အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရိတ်သိမ်းချိန်လွန်နည်းပညာအောက်ရှိ သင်ယူလေ့လာနိုင်သော ဘာသာရပ်များ

ရိတ်သိမ်းချိန်လွန်နည်းပညာအောက်ရှိ သင်ယူလေ့လာနိုင်သော ဘာသာရပ်များ

 

ဤဘာသာရပ်အတွက် သင်ယူ၊ လေ့လာသင့်သည် ဘာသာခွဲများ

(က) ရိတ်သိမ်းချိန်လွန်ဇီဝကမ္မဗေဒ နှင့် ဇီဝဓာတုဗေဒဘာသာရပ် (Postharvest Physiology and Biochemistry)

ရိတ်သိမ်းပြီးနောက် အပင်မှရိတ်သိမ်း ဆွတ်ခူးပြီး၍ အသီးအနှံများ ဈေးကွက်ရောင်းချမှု အဆင့်အထိမရောက်ခင် ဇီဝဖြစ်စဉ်များကိုလေ့လာသည်။ ဤဘာသာရပ်ခွဲသည် သီးနှံများ ရိတ်သိမ်းပြီးနောက် ၎င်းတို့၏ဇီဝဖြစ်စဉ်များကို လေ့လာသည်။ မိခင်အပင်မှ ဆွတ်ခူးရိတ်သိမ်းပြီးသည့်တိုင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ သီးနှံများနှင့် ပန်းပွင့်များသည် ဓာတ်ငွေ့လဲလှယ်ခြင်း (respiration)၊ ရေငွေ့ထုတ်လွှတ်ခြင်း (transpiration) နှင့် ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုများ (metabolic changes) ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်စဉ်ကို လေ့လာသော ပညာရပ်ဖြစ်ပါသည်။

သီးနှံများ ဓာတ်ငွေ့လဲလှယ်လုပ်ငန်းများ (Respiration) သီးနှံအတွင်းရှိ သိုလှောင် အော်ဂဲနစ်ပစ္စည်းများ (သကြားဓာတ်များ၊ ကာဘိုဟိုက်ဒြိတ်များ) ကို စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းစဉ်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂)၊ ရေငွေ့နှင့် အပူတို့ ပေါ်ထွက်လာသည်။ အပူချိန်ထိန်းချုပ်ခြင်း သို့မဟုတ် ပြုပြင်မွန်းမံထားသော လေထုဖွဲ့စည်းမှု (Modified Atmosphere) များဖြင့် ဓာတ်ငွေ့လဲလှယ်မှုနှုန်းကိုထိန်းချုပ်ခြင်းသည် ရိတ်သိမ်းပြီး သီးနှံများသက်တမ်း ကြာရှည်စေခြင်းအတွက် အရေးပါသည်။ သီးနှံများရေငွေ့ပျံမှု (Transpiration) ကြောင့် ရေဓာတ် ဆုံးရှုံးကာ ညှိုးကျခြင်း (Wilting)၊ ရှုံ့တွခြင်း (Shriveling) နှင့် မလတ်ဆတ်ခြင်း (Loss of Freshness) ဖြစ်ပေါ်သည်။ လေထုအတွင်း စိုထိုင်းဆထိန်းချုပ်မှု သည် ဆွတ်ခူးပြီး အသီးအနှံများရေဓာတ်ဆုံးရှုံးမှုကို လျော့နည်းစေပြီး အရည်အသွေးတိုးတက်စေသည်။

ပုံ - ၁ ရိတ်သိမ်းချိန်လွန်ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒ

(ခ) ရိတ်သိမ်းပြီးနောက်ပိုင်းဆိုင်ရာ ကိမိလဗေဒနှင့် အပင်ရောဂါဘာသာရပ် (Postharvest Entomology and Pathology)

ဤအကြောင်းအရာ ပညာရပ်များသည် ရိတ်သိမ်းပြီးနောက် သီးနှံပျက်စီးမှုများ ဖြစ်စေ သော ရောဂါများနှင့် ပိုးမွှားများကို ထိရောက်စွာစီမံခန့်ခွဲရန် လေ့လာသောပညာများဖြစ် ပါသည်။ ရိတ်သိမ်းချိန်လွန်စနစ်များတွင် ပိုးမွှားနှင့် ရောဂါထိန်းချုပ်ခြင်းသည် သီးနှံများ၏ အရည်အသွေးနှင့်ဘေးကင်းမှုကို ထိန်းသိမ်းရန်မရှိမဖြစ်လိုအပ်သည်။ ရိတ်သိမ်းပြီးနောက် ထွက်ကုန်များ ပျက်စီးယိုယွင်းခြင်းသည် အင်းဆက်ပိုးမွှားများ၊ မှိုများ သို့မဟုတ် ကြွက် များ ကဲ့သို့သော ဖျက်ပိုးများကြောင့် အများအားဖြင့် ဖြစ်ပွားသည်။ 

