မိုက်ကိုရိုက်ဇာ ဇီဝမြေသြဇာအကြောင်း
မိုက်ကိုရိုက်ဇာဆိုသည်မှာ အပင်အမြစ်များနှင့် အကျိုးပြုမှိုများ (Fungi) အကြား ဖြစ်ပေါ်သော အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေး (Symbiotic relationship) ဖြစ်ပါသည်။
VAM (Vesicular-Arbuscular Mycorrhiza) သည် စိုက်ပျိုးရေးတွင် အရေးကြီးဆုံးသော မိုက်ကိုရိုက်ဇာ အမျိုးအစားဖြစ်ပြီး ယခုခေတ်တွင် Arbuscular Mycorrhiza (AM) ဟုခေါ်ကြပါသည်။
ပုံ - ၁ မိုက်ကိုရိုက်ဇာနှင့်သီးနှံပင်အမြစ် သဟဇာတဖြစ်ပုံ
စိုက်ပျိုးရေးတွင် VAM မိုက်ကိုရိုက်ဇာ အလုပ်လုပ်ပုံ
VAM မိုက်ကိုရိုက်ဇာမှိုများသည် အပင်အမြစ်မှ ပြင်ပသို့ အမျှင်သေးသေး (hyphae) များဖြင့် တိုးချဲ့ထွက်သွားပြီး အပင်အမြစ်၏ စုပ်ယူနိုင်မှုကို တိုးမြှင့်ပေးပါသည်။
အဓိကလုပ်ဆောင်ချက်များ
-
မြေဆီလွှာမှ အာဟာရများ စုပ်ယူပေးခြင်း
-
ရေစုပ်ယူမှု တိုးတက်စေခြင်း
-
မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်စေခြင်း
VAM မိုက်ကိုရိုက်ဇာ၏ အကျိုးကျေးဇူးများ
(က) အာဟာရစုပ်ယူမှု တိုးတက်လာခြင်း (Improved Nutrient Uptake)
အထူးသဖြင့် ဖော့စဖောရပ်ဓာတ် (Phosphorus - P) ကို ပိုမိုစုပ်ယူနိုင်စေပါသည်။ ထို့အပြင် နိုက်တြိုဂျင် (Nitrogen-N)၊ ဇင့်/သွတ်ဓာတ် (Zinc-Zn)၊ ကော့ပါး/ကြေးနီဓာတ် (Copper-Cu) တို့ကိုလည်း ပိုမိုရရှိစေနိုင်ပါသည်။
(ခ) မိုးခေါင်ဒဏ်ခံနိုင်ရည် တိုးတက်လာခြင်း (Better Drought Tolerance)
အမြစ်အမွေး၊ ဟိုက်ဖေး (Hyphae) များကြောင့် မြေထဲရှိ ရေကို ပိုမိုရယူနိုင်ပါသည်၊ ရေ ရှားပါးသောဒေသများတွင်လည်း အပင်များရှင်သန်နိုင်ပါသည်။
(ဂ) အထွက်နှုန်း တိုးတက်လာခြင်း (Increased Crop Yield)
အပင်သန်စွမ်းမှုကောင်းပြီး ကြီးထွားမှုကောင်းလာ သဖြင့် အထွက်နှုန်းမြင့်မားလာ ပါသည်။
(ဃ) ရောဂါကာကွယ်နိုင်မှုပိုကောင်းလာခြင်း (Better Disease Resistance)
မြေဆီလွှာမှ ရောဂါပိုးများကို တားဆီးပေးသည်။ အမြစ် သန်စွမ်းကျန်းမာရေးအတွက် သဘာဝကာကွယ်ရေးစနစ်တစ်ခု ဖြစ်ပါသည်။
(င) မြေဆီလွှာဖွဲ့စည်းပုံ ကောင်းမွန်စေခြင်း (Improved Soil Structure)
ဤအဏုဇီဝပိုးမြေဩဇာက ဂလိုမယ်လင် (Glomalin) ဟုခေါ်သော ပစ္စည်း ထုတ်လုပ် ပေးပါသည်။ မြေဆီလွှာတွယ်ကပ်မှု (Soil Aggregation) ကောင်းစေပြီး မြေဆီဩဇာ တိုက်စားမှု (Reduced Soil Erosion) လျော့နည်းစေသည်။
(စ) ဓာတ်မြေဩဇာ အသုံးပြုမှု လျော့ချနိုင်ခြင်း (Reduced Chemical Fertilizer Use)
ဖော့စဖိတ် (Phosphate) မြေဩဇာ လိုအပ်မှု လျော့နည်းလာပါသည်။ ထို့ကြောင့် တောင်သူဦးကြီးများ မြေဩဇာကုန်ကျစရိတ် လျှော့ချနိုင်ပြီ ဖြစ်ပါသည်။
ယနေ့ခေတ်တွင် VAM မိုက်ကိုရိုက်ဇာဇီဝမြေဩဇာအသုံးပြုမှုအရေးကြီးလာရခြင်း
(၁) ဓာတ်မြေဩဇာဈေးမြင့်တက်လာမှု
ကမ္ဘာမြေကြီးပေါ်တွင် ဖော့စဖော့ရပ်ဓာတ် (Phosphorus) သည် သုံး၍မကုန်နိုင်သော သယံဇာတမဟုတ်ပါ။ VAM သည် အစားထိုးသုံးနိုင်သော ရေရှည်တည်တံ့ နည်းလမ်းဖြစ်ပါသည်။
(၂) မြေဆီလွှာအဟာရဓာတ် ပြုံးတီး၊ ပျက်စီးမှု ပြဿနာ
စိုက်ပျိုးမြေများအား အနားမပေးဘဲ စဉ်ဆက်မပြတ် စိုက်ပျိုးနေမှုကြောင့် မြေဆီလွှာ အဟာရဓာတ်များ နည်းပါး၊ ဆုံးရှုံးနေပါသည်။ VAM သည် မြေ၏ သဘာဝကျန်းမာရေး၊ အဟာရဓာတ်များပြန်လည်ပြည့်ဖြိုးစေရေးကို ကောင်းမွန်စေပါသည်။
