စားကျက်ပဲမျိုးနွယ်ဝင်ပင်များ (အပိုင်း ၁)
တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇၊ ၁၉၈) နှင့်တိရစ္ဆာန်စာပဲမျိုးရင်းဝင်အပင်ကြီး များ (Tree Legumes) အကြောင်းကို အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်၊ စားကျက်ပဲသီးနှံများ၊ ပဲနွယ်ပင်များ စိုက်ပျိုးပြုစုခြင်း အကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။
စားကျက်ပဲမျိုးများကို ရုက္ခဗေဒအမည် အက္ခရာစဉ်အလိုက် ရေးသားတင်ပြပါမည်။
(၁) မြေပဲအုပ်စု (Arachis L.) အပင်သဘာဝအရ တနှစ်ခံ (သို့) နှစ်ရှည်ခံအပင်များ (Annual or Perennial) ဖြစ်ပြီး ထောင်မတ် (သို့) တွားသွားအပင်များ (Erect or Creeping herbs) ဖြစ်သည်၊ အရွက်က ၄-ရွက်မွှာရွက်ပေါင်း (Paripinnate with two pairs of leaflets) ရှိတတ်ပါသည်။
ဤအုပ်စုထဲတွင် မြေပဲ (Groundnut – Arachis hypogaea) ကမြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအဖြစ် အတောင့်များကို ဆွတ်ခူးကြပြီး ကျန်ပဲရိုး၊ ပဲမှော်များကို ကျွဲနွားစာအဖြစ် ကျွေးမွေးလေ့ရှိပါသည်၊ ရင့်မှကျွေးမွေးကြသဖြင့် အဟာရဓာတ်အလွန်နည်းပါးပါသည်။
အောက်ပါ ပဲမျိုးများကိုတော့ တိရစ္ဆာန်အစာ အဖြစ်နိုင်ငံတကာတွင် အသုံးပြုပါသည်။
(၁-က) ပင်တိုမြေပဲ (Pinto Peanut – Arachis pintori)
မူရင်းဒေသမှာ တောင်အမေရိက တိုက်ဖြစ်ပြီး မိုးရေချိန် တနှစ် ၁၂၀၀-၂၀၀၀ မီလီမီတာ (၅၀-လက်မ) အထက်ခန့်ရရှိမှ အောင်မြင်ဖြစ်ထွန်းပါသည်၊ ဤပဲ၏ကောင်းသည့်အချက်ကမြေချဉ် (Acidic Soils)၊ အရိပ်ကျဏ်ခံနိုင်ရည်ရှိ (Good Tolerance to Shade) ခြင်းဘဲဖြစ်ပြီးသစ်ပင်ကြီးများအောက် တွင် မြေဖုံးသီးနှံ (Cover Crops) အနေနှင့်လည်း အသုံးပြုကြပါသည်။

ပုံ - ၁ ပင်တိုမြေပဲပင်နှင့် သစ်ပင်ကြီးများ
ပဲပင်အထွက်က တစ်ဟက် တာ ၃-၅ တန်ထွက်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein) ၁၅-၂၀ ရာခိုင်နှုန်းရကာ အစာကြေညက်နိုင်မှု ၆၀-ရာခိုင်နှုန်း (Above 60% Digestibility) အထက်ရှိသော အရည်အသွေးမြင့် စားကျက်ပဲမျိုးဖြစ်ပါသည်၊ ဂီနီမြက်၊ ဆစ်ဂနယ်မြက် တို့နှင့် တွဲဖက်စိုက်ပျိုးနိုင်ပြီး မြက်အထွက်ကို သိသာစွာတိုးစေပါသည်၊ တစ်နှစ်လျှင် လေထု ထဲမှ နိုက်ထရိုဂျင် တဟက်တာ ၁၅၀-၃၀၀ ကီလိုဂရမ်အထိ ဖမ်းယူပေးနိုင်သော ပဲပင်ဖြစ် ပါသည်။
တကမ္ဘာလုံးသုံး အမာရီလို (Amarillo - CIAT 17434)၊ ဘယ်မွန်တီ (Belmonte)၊ မန်ဒိုဘီ (BRS Mandobi)၊ အက်စ်မာရဘ်ဒါ (Esmeralda) စသည့်မျိုးအမည်နှင့် မျိုးများစွာ စိုက်ပျိုး ဖြစ်ထွန်းလျှက်ရှိပါသည်။
