ယာစပါး (သို့မဟုတ်) တောင်ယာစပါး (အပိုင်း-၁)
Basic Agricultural Science – (84) Upland Rice - 1
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၄) ယာစပါး (သို့မဟုတ်) တောင်ယာစပါး (အပိုင်း-၁)
ကျွန်တော်တို့အဖွဲ့သည် ကမ္ဘာ့သဘာဝရန်ပုံငွေအဖွဲ့ (World Wide Fund for Nature ယခင် World Wildlife Fund - WWF) ၏ စီမံကိန်းဖြင့် ထားဝယ်ဒေသရှိ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း (Agroforestry) လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထိုမှရရှိသော အတွေ့အကြုံများကို မိတ်ဆွေများစိုက်ပျိုးနေသော တောင်ယာစပါး (Upland Rice) ကို စနစ်တကျစိုက်ပျိုးဖြစ်ထွန်းစေရန် ကျွန်တော်သိသလောက် ဆွေးနွေးပါမည်။
ဒေသတောင်သူအများစုမှာ သမားရိုးကျဒေသနည်း၊ အထွက်နည်းသောဒေသမျိုးတွေသာ အသုံးပြုနေသည်ကို တွေ့ရပါသည်။
- (၁) ရွှေ့ပြောင်းတောင်ယာစနစ်၊ ဓားနှင့်ခုတ်ပြီး မီးရှို့သည့်စနစ် (Slash & Burn Method) ကို သုံးနေဆဲပဲဖြစ်ပါသည်။
- (၂) မီးရှို့ခြင်းဖြင့် မြေကြီးမှာ ပြောင်သလင်းခါသွားပြီး တောင်စောင်းများ မြေ၊ ရေတိုက်စားမှု (Soil and Water Erosion) ပိုမိုဖြစ်စေခဲ့ပါသည်။
- (၃) အများစုသည် ဓာတ်မြေဩဇာ မသုံးကြပါ။ သဘာဝမြေဩဇာ နွားချေး (Farm Yard Manure) စသည်တို့လည်း ဈေးကြီးရှားပါးနေပါပြီ။
ဤသည်တို့ကြောင့် ခေတ်မီတောင်ယာစပါး စိုက်ပျိုးရေးနည်းစနစ်များကို နည်းပညာ အသစ်များနှင့်အတူတူ မြန်မာဘာသာဖြင့် ထုတ်ဝေသော စာအုပ်များစွာဖြင့် ကျေးလက် ပြည်သူများထံ အရောက် ပေးပို့ရန်လိုအပ်နေပါပြီ။

ပုံ - ၁ စပါးပင်အမျိုးအစား ၄-မျိုး
ရုက္ခဗေဒလက္ခဏာများ (Botanical Characters of Rice)
စပါးကို ဂေဟစနစ် (Rice Ecosystems) အရ အမျိုးအစား (၄) မျိုးခွဲခြားနိုင်ပါသည်။
(က) ယာစပါး/ တောင်ယာစပါး (Upland Rice – Dry Cultivation System) အခြောက်စိုက်ပျိုးခြင်း - များသောအားဖြင့် တောင်တန်းဒေသများတွင် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း (Direct Seeding) ဖြစ်စေ၊ စူးထိုး၍ဖြစ်စေ၊ ထယ်ထိုး၍ဖြစ်စေ စိုက်ပျိုးသောစနစ်ဖြစ်ပါသည်။

ပုံ - ၂ ချင်းပြည်နယ်တွင်တောင်ယာစပါးစိုက်ပျိုးခြင်း
(ခ) လယ်စပါး - မိုးကောင်းသောက် (Rainfed Lowland Rice – Wet Cultivation System) အစိုစိုက်ပျိုးခြင်း
မြန်မာနိုင်ငံ လယ်သီးနှံစိုက်ပျိုးသော လယ်သမားအများစု လက်တွေ့ကျင့်သုံးနေသော စနစ်တစ်ခုဖြစ်ပြီး ကြဲပက် (Broadcasting Method) စိုက်ပျိုးခြင်းစနစ်၊ ပျိုးထောင်စိုက်ပျိုးခြင်း (Transplanting Method) စနစ် စသည်တို့ကို မိုးရေရရှိမှု အပေါ်မူတည်၍သာစိုက်ပျိုးသော စနစ်ဖြစ်ပါသည်။

