အိမ်ကပိုးတွေကို တာ့တာလုပ်လိုက်ပါ
အိမ်က ပိုးတွေကိုတာ့တာ လုပ်လိုက်ပါ
အိမ်မှာ ဂျပိုးတွေရှိနေတာ တကယ်ကိုစိတ်ပျက်စရာပါပဲ။ တာ့တာလုပ်ဖို့ အချိန်က တန်ပြီ။ အဲ့တော့ အကောင်းဆုံး အိမ်တွင်းဖြစ် ဂျပိုးတွေ ပြေးဆေးကို လုပ်နည်းလေးပြောပေးပါမယ်။
ရှာလကာရည်
ဈေးထဲမှာ တစ်လီတာပုလင်းနဲ့မှ (၂၀၀)တည်းရှိတာ.။ ရေနဲ့ ဆတူရောပြီး ပက်ဖျန်းပေးရင် ပုရွက်ဆိတ်တွေကိုပြေးစေပါတယ်။ နည်းနည်းတော့ အနံ့လေးတွေ ထွက်မှာပေါ့နော်။ ချဉ်စုတ်စုတ်လေး..
စားပွဲတိုင်ခြေတွေ၊ ကုတင်တိုင်တွေ ပုရွက်ဆိတ်လမ်းကြောင်းတွေမှာ သုံးပေးရင် သူတို့မလာတော့ပါဘူး။ ကုန်သွားရင်လည်း ထပ်ပြီး ဖျန်းပေးလို့ရပါတယ်။
ငရုတ်သီး
နောက်တစ်ခုကလည်း အိမ်မှာ ရနိုင်တဲ့ငရုတ်သီးပါပဲ။ သကြားပုလင်းတို့ ထန်းညက်ပုလင်းတို့ ထားတဲ့နေရာတွေမှာ ကြဲထားပေးရင် ပုရွက်ဆိတ်တွေ မလာတော့ပါဘူး။ ကိုယ် သိပ်မသုံးဖြစ်တဲ့ ကြောင်အိမ်ထဲထည့်ထားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
နောက်တစ်ခုက Peppermint Oil (ပူစီနံက ထုတ်ထားတဲ့ အနံ့ပါတဲ့ အဆီ)
ခုကတော့ တော်တော်များများဝယ်လိ့ရနေပြီဆိုတော့ ဒါကလည်း မခက်လောက်ဘူး ထင်ပါတယ်။
ပင့်ကူတွေ မ လာအောင် တားဆီးပေးနိုင်ပါတယ်။ ပြီးတော့ ပျပိုးတွေ၊ ကျိုင်းကောင်လေးတွေ၊ သန်းကောင်တွေ စာအုပ်ထဲမှာနေတတ်တဲ့ ပိုးကောင်လေးတွေ စတဲ့ ပိုးကောင်တော်တော်များများကိပြေးစေတဲ့အစွမ်းထက်တဲ့ အိမ်တွင်းဖြစ်ဆေးလေးဖြစ်တာကြောင်ု့ လိုက်လုပ်ပေးကြည့်ပါ။ နည်းလမ်းက (၃)နည်းရှိပါတယ်။ ပထမနည်းလမ်းကတော့
အဆီကို ဝါဂွမ်းလေးမှာစွတ်ပြီးတော့ ပိုးကောင်လေးတွေလာတတ် ရှိတတ်တဲ့နေရာမှာ ချထားပေးတာမျိုးပါ။
နောက်တစ်မျိုး တစ်ခါတည်း သုတ်ပေးလိုက်လည်း ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ရေရောပြိးတော့ ဖျန်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ရေရောပြီးပက်ဖျန်းမယ်ဆိုရင်တော့ ပူစီနံအဆီ(၁၀)စက်လောက်ကို ရေ လီတာဝက်လောက်နဲ့ ရောပြီးတော့ ဖျန်းပေးလို့ရပါတယ်။
လာဗန်ဒါနဲ့ သစ်ခွပင်တွေ ကနေထုတ်ထားတဲ့ အဆီတွေ
မွှေးမွှေးလေးတွေနော်။ ခြင်ပြေးအောင်သုံးလို့ရတဲ့နည်းလမ်းလေးပါ။ (၂)ခုကို ပေါင်းပြီးတော့ လိမ်းပေးရင် ကိုက်ခံထားရတဲ့ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။ လာဗန်ဒါအဆီကို လိမ်းပေးထားရင် ခြင်ကိုက်တာကိုသက်သာစေပါတယ်။ သူတို့ကလည်း မွှေးမွှေးလေးတွေဆိုတော့ အိမ်ထဲမှာလည်း အနံ့ပိုကောင်းစေတာပေါ့။
reference - https://www.quickenloans.com/blog/
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....