အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရာသီဥတုနှင့်လျော်ညီ အညာဒေသ၏ပဒေသာပင်

ရာသီဥတုနှင့်လျော်ညီ အညာဒေသ၏ပဒေသာပင်

Green Way
Green Way • 16/01/2018

အညာဒေသတွင် ရာသီဥတုနှင့်လျော်ညီစွာ ပေါများစွာပေါက်ရောက်သော အပင်မှာထန်းပင်များပင်ဖြစ်သည်။ ထန်းပင်များကို အညာဒေသတွင် ပဒေသာပင်ဟုတင်စား ခေါ်ဝေါ်ကြသည်။ ထန်းပင်တစ်ပင်လုံးမှ လူတို့အတွက် အသုံးမဝင်သော အစိတ်အပိုင်းဟူ၍ မရှိချေ။

ထန်းဖိုပင်နှင့်ထန်းမပင်မှ ထွက်ရှိသော ထန်းဖိုခိုင်နှင့် ထန်းသီးကိုလှီး၍ ထန်းလျက်ချက်သည်။ ထန်းရွက်ကိုနေအိမ် အဆောက်အအုံများတွင် အမိုးအကာအဖြစ် သုံးသည်။ ထန်းလက်ကို လျှော်ဆုတ်၍ တောင်း၊ ဆွဲခြင်းစသည့် လူ့အသုံးအဆောင်များ ရက်လုပ်ကြသည်။ ထို့အပြင် လျှော်ကို အဆောက်အအုံများ ဆောက်ရာတွင်သွပ်ကြိုး၊ ပလက်စတစ်ကြိုးများအစား ချည်နှောင်ရန် သုံးသည်။

ထန်းပင်မှထွက်ရှိသော ထန်းဆစ်ကို မီးမွေးရာတွင် လည်းကောင်း၊ တံမြက်စည်း စည်း၍လည်းကောင်း၊ အသုံးပြုနိုင်သည်။ ထို့အပြင် လျှော်မဆုတ်ရသေးသော ထန်းလက်ခြောက်ကို နေအိမ်များတွင် စားပွဲ၊ကုလားထိုင်၊ ထိုင်ခုံပြုလုပ် သုံးစွဲနိုင်သည်။ ထန်းပင်၏ ကိုယ်ထည်ပိုင်း (ပင်စည်) ကို ခွဲခြမ်းစိတ်ဖြာ၍ အညာဒေသရှိ နေအိမ်အဆောက်အအုံများတွင် ထုတ် ၊လျှောက် ၊ဒိုင်း ၊မြား အဖြစ် အသုံးပြုကြသည်။

အပင်ခြေ အမြစ်ဆုံကို နွားကျွေးရန် နွားစာကျင်း (နွားစာခွက်) သို့မဟုတ် ရေထည့်ရန် ကွင်း၍ အသုံးပြုနိုင်သည်။ ထန်းသီး အစေ့ကို မြေကျင်းတွင် စုပုံထည့်၍ ထန်းမြစ်အဖြစ် ပြုလုပ်စားသုံးနိုင်သည်။ ထန်းတစ်ပင်လုံး အသုံးမဝင်သည့် အစိတ်အပိုင်းဟူ၍ မရှိပေ။ ထန်းပင်တစ်ပင်လုံး အသုံးဝင်သော်လည်း ထန်းတစ်ပင်ဖြစ်ရန် မလွယ်ကူချေ။ အနှစ်၄၀၊ ၅၀ခန့် ကြာသည်ဟု ဒေသခံ လူကြီးများက ပြောပြသည်။
ယခင်ကထန်းပင်မှ ထန်းရည်ချိုနှင့်ထန်းလျက် ချက်သည့်လုပ်ငန်းကိုအဓိကထား လုပ်ကိုင်ကြသည်။ တောင်သူလုပ်ငန်းနှင့် ထန်းတက်သည့် အလုပ်ကို တွဲဖက်လုပ်ကိုင်ခဲ့ကြပြီး ထန်းတောင်သူဟူသော စကားအခေါ်အသုံးတွင်ကျယ်ခဲ့သည်။

ယခုအခါထန်းလှီးမည့် ထန်းလုပ်သားများ ရှားပါးလာခြင်း၊ ထန်းလျက်စျေးမကောင်းခြင်း တို့ကြောင့်ထန်းလှီးမည့်သူ နည်းပါးပြီး ထန်းပိုင်ရှင်များ ထန်းရွက်ချိုင် ရောင်းချနေကြရသည်။ ထို့ထက်ဆိုးဝါးစွာ ထန်းအပင်လိုက်ရောင်းချပြီး ထန်းသားအဖြစ် သစ်အစားထိုး ရောင်းချနေသည်မှာ စိတ်မကောင်းဖွယ်ရာပင်ဖြစ်သည်။

ယခင်က ညို့မှိုင်းနေသော ထန်းတောများမှာ ယခုအခါအပင်တို့ကျဲ လာသည်။ ယခုအတိုင်းကာလ ကြာရှည်လာပါက ပဒေသာပင်ဟုတင်စားပြီး တန်ဖိုးထားခဲ့ကြသည့် အညာထန်းပင်များ ရှားပါးလာမည်ကို ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)

REF: ေၾကးမံႈ
 

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။