ပုံ - ၃ မိုးကောင်းသောက်စပါး၊ ရေသွင်းစပါး စိုက်ပျိုးခြင်း
(ဂ) လယ်စပါးကို ရေသွင်းစိုက်ပျိုးခြင်း (Irrigated Rice)
မိုးရေရရှိမှုနည်းပါးသော နေရာဒေသများတွင် ဆည်ရေသောက်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးသောစနစ် (Flood Irrigation System) ဖြစ်ပါသည်။ (ရေအနက် အများဆုံး ၃၀-စင်တီမီတာ (တစ်ပေခန့်) ဖြစ်ရပါမည်)
(ဃ) ရေနက်ကွင်းစိုက်စပါး (Flood Prone Rice – Deep Water Rice/Floating Rice)
ရေ (မိုးရေ၊ ဆည်ရေ၊ မြေအောက်ရေ) စသည်တို့နှင့် စိုက်ပျိုးသောစနစ်ဖြစ်သည်။ ရေတစ်ဝက်ထားပြီး ဒေသမျိုးများစိုက်ပျိုးခြင်း (ရေအနက် တစ်ပေ မှ သုံးပေ အတွင်း) (Semi-deep Water) နှင့် ရေ ၃ ပေမှ ၁၀ ပေခန့်အထိထားပြီး စိုက်ပျိုးခြင်း (Deep water or Floating Rice) တစ်ချို့စပါးမျိုးများ စိုက်ပျိုးပြီး ရေတက်လာသည်နှင့်အမျှ ရေမြင့်သလို စပါးပင်ကလည်း မြင့်တက် လာခြင်းဖြစ်ပါသည်။ ရိတ်သိမ်းသောအခါ လှေ၊ သမ္မာန်များနှင့် စပါးနှံကို ရိတ်သိမ်းရပါသည်။

ပုံ - ၄ ရေနက်ကွင်းစပါးခင်း
တောင်ယာ စပါးပင်လက္ခဏာများ
- ဒေသတောင်ယာစပါးမျိုးက အပင်အမြင့် ၃ ပေမှ ၆ ပေခန့်အထိရှိနိုင်ပါသည်။
- အနှံပါပင်ပွားများ (Productive Tillers) ၂-၄ ရုံခန့်သာ ပါဝင်နိုင်ပါသည်။
- တစ်နှံလျှင် အောင်စေ့ ၁၅၀ မှ ၃၀၀ ခန့်အထိရှိပါသည်။
- ပတ်ဝန်းကျင်ဆိုးဝါးမှုဒဏ် (Poor Environment) ကို ကြံ့ကြံ့ခံနိုင်ပါသည်။
- အဓိကပြဿနာမှာ သွင်းအားစုများ စနစ်တကျထည့်ပေးပါက ယိုင်လဲလွယ်ပါသည် ။ (Lodging)၊ အထွက်နှုန်း (Rice Grain Yield) လည်းနည်းပါသည်။

ပုံ - ၅ ဒေသ တောင်ယာ စပါးပင်ပုံ
စပါးပင်၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု
(Growth and Development of Rice Plant)