အထူးသဖြင့်အသီးအနှံများတွင် ရိတ်သိမ်းနေချိန် (Harvesting Time)၊ သိမ်းဆည်းနေချိန် (Storage Time) အတွင်း ကျရောက် နိုင်သော မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ရောဂါများကို လေ့လာသောပညာဖြစ်သည်။ ရောဂါပိုးမျိုး ကွဲများ (Different Pathogens) ကို ခွဲခြားဖော်ထုတ် ခြင်း၊ ဝင်ရောက်ဖြစ်ပွားပုံ (ဥပမာ – ထိခိုက်သောနေရာများမှတဆင့်) ကိုနားလည်ခြင်း၊ ထိန်းချုပ်မှုနည်းလမ်းများ ဥပမာ - သန့်ရှင်းရေး (Sanitation)၊ ဇီဝနည်းဖြင့် ကာကွယ်/ ထိန်းချုပ်မှု (Biological Control)၊ ရိတ်သိမ်းချိန်နောက် ဆောင်ရွက်ခြင်း (Postharvest Treatment) များ ဖော်ထုတ်သည်။ မှိုပိုးများကြောင့် ဖြစ်သော မိုင်ကိုတောက်ဆင် (Mycotoxin)၊ အဖလာတောက်ဆင် (Aflatoxin) ပျက်စီးမှု သည်လည်း အစားအသောက် လုံခြုံရေးအတွက် အရေးကြီးသော အကြောင်းအရာဖြစ်ပါသည်။ သိုလှောင်ထားသော ဆန်၊ သစ်သီးများ၊ အသီးအနှံများ တွင် ပိုးမွှားများ ဝင်ရောက် ကျရောက်ခြင်းကြောင့် တိုက်ရိုက် ပျက်စီးမှု ဖြစ်ပေါ်နိုင်သည်။ ပိုးမွှားများသည် ကိုယ်တိုင် ဖျက်စီးရုံသာမကဘဲ မိုက်ခရို ဘီယာပိုးများကျရောက်မှု (Microbial Spoilage) ကိုလည်း လျော့နည်းသွားစေရန် ဖြည့်စွက်ကူညီပေးနိုင်သည်။ ဖြစ်ပွားမှုလျော့နည်းစေရန် ထိန်းချုပ်နည်းလမ်းများတွင် မှိုင်းတိုက် ခြင်း (Fumigation)၊ လေထုထိန်းချုပ်ခန်းတွင်ထားပေးခြင်း (Controlled Atmospheres)၊ ဖျက်ပိုးများစုပေါင်းစီမံခန့်ခွဲမှုနည်း (Integrated Pest Management – IPM) စသည့် နည်းစနစ်များ ပါဝင်သည်။

ပုံ - ၂ ရိတ်သိမ်းချိန်လွန် ကိမိလဗေဒ နှင့် ရောဂါဗေဒ

(ဂ) ရိတ်သိမ်းပြီးနောက်ပိုင်း သီးနှံများဆိုင်ရာ အင်ဂျင်နီယာပညာနှင့် ကိုင်တွယ်ပြုပြင်၊ ထိမ်းသိမ်းခြင်းဘာသာရပ် (Postharvest Engineering and handling Systems)

ဤဘာသာရပ်သည် ရိတ်သိမ်းပြီးနောက်သီးနှံများကို ကိုင်တွယ်ခြင်း၊ ပြုပြင်ခြင်းနှင့် သိမ်းဆည်းခြင်း အတွက် စက်မှုနည်းပညာဆိုင်ရာ သဘောတရားများ ကို အသုံးချ၍ စက်ပစ္စည်းများနှင့် စနစ်များကို ဒီဇိုင်းဆွဲခြင်းနှင့် မြှင့်တင်ခြင်း ပြုလုပ်သည့်ပညာ ဖြစ် သည်။

မှန်ကန်သောရိတ်သိမ်းနည်းလမ်းများ အသုံးပြုခြင်း၊ စက်ကိရိယာများကြောင့်ဖြစ်သော ထိခိုက်ပျက်စီးမှု လျော့နည်းစေခြင်း၊ ရိတ်သိမ်းပြီးချင်း စိုက်ခင်းအပူချိန်ကို လျှော့ချခြင်း (Field Cooling) စသည်တို့ပါဝင်ပါသည်။

