သတိပြုစေချင် အဖ်လာတော်ဆင် (Aflatoxin) (အပိုင်း ၂)
မြန်မာနိုင်ငံမှ ထုတ်လုပ်သော မြေပဲဆီ၊ နှမ်းဆီများ (ဆုံဆီ နှင့် စက်ဆီ) တွင် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှု ရှိရခြင်းမှာ ဆီကြိတ်သောဆုံ (သို့) စက်များတွင် မှိုပေါက်ပွားမှုများ ရှိနိုင်သလို မြေပဲ၊ နှမ်း တို့တွင်လည်း ထိုမှိုများပါ၀င်မှုကြောင့် ဖြစ်နိုင်သည်။
ငရုတ်သီးမှုန့် ပြုလုပ်ရန်အတွက် ငရုတ်သီးများများ သိုလှောင်ရာတွင် အစိုဓါတ်ကို အတတ်နိုင်ဆုံး လျော့ ချရန်ဖြစ်သော်လည်း၊ ခြောက်သွားပါက သယ်ယူပို့ဆောင်ရာတွင် အသီးများကွဲအက်ကာ အစေ့များ ထွက်ကျကုန်သဖြင့် အလေးချိန်လျော့သွားခြင်း၊ အစိုဓါတ်မရှိသဖြင့် အလေးချိန်လျော့သွားခြင်း စသည် တို့ မဖြစ်စေရန်အတွက် အစိုဓါတ်ကို လိုအပ်သလောက် မလျော့ခြင်းများကြောင့် မှိုပေါက်ပွားမှုကို အား ပေးစေသည်။ ၎င်းမှိုများပါ၀င်သော ငရုတ်သီးများကို အမှုန့်ကြိတ်ပါက အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှု ရှိမည်ဖြစ်သည်။
အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှုကို TLC (Thin layer chromatography), HPLC (High Performance Liquid Chromatography) နှင့် ELISA (Enzyme-Linked Immunosorbent Assay) စသော ခေတ်မီနည်းပညာများဖြင့် စမ်းသပ်စစ်ဆေးနိုင်သည်။ သို့သော် သီးနှံအစုအပုံများတွင် မှိုနှင့် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှုကို စမ်းသပ်ရာတွင် လုံလောက်သော နမူနာနှင့် ကိုယ်စား ပြုနမူနာ ဖြစ်ရန် လိုအပ်သည်။
အမေရိကန်နိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး((FDA) မှ အစားအစာများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှု သတ်မှတ်ထားသော နှုန်းထားမှာ သန်း ၁၀၀၀ လျှင် ၂၀ (20 ppb) အထိသာ ပါဝင်ရမည် ဖြစ်သည်။ တိရစ္ဆာန်အစားအစာများတွင်မူ သန်း ၁၀၀၀ လျှင် ၃၀၀ (300 ppb) အထိ ခွင့် ပြုထားသည်။ ဥရောပသမဂ္ဂနိုင်ငံများတွင် အစားအစာ၌ အမြင့်ဆုံးပါ၀င်နိုင်မှု ကန့်သတ်ထားသော နှုန်းထားမှာ သန်း ၁၀၀၀ လျှင် ၄ - ၁၅ (4 to 15 ppb) ဖြစ်သည်။
မရိတ်သိမ်းမီ စိုက်ခင်း၌ပင် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှုကို ထိန်းချုပ်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ကောင်းမွန်သော စိုက်ပျိုးရေးနည်းလမ်းကောင်းများ Good Agricultural Practice (GAP) ကို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အဖ်လာတော်ဆင် (Aflatoxin) ထုတ်လုပ်နိုင်သော မှိုပေါက်ပွားမှု၊ ပါ၀င်မှုကို ထိန်းချုပ်ကာကွယ်နိုင်ပါသည်။
- စိုက်ခင်းမြေကို ကောင်းစွာ ပြုပြင်ပါ။
- သီးနှံပင်ကြွင်းပင်ကျန်များကို ဖျက်ဆီးပစ်ပါ။
- သီးနှံများ အဟာရဓါတ်အပြည့်အစုံရအောင် မြေသြဇာကို လိုအပ်သလိုသုံးပါ။