(၁-ခ) Arachis glabrata - တစ်ချို့နိုင်ငံတွင် စားကျက်ပဲအဖြစ်အသုံးပြုပါသည်။
(၂) ကယ်လိုပိုပဲ (Calopo – Calopogonium mucunoides)
တွားသွား (သို့) နွယ်တက်သောမျိုး (Trainling or Climbing Herbs ) ဖြစ်ပြီး ၃-မွာ ပုံရွက်ပေါင်း (Trifoliate Compound leaves) နှင့် အရွက် ၄-၁၀ စင်တီ (၁၀-လက်မ နီးပါး) ၂-၅ စင်တီ အကြယ် ရှိ အရွက်ဖားကြီးများ ဖြစ်ပြီး ထူထပ်စွာ ပေါက်ရောက်တတ် သော မြေဖုံး သီးနှံ (Cover crop) တိရိစ္ဆာန်စာပဲ တစ်မျိုးဖြစ်ပါသည်။ အစို ဓာတ်များ သော ဧရာဝတီ၊ ရန် ကုန်၊ ပဲခူးတိုင်း၊ တနင်သာရီတိုင်း ဒေသကြီး နှင့်မွန်ပြည်နယ် တို့ အတွက် သင့်တော်သော တိရိစ္ဆာန်စာ ပဲပင်မျိုးဖြစ်ပါသည်၊ ရာဘာပင်တန်းများအကြား ပေါင်းနှိမ်နှင်းရန် စိုက်ပျိုးလေ့ရှိပါသည်။

ပုံ - ၂ ကယ်လပိုပဲပင်နှင့် အပွင့်
ပဲပင်အထွက်က တစ်ဟက်တာ အခြောက် ၁၃-၁၄ တန် လောက်အထိထွက်နိုင်ပြီး ပရိုတိန်းကြမ်း (CP – Crude Protein) ၂၂-၂၇ ရာခိုင်နှုန်းရကာ ရုတ်မြက် (Chloris gayana)၊ မယ်လီနစ်မြက် (Melinis minutiflora) တို့နှင့်တွဲဖက် စိုက်ပျိုးလေ့ရှိသော စားကျက်ပဲမျိုးဖြစ်ပါသည်၊
(၃) ဆင်ထရို (Centro – Centrosema pubescens)
တကမ္ဘာလုံး တွင်ကျယ်စွာ စိုက်ပျိုး နေသော အရည်အသွေးမြင့် စားကျက်ပဲမျိုး ဖြစ်ပါ သည်။ စားကျက်မြက် များ အပေါ်နွယ် တက်တတ်သည့် (Climbing and Trailing Perennial herbs) တွားသွားနွယ် နှစ်ရှည်ပဲ ပင် ဖြစ်ပါသည်။ ဤပဲပင်၏ အရည်အသွေး က တိရိစ္ဆာန် အစာအတွက် ကောင်းမွန်၊ အရသာရှိ၊ အဟာရပြည့်ဝပါသည်။
မျိုးစေ့မှ စိုက်ပျိုးမည်ဆိုလျှင် တဟက်တာ မျိုးစေ့နှုန်း ၄-၆ ကီလို (Seed Rate – 4-6 kg ha-1) သုံးပြီး တန်းကြား တစ်မီတာ (၃-ပေ) အကျယ် ထား ကြွက်မီးတန်းချစိုက်ပျိုးလေ့ ရှိပါသည်၊ မျိုးစေ့ငုတ်ချိန်ဖြိုဖျက်ရန် (Dormancy Breakdown) မစိုက်ပျိုးမှီ ရေကြက် သိမ်းနွေး (၆၀-ဒီဂရီ ဆဲလ်စီယပ်စ်) ၁၀-မိနစ်ခန့် (သို့မဟုတ်) ရေပွက်ပွက်ဆူ (၁၀၀-ဒီဂရီ ဆဲလ်စီယပ်စ်) တွင် တစ်စက္ကန့်အကြာ စိမ်၍ စိုက်ပျိုးသင့်ပါသည်။ ဤပဲနှင့်သင့်တော် သော ရိုက်ဇိုဘီယမ် (Rhizobium) ကိုလည်းရွေးချယ် ထည့်သွင်းသင့်ပါသည် (မှတ်ချက် - မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသန ဌာန တွင် အကျိုးပြုအနုဇီဝဗေဒဌာန (Beneficial Microbes Section) ရှိသော်လည်း စားကျက်ပဲများ အတွက် ရိုက်ဇိုဘီယမ် မရှိသေးပါဟု ကြားသိ ရပါသည်)၊ ဤပဲသည် အစပိုင်းတွင် ကြီးထွားမှုနှေးသော်လည်း စိုက်ပြီး ၄-၆ ကျော်လာပါက ကြီးထွားမှု သန်စွမ်းလာပြီး မြက်ပင်များနှင့် ရောစိုက်ပါက ခြုံပုတ်ကြီး သဖွယ်နွယ်တက် သန်စွမ်းလျှက် ရှိနေတတ်ပါသည်။