ပုံ - ၃ ရိတ်သိမ်းချိန်လွန်သီးနှံများ စက်ပစ္စည်းများနှင့်ဆောင်ရွက်ပုံ

(ဃ) အရည်အသွေးထိန်းချုပ်မှုနှင့် အစားအသောက်လုံခြုံရေးဘာသာရပ် (Quality Control and Food Safety)

ဤဘာသာရပ်သည် ရိတ်သိမ်းပြီးသီးနှံများသည် သတ်မှတ်ထားသည့် အရည်အသွေး စံနှုန်းများနှင့် ငယ်ရွယ်စားသုံးနိုင်ရေး လုံခြုံမှုစံနှုန်းများ ကို ဖြည့်ဆည်းနိုင်စေရန်အတွက် တစ်လျှောက်လုံး အစားအသောက်ထုတ်လုပ်မှုကွန်ရက်အတွင်း စီမံခန့်ခွဲမှုများကို လေ့ လာသင်ကြားပေးသည်။

အရည်အသွေးသတ်မှတ်ခြင်း (Quality Assessment)

သီးနှံအရည်အသွေးကို စိတ်ခံစားမှုဆိုင်ရာ လက္ခဏာများဖြင့် နှိုင်းယှဉ်အကဲဖြတ်ခြင်း ဥပမာ - ရုပ်သွင်ပြင်၊ အရောင်၊ ဖိအားခံနိုင်မှု၊ အရသာ၊ ရနံ့၊ အာဟာရ တန်ဘိုး (Nutritional Value) နှင့် ရင့်မှည့်မှုညွှန်းကိန်းများ (Maturity Indices) နှင့် အဆင့် သတ်မှတ်စံနှုန်းများ (Grading Standards) တို့ဖြစ်ပါသည်၊

အစားအသောက်လုံခြုံရေး (Food Safety)

အောက်ပါအန္တရာယ်များမှ ထုတ်ကုန်များကို ကင်းရှင်းအောင် ထိန်းသိမ်းမှုနည်းလမ်း များဖြစ်သည်– အန္တရာယ်ရှိအနုဇီဝပိုးမွှားများ (Harmful Microbes) – ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ဓာတုပစ္စည်းအကျွင်းအကျန်များ (Residual Chemicals) - ပိုးသတ်ဆေး၊ သတ္တုဓာတ်များကျန်ရှိမှု၊ ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များ – ဥပမာ – ဖန်၊ ပလတ်စတစ် အကျိုးအပဲ့များ၊ အထက်ပါအန္တရာယ်များကို စနစ်တကျအုပ်ချုပ်ရန်အတွက် နည်းလမ်းများမှာ–

  • ကောင်းမွန်သောစိုက်ပျိုးမှုနည်းလမ်းများ (GAPs)
  • ကောင်းမွန်သောထုတ်လုပ်မှုနည်းစနစ်များ (GMPs)
  • HACCP Hazard Analysis and Critical Control Point – အန္တရာယ်ခွဲခြားခြင်းနှင့် သတ်မှတ်ထိန်းချုပ်ရာအချက်များ စနစ်
  • သန့်ရှင်းရေးလုပ်ငန်းစဉ်များ (Sanitation Protocols)
  • နောက်ဆုံးစားသုံးသူ အဆင့်အထိ ရှာဖွေနိုင်သော မှတ်တမ်းစနစ်များ (Traceability Systems) စသည်တို့ဖြစ်ပါသည်။

(င) ထုပ်ပိုးနည်းပညာ (Packaging Technology)

ဤဘာသာရပ်သည် အသစ်အဆန်းသီးနှံများနှင့် ပြုပြင်ပြီးသီးနှံများကို ထိရောက်စွာ ထုပ်ပိုးရန်အသုံးပြုသော ဒီဇိုင်းပုံစံများ၊ ပစ္စည်းများနှင့် နည်းလမ်းများ ကို လေ့လာ သင်ကြားပေးသော ဘာသာဖြစ်ပါသည်။

ထုပ်ပိုးခြင်း၏ လုပ်ဆောင်ချက်များ (Functions of Packaging)

ရောင်းချရန်သီးနှံများကာကွယ်မှု (Protection of Marketable Crop Products) – စက်ယန္တရားထိခိုက်မှု၊ အနုဇီဝပိုးများ၊ ပတ်ဝန်းကျင်ဒဏ်များမှ ကာကွယ်ခြင်း

