ဆီးချိုသမားတွေ စားသင့်တဲ့အသီး ၁၀ မျိုး
ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့နေ့စဉ်ဘဝပိုင်ဆိုင်ဖို့ စား သောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ အိပ်စက်မှု၊ စိတ်ဖိစီးခြင်း နည်းပါးမှု စတာ တွေ လိုအပ်တဲ့အပြင် သွေးတွင်းဂလူးကို့စ်အဆင့်ကို အကောင်းဆုံးထိန်း ထားနိုင်ဖို့ကလည်း အထူးလိုအပ်လှပါတယ်။ သစ်သီးတွေဟာ ချိုတဲ့ သဘာဝရှိတာကြောင့် ဆီးချိုရောဂါရှင်တွေ အသီးရှောင်ရမယ်လို့ မှတ်ယူထားကြပေမယ့် တချို့သော သစ်သီးတွေက သွေးတွင်းသကြား ဓာတ်ကို ထိန်းထားပေးတဲ့ စွမ်းအင်ရှိတာကြောင့် အကျိုးဖြစ်စေတဲ့ အသီးတွေအကြောင်း မျှဝေချင်ပါတယ်။
ပန်းသီး
ကြွပ်ကြွပ်လေးနဲ့ အရည်ရွှမ်းချိုမြတဲ့ ပန်းသီးမှာ ပျော်ဝင်နိုင်စွမ်းရှိ တဲ့ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင် ပါတယ်။
ချယ်ရီသီး
ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။
အနက်ရောင်သပြေသီး
သွေးတွင်း သကြားဓာတ်နဲ့ပတ်သက်ပြီး အကောင်းဆုံး ထိန်းညှိပေး နိုင်တာကြောင့် ဆီးချိုရောဂါကုသရာမှာ အသုံးများပါတယ်။
မာလကာသီး
ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး မာလကာသီး မှာပါတဲ့ အာဟာရဓာတ်တွေက ပုံမှန်သွေးတွင်း သကြားပမာဏရှိအောင် ထိန်းထားပေးနိုင်ပါတယ်။
ဂရိပ်ဖရု(ရှောက်ခါးသီးကြီး)
အမေရိကန်ဆီးချိုအဖွဲ့အစည်းရဲ့ စူပါသီးနှံပဲ ဖြစ်ပါတယ်။ ခန္ဓာ ကိုယ်အတွက် လိုအပ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ကူညီပေးပြီး ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချိုဖြစ်ရင်လည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
ထောပတ်သီး
သွေးတွင်းသကြားပမာဏကို ထိန်းထားပေးပြီး ဆီးချိုဝေဒနာရှင် တွေ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။
စတော်ဘယ်ရီ
မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးပြီး သွေးဖိအားပုံမှန်ဖြစ် အောင် သွေးတွင်းသကြားပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။
လိမ္မော်သီး
ကိုယ်အလေးချိန် လျော့ကျစေပြီး ဆီးချိုရောဂါ ဖြစ်ပွားမှုအန္တရာယ် ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားပမာဏ ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။
သစ်တော်သီး
ဗီတာမင်အေ၊ ဘီဝမ်း၊ စီနဲ့ အီး၊ အမျှင်ဓာတ်တွေကြောင့် သွေး တွင်းသကြားဓာတ်ကို ထိန်းပေးပြီး ကိုလက်စထရောကျစေကာ ကိုယ်ခံ စွမ်းအားကောင်းစေပြီး အစာချေဖျက်မှု ကောင်းစေပါတယ်။
ကီဝီသီး
ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုပြီး ဗီတာမင်အစုံလည်း ပါ တာကြောင့် ဆီးချိုသမားတွေ လက်စွဲစားပေးသင့်ပါတယ်။
Ref: top10homeremedies
7daydaily မှ ကူးယူဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026