- သီးနှံများကို အလှည့်ကျစိုက်ပျိုးပါ။
- မှိုနှင့် အင်းဆက်ဖျက်ပိုးများ ခံနိုင်ရည်ရှိသော မျိုးများသုံးစွဲပါ။
- မျိုးစေ့ကို ဟိုမိုင်း၊ ကာဗင်ဒါဇင်၊ ဘီနိုမိုင်း စသောဆေးတို့ဖြင့် လူးနယ်စိုက်ပျိုးပါ။
- အင်းဆက်ဖျက်ပိုးများကို နှိမ်နင်းပါ။
- ရောဂါကျရောက်မှုကို နှိမ်နင်းပါ။
- ခြောက်သွေ့မှုမရှိစေရန် ရေသွင်းဆောင်ရွက်ပါ။
- သီးနှံရင့်မှည့်မှုအဆင့် မှန်ကန်သောအချိန် နှင့် မှန်ကန်သင့်လျော်သော အစိုဓါတ်ရှိချိန်တွင် ခူးဆွတ်ရိတ် သိမ်းပါ။
ရိတ်သိမ်းချိန်နောက်ပိုင်းနှင့် သိုလှောင်ချိန်တွင် အရေးအကြီးဆုံးနှင့် ထိရောက်သော ကာကွယ်နည်းမှာ အစိုဓါတ်ပါ၀င်မှုကို ထိမ်းချုပ်သော နည်းဖြစ်သည်။
အစိုဓါတ် သင့်လျော်သောအချိန်တွင် ရိတ်သိမ်းခြင်း၊ ရိတ်သိမ်းပြီးသီးနှံများအား သိုလှောင်ရာတွင် သတ် မှတ်ထားသော အစိုဓါတ်ရရှိအောင် ဆောင်ရွက်ခြင်းသည် မှိုများပေါက်ပွားမှုနှင့် အဖ်လာတော်ဆင် (Aflatoxin) ထုတ်လုပ်မှုကို တားဆီးပေးရာတွင် အလွန်အရေးပါသည်။ သိုလှောင်ရာ၌ ပြောင်းအတွက် ၂၀ ဒီဂရီစင်တီဂရိတ်တွင် လုံခြုံစိတ်ချရသော အစိုဓါတ်သည် ၁၄ ရာခိုင်နှုန်း ဖြစ်သော်လည်း မြေပဲ အတွက်မူကား ၇ ရာခိုင်နှုန်းခန့် ဖြစ်သည်။ ထိုအစိုဓါတ်ကို သိုလှောင်ရာနှင့် သယ်ယူပို့ဆောင်ရာတွင် ထိန်းသိမ်းထားရှိရန် လိုအပ်သည်။
အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်အောက်တွင် Aspergillus flavus မှိုပေါက်ပွားမှု နှေးကွေးသွားပြီး ၃၇ ဒီဂရီစင်တီဂရိတ်တွင် ပေါက်ပွားမှု အမြန်ဆုံးဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့တင်ပို့မည့် မြေပဲများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င် မှုကို သန်း ၁၀၀၀ လျှင် ၂၀ (၂၀ ppb) အထိသာခွင့်ပြုပြီး စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ သီးနှံကာ ကွယ်ရေးဓါတ်ခွဲခန်းမှ စစ်ဆေးမှုများပြုလုပ်ကာ လက်မှတ်များ ထုတ်ပေးလျှက်ရှိသည်။
ဘေးကင်းလုံခြုံစိတ်ချရသော အစားအစာအတွက် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှုကို တရား၀င် အတည်ပြု ပြဌာန်းထားခြင်း မရှိသေးသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရောင်းချသော အစားအစာ များတွင် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှုသည် လွန်စွာနည်းပါးသည်။
အစားအစာများတွင် အဖ်လာတော်ဆင် (Aflatoxin) ပါ၀င်မှုကို သာမာန်မျက်စိဖြင့် ခွဲခြားနိုင်ခြင်း မရှိ သဖြင့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းမှာ အစားအစာများကို သေချာစွာစစ်ဆေးပြီး မှိုတက်သော အသီးအနှံနှင့် အစားအစာများကို စားသုံးခြင်းမပြုဘဲ စွန့်ပစ်ခြင်းပင်ဖြစ်ပေသည်။
Source - သီးနှံကာကွယ်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026