ပစ္စည်းများပါဝင်မှု (Containment) – ထုတ်ကုန်ကို တိတိကျကျ ထုပ်ထားခြင်း

လွယ်ကူအဆင်ပြေမှု (Convenience) – အသုံးပြုရအဆင်ပြေစေရန်ပြုလုပ်ထားမှု၊

အချက်အလက်များစုံလင်စွာပါဝင်မှု (Communication and complete information) – ထုပ်ပိုးပစ္စည်းပေါ်တွင် လေဘယ်/အမှတ်တံဆိပ်များ (Label) များဖြင့် သတင်းအချက်အလက်များပေးခြင်း

ထုပ်ပိုးပစ္စည်းများ (Packaging Materials)

ပလတ်စတစ်၊ စက္ကူထူအမျိုးအစား (Paperboard)၊ သစ်သား (Wood)၊ ဇီဝ နည်းဖြင့် ပျက်စီးသွားနိုင်သည့်ထုပ်ပိုးပစ္စည်းများ (Biodegradable options) စသည်တို့ကို ထုတ်ကုန်အမျိုးအစားအပေါ်မူတည်ပြီး ဓာတ်ငွေ့ဖလှယ်ဒဏ်နိုင်မှု၊ စိုထိုင်းဆခံနိုင်မှု၊ ကြာရှည်စွာတည်မြဲမှု စသည့် လက္ခဏာများအပေါ်အခြေခံ၍ ရွေးချယ်အသုံးပြုသည်။

(စ) ရိတ်သိမ်းချိန်လွန် ပျက်စီးဆုံးရှုံးမှု တိုင်းတာခြင်းနှင့် စီမံခန့်ခွဲမှုပညာ (Postharvest Loss Assessment and Management)

ဤဘာသာရပ်သည် သီးနှံများကို ရိတ်သိမ်းပြီးနောက်မှ စတင်၍ စားသုံးသူထံ သို့ရောက် ရှိသည်အထိ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို တိကျစွာ တိုင်းတာခြင်း နှင့် ယင်း ဆုံးရှုံးမှုများကို လျော့နည်းစေသော နည်းလမ်းများ၊ မဟာဗျူဟာများ ဖန်တီးခြင်းတို့ကို လေ့လာသင်ကြားသည်။

စာရေးသူ၏အတွေးအမြင်

(၁) မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေပြုသောနိုင်ငံဖြစ်၍ ရိတ်သိမ်းချိန်လွန်နည်းပညာအပါအဝင် အခြားဆက်စပ်ဘာသာရပ်များကို တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သုတေသနဌာနများ စွာတွင် သင်ကြား၊ လေ့လာ၊ သုတေသနပြုသင့်ပါသည်။ (အစိုးရ၊ ပုဂ္ဂလိကကျောင်း၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံအားလုံး ပါဝင်သင့်ပါသည်)

(၂) ဥပမာ - တက္ကသိုလ်တစ်ကျောင်းက သုတေသနပညာရှင်များ အဖွဲ့နဲ့ နောက် တက္ကသိုလ် တစ်ကျောင်းက ပညာရှင်များအဖွဲ့ အချင်းချင်း ပညာနှီးနှော ဖလှယ် ခွင့်ရအောင် မြန်မာနိုင်ငံအတွင်းရှိ ပညာရှင်အဖွဲ့အချင်းချင်းဆက်သွယ်ရေးစနစ် (Group Networks) မျိုးစုံ ချိတ်ဆက် အသိပေးသင့်ပါသည်။

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Chakraverty, A. and Singh, R.P. (2014) Postharvest Technology and Food Process Engineering. CRC Press. 551p.

Kanlayanarat, S. and Aeedo, A.C. (1997) Postharvest Handling System of Agricultural products: A Training Manual. KMUTT, Thailand 150p.

(ငယ်စဉ်ဘဝ မူလတန်းပညာရေးမှစတင်၍ စာရေးသူအား စိုက်ပျိုးရေးပညာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များစွာကို သင်ယူခွင့်ရအောင် ဆုံးမသွန်သင်၊ ထောက်ပံ့ကူညီ၊ အားပေးခဲ့ပါသော စာရေးသူ၏ မူလတန်းဆရာ မိဘနှစ်ပါး - ဦးဆိုင်၊ ဒေါ်အေးတင်နှင့် စာရေးသူ၏မိသားစုအား ကျေးဇူးတင်ရှိပါသည်။ အကြောင်းအရာ အချက်အလက်များကို ပေးပို့ ကူညီပေးပါသော ဒေါက်တာမြတ်လင်း၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်အား လည်း ကျေးဇူးတင်ရှိပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

1
Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။