စပါးပင်၏ သက်တမ်း (Life Period) သည် အညှောင့်ပေါက် (Germination) သည်မှ ရင့်မှည့်ချိန် (Maturity) အထိ ၃ လ မှ ၆ လ အထိ မျိုး နှင့် ရာသီဥတုအပေါ်တွင် မူတည်၍ရှိပါသည်။
စပါးပင်ကြီးထွားမှုအဆင့် (Growth Stages of Rice) ၃ ဆင့် ရှိပါသည်။
(က) ပင်ပိုင်းဆိုင်ရာကြီးထွားမှု (Vegetative Phase) သက်တမ်းအပေါ်မူတည်၍ ရက်ကွာပါသည်။
ဥပမာ - ၁၃၅ ရက်သက်တမ်း ရှိ စပါးဆိုလျှင် ပင်ပိုင်းကြီးထွားချိန် ၇၀-ရက်ခန့်ကြာပါမည်၊
(ခ) မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှု (Reproductive Phase) ၃၅-ရက်ခန့်
(ဂ) ရင့်မှည့်ပိုင်းဆိုင်ရာကြီးထွားမှု (Ripening Phase) ၃၀-ရက်ခန့် ရှိပါသည်။
စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင် (Rice Production and Environments)
စပါးပင်၏ အကောင်းဆုံးအထွက်ရရှိရန် စပါးစိုက်တောင်သူသည် စပါးပင် ကြိုက်နှစ်သက် သော (တစ်နည်းအားဖြင့်) စပါးပင်နှင့် သင့်တော်သော ပတ်ဝန်းကျင်ကို သိရှိရပါမည်။ ဤပတ်ဝန်းကျင်အတွက် (၂) မျိုးရှိပါသည်၊
(က) သဘာဝ (Nature) ၎င်းတွင် စပါးကြိုက် ရာသီဥတု (Favorable Weather)၊ စပါးကြိုက် မြေဆီလွှာ (Rice Suitable Soils) နှင့် ကောင်းသောဇီဝဝန်းကျင် (Good Biotic Surroundings) တို့ နှင့်
(ခ) စပါးတောင်သူကိုယ်တိုင် အသုံးပြု သော စိုက်ပျိုးထွန်ယက်နည်း စနစ်များ (Cultural Practices)၊ မြေဩဇာ၊ ဓာတုဆေး၊ လယ်ယာသုံး ကရီယာများ စသည့် သွင်းအားစုများ (Agricultural Inputs) ပင်ဖြစ်ပါသည်။

ပုံ - ၇ စပါးပင်နှင့် ပြင်ပလက္ခဏာများ
(အပိုင်း - ၂ ဆက်ပါဦး မည်)
(မှီငြမ်းစာအုပ်များ)
References
Arraudeau, M.A. and Vergara, B.S. (1988) A Farmer Primer on Growing Upland Rice. IRRI and IRAT. 292p.
De Datta, S.K. (1981) Principles and Practices of Rice Production. John Wiley & Sons. 640p.
FAO (1977) Upland Rice. Food and Agriculture Organization. 30p.
Pande, H.K. (1994) Improved Upland Rice Farming Systems. FAO. 117p.
Yoshida, S. (1981) Fundamentals of Rice Crop Science. IRRI. 279p.
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကတောင်စောင်းမှာဆိုလျှင် စပါးတတစ်မျိုးထည်းမဟုတ်ဘဲ သစ်ပင်ကြီးတစ်မျိုးမဖိား (သို့မဟုတ်) ဗက်တီဗာမြက်ကို မြေဆီလွှာတိုက်စားမှုထိန်းသိမ်းရန် ရောနှောစိုက်ပျိုးစေခြင်ပါသည်၊ အခွန်သာပါကစုပေါင်းဆွေးနွေးပွဲလေးလုပ်ပေးပါက ပိုမိုကောင်းမွန်ပါမည်၊
U Mg Mg Htwe
လွန်ခဲ့သော ၃ နှစ် ကဦးနော်တောင် ရချင်မှ တောင်ယာစပါးဘူကြီးနဲ့နာဇီမိုးကိုသိပါသလားလညကောင်းစပါးမျိုးသန့်ကဖိလပိုင်ကထုတ်တဲ့ယာစပါးထက်အထွက်ကောင်းပြီးပိုလဲအကြမ်းခံတယ်စိုက်ပျိုးရေးကယာ၄ဆိုပြီးမျိုးသန့်မျိုးအဖြစ်ထုတ်တယ်
ဦးနော်တောင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ် ကျနော်ခုလက်ရှိ ရိုးရာတောင်ယာ စိုက်ခင်းပြုလုပ်နေပါတယ်။ ကျနော့်ငယ်ကတည်းက ခုထိပါပဲ။ ဆက်လက်လမ်းညွန်မှုပေးစေလိုပါတယ်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....