သုတေသနမှတ်တမ်းများအရ သင့်တော်သော ရိုက်ဇိုဘီယမ်လူးနယ် စိုက်ပျိုးထားသည့် ဆင်ထရိုပဲသည် တနှစ်လျှင် တဟက်တာ ၇၅-၂၈၀ ကီလိုဂရမ် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်ပါသည်။

ပုံ - ၃ ဆင်ထရိုပဲပင်၊အပွင့်၊ အသီးတောင့်
ပဲ (Herbage Yield) အထွက်နှုန်းကတော့ တစ်ဟက်တာ (အခြောက်) ၃-၅.၅ တန် ရရှိ နိုင်ပါသည်၊ ပရိုတိန်းကြမ်း (CP – Crude protein) ကတော့ ၂၃-၂၄ ရာခိုင်နှုန်း အထိပါဝင် ပါသည်၊
ဘရာဇီးလ်တွင် ဒီအိုဒိုရို (Deodoro) နှင့် ဩစတေလျှတွင် ဘဲလာတို (Belalto) မျိုးပြား များ အသုံးပြုနေပါသည်။
(ဃ) ကလိုက်တိုရီးယား (Clitoria L.) အုပ်စုဖြစ်ပြီး မျိုးစိတ်ပေါင်း ၃၀-၄၀ (30-40 species) ခန့်ရှိပါသည်၊ ထိုအထဲမှ အသုံးများသော စားကျက်ပဲမှာ -
(၄) ကော်ထိုဖန်ပဲ/လိပ်ပြာပဲ/အောင်မဲညို (Cordofan/Butterfly Pea – Clitoria ternatea L.)
နှစ်ရှည်တွားသွားပဲမျိုး (Twinning perennials) ဖြစ်ပြီး ၃-မီတာ (၉-ပေခန့်) အထိ နွယ်တက်နိုင်ပါသည်၊ မျိုးစေ့မှ စိုက်ပျိုးလိုပါက အညောင့်ပေါက်ရန် (Germination) မျိုးစေ့ကို မစိုက်ခင် သဲနှင့်ရောကြိတ်၍၎င်း၊ ဆာလဖျူရစ်အက်ဆစ်ပြော့ (သို့) ရေနွေးပူ စိမ်၍ ၎င်း ပြုလုပ်ပြီးမှ စိုက်ပျိုးသင့်ပါသည်။ ကြီးထွားမှု မြန်ဆန်၍ စိုက်ပြီး ၂-လအကြာ တစ်ဟက်တာ အစိုချိန် ၂၄-တန်ထွက်ရှိပြီး ပရိုတိန်းကြမ်း ၂၁-၃၁ ရာခိုင်နှုန်းအထိ ရနိုင် ပါသည်၊
မျိုးပြား (Varieties ) များမှာ မက္ကဆီကိုမျိုး - ကွန်ချီတာ (Conchita) နှင့် ဂျက်ပေးဒါ (Jaspeada)၊ အိန္ဒိယမျိုး ဟတ်တွီ (Hatuey)၊ ကျူးဗားမျိုး အိုရီရင့် (Oriente) တို့စိုက်ပျိုး နေပါသည်။
မြန်မာနိုင်ငံတွင် အောင်မဲညိုပင်ဟူ၍လည်းခေါ်ကြပါသည်။

ပုံ - ၄ လိပ်ပြာပဲ/အောင်မဲညိုပင်၊ အရွက်၊ အပွင့်
(င) ဂလိုင်စင်း (Glycine Willd) အုပ်စု မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံအဖြစ် စိုက်ပျိုး နေသော ပဲပုတ် (Soybean – Glycine max L.) မှာ ဤပဲအုပ်စုတွင်ပါဝင်ပါသည်၊ တနှစ်ခံ (သို့မဟုတ်) နှစ်ရှည်ခံပဲမျိုးများ ဖြစ်သည်၊
ထိုအထဲမှ အသုံးများသော စားကျက်ပဲမှာ -
(၅) နှစ်ရှည်ပဲ ဂလိုင်စင်း/ဆိုဂျာပါရင်း (Perennial Glycine/Soja Perene – Glycine or Neonotonia wightii R.Grah)
