးမြန်းလိုပါက ဖုံးဆက်မေးပါခင်ဗျား ဇွန် ၉ရက်နောက်ပိုင်း ၀၉၇၉၃၂၄၆၉၉၆ ကိုတက်ပါ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....