ဖရဲအတွက် လိုက်နာသင့်သော အချက်တစ်ချက်
ဥယျာဉ်ခြံသီးနှံပင်တွေထဲက Fruit vegetable တစ်မျိုးဖြစ်တဲ့ ဖရဲသီးနှံဟာ သီးနှံဖြစ်ထွန်း အောင်မြင်အောင်စိုက်နိုင်ပြီး စျေးကောင်းမိရင် စီးပွားရေးအရ အင်မတန်တွက်ချေကိုက်သော သီးနှံတစ်ခုပါ။ ဒီသီးနှံမှာ အခြားသီးနှံတွေနဲ့ မတူတာက သီးနှံဖြစ်ထွန်းအောင်မြင်ဖို့ ခက်သလို စျေးကောင်းမိဖို့လည်း ခက်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းပြောရရင်တော့ သူဌေးဖြစ်ခွေးဖြစ် သီးနှံလို့လည်း ပြောလို့ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ သီးနှံဖြစ်ထွန်းပြီး စျေးကောင်းမိလိုက်ရင် အတိုင်းအတာတခုအထိ အဆင်ပြေနိုင်လို့ သူဌေးဖြစ်တယ်လို့ တင်စားနိုင်သလို စျေးကောင်းမမိသော်လည်း သီးနှံဖြစ်ထွန်းအောင်မြင်ရင် အတိုင်းအတာတခု ပြန်ရနိုင်ပါသေးတယ်။ နောက်ဆုံးအဆင့်ရောက်ခါနီးမှ အကြောင်းအမျိုးမျိုးကြောင့် သီးနှံပျက်ရင်တော့ အရှုံးနဲ့ရင်ဆိုင်ရပြီး နွားရောင်း၊ မြေပေါင်၊ ရွှေရောင်း၊ အိမ်မိုးထားတဲ့ သွပ်ခွာရောင်း၊ အတိုးယူပိုက်ဆံချေးနဲ့ အကြွေးသံသရာလည်ပြီး ခွေးဖြစ်တော့တာပါပဲ။ ဖရဲနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေက အများကြီးပါ။
ဖရဲစိုက်ပြီး ဘဝပျက်ရလွန်းလို့ ''ဖရဲ သရဲထက် ကြောက်စရာကောင်းတယ်'' လို့တောင် ပြောကြတယ်။ တစ်နှစ်ကဆို သီးနှံက ဖြစ်ထွန်းအောင်မြင်ပါရဲ.။ စိုက်လိုက်ကြတာ တရုတ်စျေးကွက်ကို အားကိုးပြီးတော့။ တနိုင်ငံလုံး ဖရဲ ဖရဲနဲ့။ ဟော၊ သီးနှံပေါ်ချိန်လည်း ရောက်ရော၊ ဝယ်မယ့်သူမရှိတော့လို့။ ဖရဲခင်းနားမှာ ဆိုင်းဘုတ်တောင် ချိတ်ထားရသတဲ့။ ''ဒီအခင်းနားကဖြတ်သွားပြီး ဖရဲသီး ဝင်မခူးတဲ့အကောင် ငါ့သားကွာ'' ဆိုပြီး။ ပြောချင်တာကတော့ ဖရဲမှာ စျေးကွက်သဘောတရားကို ချိန်ဆပြီး စိုက်ဖို့ အရေးကြီးသလို ရင်မတန်ရှုပ်ထွေးတဲ့ ပိုးမွှားရောဂါပြသနာ၊ အပင်အာဟာရ ဟန်ချက်ညီအောင်ထည့်သွင်းဖို့တွေကိုလည်း ဂရုစိုက်ဖြေရှင်းဖို့လိုပါတယ်။ ဖရဲဟာ တောင်သူစကားနဲ့ပြောရရင်တော့ သခင်ကို စွန့်သွားတတ်တဲ့ သီးနှံတစ်မျိုးပါ။
ဖရဲပြသနာတွေထဲက တွေ့ရတတ်တဲ့ ပြသနာတစ်ခုက ဖရဲနဲ့ပတ်သက်ဖူးတဲ့ စိုက်ပျိုးရေးညီနောင်များအားလုံး ကြုံဖူးကြမှာပါ။ အညွန့်နောက်ပြန်လှန်သွားတဲ့ ပြသနာပါ။ တချို့လည်း အနည်းလိုအာဟာရဓာတ် ဘိုရွန်ချို့တဲ့လို့ ဖြစ်တဲ့ ပြသနာလို့ ယူဆပါတယ်။ တချို့လည်း ရောဂါ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်လို့ ပြောပါတယ် (ဒီစာမှာ ဒါဘာကြောင့်ဖြစ်တယ်ဆိုတာကို အကျယ်တဝန့် ပြောလိုတာ မဟုတ်ပါဘူး)။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီပြသနာဖြစ်ရင်တော့ နေ့ချင်းညချင်းကို သီးနှံက ပျက်တော့တာပါပဲ။ အပင်အာဟာရ ရှုထောင့်က ဖြေရှင်းရှင်း၊ ပိုးမွှားရောဂါ ရှုထောင့် ဖြေရှင်းရှင်း၊ မရတော့တာတော့ ကျိမ်းသေပါပဲ။ ဘယ်ဆေးနဲ့ ကုကု မရတော့၊ တောင်သူတော့ ရှုံးပြီပေါ့။ ဒီပြသနာကနေ တောင်သူတွေကြားထဲမှာ ဆိုရိုးစကားတစ်ခုတောင် ဖြစ်လာပါတော့တယ်။ ''ဖရဲနောက်ပြန် ထယ်ထိုးလှန်'' တဲ့။ မရတော့ဘူးပေါ့။ တခင်းလုံး ထယ်ထိုးမှောက်ပလိုက်တော့ ဆိုတဲ့သဘော။ ဒါကိုပဲ တောင်သူတစ်ယောက်က ဘာပြောလဲဆိုတော့ - ''ဆရာတို့သာ၊ ဒီဖရဲနောက်ပြန်တဲ့ ပြသနာကို ဖြေရှင်းဖို့ ဆေးမရှိတာ၊ ကျနော်တို့ရွာမှာ ဆေးဖော်ထားတာ ရှိပါ့၊ ဆေးနံမည်က နွားညီနောင် နီတစ်'' တဲ့။ သူဆိုလိုတာကတော့နွားနှစ်ကောင်ကောက်ပြီး နီ-၁ မြ ထယ်နဲ့သာ ထိုးပလိုက်ပါတော့တဲ့ (နီ-၁ မြထယ်သွား ဆိုတာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းနယ်မှာ နာမည်ရှိတဲ့ ထယ်သွားတံဆိပ်ပါ)။
ဒါဟာ ဖရဲပြသနာတွေထဲက ဥပမာတစ်ခုပါ။ အခြား ပြသနာပေါင်းများစွာ ရှိပါတယ်။ ရောဂါပိုးမွှားပြသနာတွေရဲ့ သဘောသဘာဝအတိုင်း ပထမစိုက်ခါစနှစ်မှာ ပြသနာမရှိပေမယ့် နောင်နှစ်တွေမှာ ပြသနာတွေတန်းစီပြီ လာတော့ တာပါပဲ။ ရာသီပေါ်သီးနှံပင်တိုင်းလိုလိုမှာ ဒီလိုပြသနာမျိုးကြုံတွေ့ရပေမယ့် ဖရဲက အခြားသီးနှံတွေထက် အများကြီး ပိုပါတယ်။ ကြုံလို့ပြောရရင်တော့ ဒီအချက်ကို တရုတ်က ကောင်းကောင်းသိပါတယ်။ သူတို့ဆီမှာ ဒီလို ပြသနာတွေကြုံလာတော့ မြန်မာပြည်ဘက်ကို လာပြီးမြေငှားပြီး စိုက်ပါတော့တယ်။ မြန်မာတောင်သူအများစုကလည်း သီးနှံစျေးကမကောင်း၊ ပိုးသတ်ဆေးမြေသြဇာ စျေးကကြီး၊ ရာသီဥတုကမမှန်တော့ ကိုယ်တိုင်စိုက်တာထက် မြေကိုငှားလိုက်တာကမှ ပိုက်ဆံရတာ သေချာတယ်ဆိုပြီး တရုတ်တွေကို ဖရဲစိုက်ဖို့ မိမိတို့ မြေတွေကို ငှားလိုက်ပါတော့တယ်။ ကိုရွှေတရုတ်တွေက လူလည်တွေပါ။ တနေရာကို ဖရဲစိုက်ဖို့ တရာသီစာအတွက်ပဲ ငှားပါတယ်။ ပြီးရင် တခြား ဖရဲမစိုက်ရသေးတဲ့၊ ဖရဲမစိုက်ဘူးသေးတဲ့ မြေကို လိုက်ရှာငှားပြီး စိုက်ပါတယ်။ တောင်သူတွေ ရလိုက်တာက ပိုက်ဆံထက် ပြသနာတွေနဲ့ ကျန်ခဲ့တဲ့ မြေပါ။ နောက်နှစ် အဲဒီမြေမှာဖရဲစိုက်ဖို့ လုံးဝ မဖြစ်နိုင်တော့သလို ကျန်တဲ့ အုပ်စုတူ သီးနှံပင်တွေကိုပါ ဒုက္ခပေးပါတော့တယ်။ ဖရဲစိုက်ပျိုးပြီး မြေမှာ နောက်ဆက်တွဲပြသနာတွေဟာ အခုဆိုရင် မကြာခဏကြားကြားနေရပါပြီ။
ဖရဲမှာ အဲ့ဒီဒုက္ခပေးတဲ့ ပြသနာက ဘာလဲ။ ဖြစ်နိုင်ချေအကြောင်းအချက် များစွာရှိတဲ့အထဲက တစ်ခုကတော့ ရောဂါပါ။ ရောဂါတွေထဲကမှ မှိုရောဂါတစ်ခုဆိုရင် ရောဂါဖြစ်စေတဲ့ သက်ရှိမှိုမျှင်ဟာ မြေထဲမှာ ၁၀-၁၅ နှစ်အထိရှင်သန်ပြီး အပင်တွေကို အမြစ်ကနေဝင်ရောက်ပြီး ဒုက္ခပေးတယ်လို့ တွေ့ရပါတယ်။ သူ့ကို ဓာတုဗေဒနည်း (Chemical control) နဲ့ နှိမ်နင်းဖို့ မဖြစ်နိုင်ဘူးလို့ သုတေသနတွေက ဆိုပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ သီးလှည့်စိုက်ပျိုးဖို့ပါပဲ။ ကျနော် ဖတ်ဖူးသလောက် ဖရဲနဲ့ ပတ်သတ်တဲ့ စာအုပ်၊ သုတေသနစာတမ်းတွေမှာ ဒီအကြောင်းအချက်ပြသနာကို ရှားရှားပါးပါး ထောက်ပြတာဆိုလို့ အမေရိကန်နိုင်ငံကရေးတဲ့ စာအုပ် ၂ အုပ်မှာပဲ တွေ့ဖူးပါတယ်။ အမှတ်မမှားဘူးဆိုရင်တော့ Southern Horticulture (1950 ပတ်ဝန်းကျင်က စာအုပ်) မှာရယ်။ နောက်တစ်အုပ်ကလည်း အတော်ဟောင်းနေပါပြီ၊ James Hertbert Beattie နဲ့ Sears Polydore Doolittle တို့ရေးတဲ့ Watermelons ဆိုတဲ့ စာအုပ်မှာပါ။ နှစ်အုပ်စလုံးရဲ့ ထောက်ခံချက်ကတော့ ''ဖရဲစိုက်ပြီးသားမြေမှာ နောက်ထပ် ၈နှစ်ကနေ ၁၀ နှစ်အတွင်း ဖရဲပြန်မစိုက်ပါနဲ့'' လို့ လမ်းညွှန်ထားပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖရဲစိုက်ဖို့ စဉ်းစားရင်ပဲဖြစ်ဖြစ်၊ သူများကို ဖရဲစိုက်မှာကို မြေငှားဖို့ပဲ ဖြစ်ဖြစ်၊ ဒီအချက်ကို အထူးဂရုပြုဖို့ လိုမယ်လို့ လက်ဆင့်ကမ်း အကြံပြုပါရစေ။ ။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
2:00 PM
22-12-2014 (Monday)
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....