နှစ်ရှည်နွယ်တက်စားကျက်ပဲပင် ပင်စည်အရှည် ၄.၅ မီတာ (၁၅-ပေခန့်) အထိရှည်နိုင် ပါသည်၊ ဤပဲသည် မိုးခေါင်ဒဏ်ခံနိုင် (Drought resistant) ပြီး မျိုးစေ့မှသာ မျိုးပွား လေ့ရှိပါသည်၊ မျိုးစေ့နှုန်း တဟက်တာ ၅-၁၀ ကီလိုဂရမ်နှုန်းသုံးလေ့ရှိပါသည်၊ ပဲလွန်း အုပ်စုရိုက်ဇိုဘီယမ် (Cowpea Group Rhizobium) ကို အသုံးပြုလေ့ရှိပါသည်၊ မျိုးစေ့ ထုတ်လုပ်မည်ဆိုပါက တဟက်တာ ၂၅၀-၁၀၀၀ ကီလိုဂရမ် အထိ ထွက်ရှိနိုင်ပါသည်၊ ပဲအခြောက်အထွက် က အခြားပဲ များကဲ့သို့ တစ်ဟက်တာ ၃-၈ တန် ထွက်ပြီး ပရိုတိန်း ကြမ်း ၁၃-၁၈ ရာခိုင်နှုန်း ရရှိနိုင်ပါသည်၊

ပုံ - ၅ နှစ်ရှည်ပဲပုတ်ပင်၊ အရွက်၊ အပွင့်၊ အသီး
(စ) ပဲကြီးအုပ်စု (Lablab Adans) မြန်မာနိုင်ငံတွင်မူ နွားစာမဟုတ်ဘြ ပဲကြီးလှော်၊ ပဲခြမ်းကြော်ပြုလုပ်သော ပဲကြီး (Lablab Bean – Lablab purpureus L.) အပင်ရှိပါသည်။
(၆) နွားစာအဖြစ် ဒိုလီခေါ့အချို (Sweet Dolichos – Dolichos lablab L.) နွယ်တက် တတ်သော တနှစ်ခံ (သို့မဟုတ်) နှစ်ရှည်ခံ ဖြစ်ပြီး အမြင့် ၃-ပေခန့်မြင့် ၃-ရွက်မွှာ ရွက်ပေါင်း အရွက်အရှည် ၆-လက္ခ၊ အကြယ် ၄-၅ လက္ခ လောက်အထိ အရွက်ကြီး မျိုးဖြစ်ပါသည်၊ မျိုးစေ့က သာမာန်စားကျက်ပဲတွေထက်ပိုကြီးပြီး အဖြူ၊ အနီ၊ အနက် ရောင်အမျိုးမျိုး ရှိပါသည်၊ မျိုးစိတ်ငယ် ၃-မျိုးထပ်ခွဲနိုင်ပါသည်။
(၆-၁) Subspecies – purpureus
(၆-၂) Subspecies – benghalensis
(၆-၃) Subspecies – uncinatus တို့ဖြစ်ပါသည်။
မျိုးစေ့နှုန်း တစ်ဟက်တာ ၁၀-၁၈ ကီလိုဂရမ်နှုန်းသုံးပြီး အတန်းလိုက် စိုက်ပျိုးလေ့ရှိ ပါသည်၊ ဤပဲသည် အကြီးမြန်သီးနှံ (Fast-growing Legume) ဖြစ်ပြီး စိုက်ပြီး ၇-၁၀ ပတ်ကြာလျှင် စားမြုံ့ပြန် တိရိစ္ဆာန်များအား ရိတ်ကျွေး (Cut-and-Carry) ၍ဖြစ်စေ၊ လွတ်ကျောင်း (Grazing) ၍ဖြစ်စေ အသုံးပြုနိုင်ပါသည်၊
(စားကျက်ပဲများအကြောင်း ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Bogdan, A.V. (1977) Tropical Pasture and Fodder Plants. Longman, London. 475p.
Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.
Humphreys, L.R. (1991) Tropical Pasture Utilization. Cambridge University Press. 218p.
Skerman, P.J.; Cameron, D.G. and Riveros (1988) Tropical Forage Legumes.
FAO. 692p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
good
လွန်ခဲ့သော ၉ လ ကကျေးဇူးပါဆရာ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....