(၃) ရာသီဥတုပြောင်းလဲလာမှု
ကမ္ဘာကြီး မိုးခေါင်မှု၊ ခြောက်သွေ့မှုများ ပိုများလာပါသည်။ VAM သည် အပင်များကို မိုးခေါင်၊ ရေရှားမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေနိုင်ပါသည်။
(၄) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်မှု
စိုက်ပျိုးရေးတွင် ဓာတုဓာတ်ပစ္စည်းများသုံးစွဲမှု လျော့ချနိုင်သည်၊ ရေထုညစ်ညမ်းမှု လျော့နည်းစေပါသည်။
(၅) ဩဂဲနစ်စိုက်ပျိုးရေး လိုအပ်ချက်များတိုးလာခြင်း
သဘာဝအလိုက်ဖြစ်ပေါ်စေသော အစားအစာလိုအပ်ချက် မြင့်တက်နေပါသည်။ VAM သည် သဘာဝနှင့် လိုက်ဖက်သော ဇီဝမြေဩဇာ (Biofertilizer) ဖြစ်ပါသည်။
၂၀၂၅-ခုနှစ် ကမ္ဘာ့ VAM မိုက်ကိုရိုက်ဇာ မြေဩဇာ ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၂၄ ဘီလီယမ် (1.24 Billion US$) ရှိပါသည်။ ထိပ်ဆုံးမှ ဤဇီဝမြေဩဇာ ထုတ်လုပ်နေသော နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ အမေရိက၊ ကနေဒါ၊ အစ္စရေး၊ စပိန်၊ ဒိန်းမတ် စသည်တို့ဖြစ်ပါသည်။
ဤဇီဝမြေဩဇာထုတ်လုပ်မှုကို ထိတ်ဆုံးမှရောက်ရှိနေသော ကမ္ဘာ့ ကုမ္ပဏီများမှာ -
(က) နိုဗိုဇိုင်း၊ ဒိန်းမတ် (Novozymes/Novonesis, Denmark)
(ခ) ဆင်ဗော့-ကိုတီဗာ၊ စပိန် (Symborg-now part of Corteva Agriscience, Spain)
(ဂ) ပရီမီယာနည်းပညာ၊ ကနေဒါ (Premier Tech Ltd, Canada)
(ဃ) ဂရောင်းဝတ်၊ အစ္စရေး (Groundwork BioAg, Israel)
(င) ယူပီလယ်၊ အိန္ဒိယ (UPL Limited, India)
(စ) ဗေးလင့်ဇီဝသိပ္ပံ၊ အမေရိကန် (Valent BioSciences, USA)
(ဆ) အက်ဂရီလိုက်၊ အိန္ဒိယ (AgriLife, India)
(ဇ) လာလီမန်း၊ ကနေဒါ (Lallemand Inc, Canada)
(ဈ) ဟယ်လို သဘာဝ၊ အီတလီ (Hello Nature, Italy) စသည်တို့ ရှိနေပါသည်။
ပုံ - ၂ မိုက်ကိုရိုက်ဇာဇီဝမြေဩဇာအမျိုးမျိုး
စာရေးသူ၏အတွေး
တောင်သူဦးကြီးများ၏ စိုက်ပျိုးမြေများတွင် လက်ရှိဓာတ်မြေဩဇာ ကြီးမြင့်နေမှုကို သဘာဝမြေဩဇာများ ထည့်သွင်းပေးခြင်း၊ စိုက်ခင်းများတွင် ပဲမျိုးစုံသီးနှံများ (Food Legumes)၊ တိရိစ္ဆာန်အစာ စားကျက်ပဲသီးနှံများ (Forage or Pasture Legumes)၊ စား ကျက်ပဲ ပင်ကြီးများ (Tree Legumes) တိုးချဲ့ရောနှောစိုက်ပျိုးပေးခြင်း ပြုလုပ်ပေးရုံ သာမက ဇီဝမြေဩဇာများထည့်သွင်း အသုံးပြုခြင်းအားဖြင့် မြေဆီဩဇာနည်းပါးသွားမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင်ပါသည်။
မိုက်ကိုရိုက်ဇာ မြေဩဇာကို မြန်မာနိုင်ငံတွင်လက်တွေ့ထုတ်ဝေဖြန့်ချီရန် နည်းပညာ အခက်အခဲ ရှိပါသည်ဟု ပညာရှင်တစ်ဦးကပြောပါသည်။
မြန်မာနိုင်ငံအတွက် စာရေးသူအတွေးစတစ်ခုအနေနှင့် ဤဇီဝမြေဩဇာနည်းပညာ သုတေသနနှင့်ဖွံ့ဖြိုးမှု (R&D-Research and Development) ကို တက္ကသိုလ်၊ သုတေသန ဌာနများက ဇောက်ချ သုတေသနအလုပ်လုပ်၊ စီးပွားရေး တွက်ချေကိုက်မှုကို ဆန်းစစ်ပြီး အခြားဓာတ်မြေဩဇာများကဲ့သို့ နိုင်ငံခြားမှ တင်သွင်း စမ်းသပ်အသုံးပြုပါက ဖော့စဖောရပ် ဓာတ်မြေဩဇာလိုအပ်ချက် တစ်ဖက်တစ်လမ်းမှ ဖြည့်စွက်ပေးနိုင်မည်လားဟူ၍ တွေးနေမိပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး