သင်္ဘာသီးအသုံးဝင်ပုံ
မြန်မာ့ဆေးမြီးတို- သင်္ဘောသီး၌လူကိုကျန်းမာစေကာ အသက် ရှည်၍ ရောဂါကင်းဝေးစေနိုင်သော သတ္တိထူးရှိ၏။ သင်္ဘောသီး အစိမ်းအရည်တွင် သကြားရော၍ တစ်နေ့သုံးကြိမ်မျှသောက်က သရက်ရွက်ကြီးခြင်း၊ အသည်းကြီးခြင်းနှင့် မြင်းသရိုက်ရောဂါပျောက်၏။
သင်္ဘောသီးနုနုကို အခြောက်လှမ်း အမှုန့်ပြုပြီး အနည်းငယ်မျှစားသော် အဆက်မပြတ်သော ဝမ်းပျက်ရောဂါပျောက်၏။
သင်္ဘောသီးဝမ်းပျဉ်းကို ဟင်းချက်စားခြင်း၊ သနပ်လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။
သင်္ဘောသီးစိမ်းကို လှီးဖြတ်၍ ထွက်လာသောအရည်ကို ကင်းကိုက်ခံရသော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ်ပြေ၏။
သင်္ဘောသီးနုနုကို ဆားနှင့် တို့စားက ဆုံဆို့နာ ပျောက်၏။
အိန္ဒိယဆေးမြီးတို- သင်္ဘောသီးမှည့်ကို မနက်စာမှာ စားပေးထားမယ်ဆိုရင် ဝမ်းမချုပ်စေဘူး။ အစာစားချင်စိတ် တိုး တက်ကောင်းမွန်စေတယ်ဝမ်းဗိုက်လေထိုးခြင်းမရှိစေဘူး။
သင်္ဘောသီးမှည့်ကိုအနည်းဆုံး(၂၀၀)ဂရမ် (၁၂)ကျပ်သားခန့် နေ့စဉ်စားပေးရင် အစာအိမ်တွင် အက်ဆစ်အချဉ်ကြောင့်လေချဉ်မတက်ခြင်း မဖြစ်ပွားပါ။
သင်္ဘောသီး မှည့်ခါနီးကို ငါးနဲ့ ဟင်းချိုချက်သောက်ရင် နို့တိုက်မိခင်များ နို့ရည်စီးကျသောအား ပိုကောင်းစေပါတယ်။
မမှည့်သော အသီးကို ပဋိသန္ဓေတားရန်အတွက်လည်း စားသုံးလေ့ ရှိကြတယ်။ (ကိုယ်ဝန်ဆောင်များ သင်္ဘောသီးအစိမ်းကို မချက်မပြုတ်ဘဲ မစားသင့်ပါ။ တစ်ချို့ သင်္ဘောသီးအစိမ်းနှင့် အစေ့ကို စားသုံးပြီး ကိုယ်ဝန်ဖျက်ချကြသူရှိတယ်လို့ဆိုပါတယ်)
မမှည့်သော အသီးကို ပါးစပ်အနာ၊ အရည်ကြည်ဖုပေါက်သောအနာ၊ အရည်ပြားပေါ် ပြည်တည်နေသော ရောင်ရမ်းနာတွေမှာ သုတ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်တယ်။
အစေ့အသုံးပြုပုံ
မြန်မာ့ဆေးမြီတို- သင်္ဘောသီး အစေ့အရေအတွက်ကို အရွယ်နှင့်ချင့်၍စားသော် ဝမ်းတွင်းရှိ သန်များကျ၏။
အိန္ဒိယဆေးမြီးတို- သင်္ဘေသီး အစေ့ခြောက်ကို အမှုန့်ကြိတ်ပြီး ဗီနီကာရေနှင့် ရောလိမ်းပေးရင် အသားအရေ ယားယံတာကို သက်သာစေတယ်။
အစေ့လတ်လတ်ဆတ်ဆတ် သို့မဟုတ် အစေ့ခြောက်ကို ကြိတ်ပြီး ငရုတ်ကောင်းမှုန့်ကဲ့သို့ အသုံးပြုရင် ဘက်တီးရီးယားကြီးထွားမှုပွားများမှု့ကို တားဆီးဟန့်တားနိုင်တယ်။
က်တီးရီးယားများ သတ်နိုင်သော စွမ်းရည်ရှိတယ်။ မှိုရောဂါများကို သတ်နိုင်သော စွမ်းရည်ရှိတယ်။
သင်္ဘောသီး အစေ့ အမှုန့်ကြိတ်ချေပြီး လက်ဘက်ရည်ဇွန်းတစ်ဝက်ကို ရေနွေးနွေးနှင့် မနက်စောစော အစာမရှိခင်မှာ သောက်ပါ။ နောက်(၂)နာရီ ကြာသောအခါမှာ ကြက်ဆူဆီ (၅၀) မီလီလီတာနှင့် နွားနို့(၃၅၀) မီလီလီတာ ဘာမှ မစားရသေးခင် သောက်ပါ။ (၂-၄) ရက် ကြာအောင်နေ့စဉ်သောက်သုံးပေးခြင်းဖြင့် သံကောင်များ ကျစေပါလိမ့်မယ်။
သင်္ဘောသီး အစေ့မှုန့်ကို ငရုတ်ကောင်းကဲ့သို့ အစားအစာမှာ ဖြူးစားခြင်းဖြင့် အသည်းကိုအဆိပ် ပြေစေနိုင်တယ်။
အစေ့မှုန့်စားခြင်းဖြင့် ရာသီစီးဆင်းမှု ပိုကောင်းစေတယ်။ သို့သော်လည်း ကိုယ်ဝန်သည်အဖို့ ပျက်ကျခြင်း ဖြစ်တတ်တယ်။
(သင်္ဘောသီးအစေ့က အခါးဓာတ်များတဲ့အတွက် ဒီအတိုင်းဝါးစားရင် အဆင်မပြေပါ။ အနည်းငယ်မျှ အရင်စားပြီးမှ တဖြေးဖြေး တိုးစားသွားပါ သို့မဟုတ် ပျားရည်နှင့်စားပါ။)
အစေး(Latex) အသုံးပြုပုံ
မြန်မာ့ဆေးမြီးတို-သင်္ဘောသီးအစိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ပွေးနာနှင့် အရေပြားရောဂါများကို လိမ်းပေးက ပျောက်၏။
အနာအဖုများနှင့်လူပျိုနာကြောင့်ဖြစ်သော အနာများကို သင်္ဘောသီးအစေးလိမ်းပေးကပျောက်၏။
လူလတ်အရွယ်များ အစေးအနည်းငယ်မျှကို နွားနို့ သကြားခဲရရာနှင့် စားသော် အစာမကြေရောဂါပျောက်၏။
အစေးကို ထန်းလျက်နှင့်နယ်စားသော် သန်ကျ၏။
အစေးကို ခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုးအခြင် ကြွက်သားစသည့် အစိတ်အပိုင်းများကို ပြုပြင်ရန်နှင့် အစာအိမ်အူသိမ်တို့၏ အတွင်းဆုံးအသားအမျှင်များ ပျက်ဆီးချွတ်ယွင်းသည့် အနာအဆာကြောင့် ဖြစ်သော ဗိုက်နာ၊ အူနာစသော ရောဂါများ ပျောက်ကင်းစေရန် အကောင်းဆုံးဆေးအဖြစ် သုံးနိုင်သည်။
အိန္ဒိယဆေးမြီးတို- အိမ်တွင်းသုံးအဖြစ် သင်္ဘောအစေးကို ရေနွေးပူလောင်သော နေရာမှာ ကြွက်နို့အသားမာမှာ၊မှည့်ခြောက်မှာ သုတ်လိမ်းကြတယ်။ကိုယ်ဝန်ပျက်ကျသောကြောင့် သားအိမ်လမ်းကြောင်းယားယံတာကိုလည်းသုတ်လိမ်းကြတယ်။သံချဆေးအဖြစ်လည်း သုံးကြတယ်။
(မှတ်ချက်။ ။ သင်္ဘောသီးရဲ့အစေးကလည်း တစ်ချို့သော အစေးပါသော အသီးများကဲ့သို့ပင် ဓာတ်မတည့်တာမျိုး ရှိတတ်ကြတယ်။ ထိုသူများအဖို့ အစေးလောင်တာဖြစ်တတ်လို့ သင်္ဘောသီးအစိမ်းကို သတိထားရပါမယ်။ သင်္ဘောသီးအစေးထက် သရက်သီးအစေးက ပိုဆိုးစေပါတယ်။)
အရွက်(Leaves)အသုံးပြုပုံ
မြန်မာ့ဆေးမြီးတို- သင်္ဘောရွက်ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ်ရောလိမ်းသော် အကြောတက်ခြင်းပျောက်၏။
အရွက်ကိုမီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲထည့်စားခြင်းဖြင့် နားအူလေထွက်ရောဂါပျောက်၏။
အိန္ဒိယဆေးမြီးတို- အရွက်ကိုရေဆေးနုတ်နုတ်စင်း ထုထောင်းပြီး အရည်ညှစ်ကာ ပိတ်ပါးစနှင့် စစ်ပါမယ်။ တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း(၂) ဇွန်းဖြင့်သောက်ပေးလျှင်သွေးလွန်တုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါပျောက်ကင်းနိုင်တယ်လို့ ယုံကြည်ကြတယ်။
အရွက်ခြောက်ကို ဝမ်းနှုတ်ဆေးအဖြစ်သုံးနိုင်တယ်။ ကိုယ်ဝန်ဆောင်သူအဖို့ ကိုယ်ဝန်ပျက်ကျ နိုင်သဖြင့် သတိထားပါ။
အရွက်အရည်ကို ဒဏ်ရာများနှင့် ထိခိုက်နာကျင်မှုများတွင် ဖန်ရည်ကဲ့သို့ဆေးကြောပေးကြတယ်။
ဆေးလိပ်ဖြတ်ချင်သူတွေအဖို့သင်္ဘောရွက်ခြောက်အပိုင်းအစကို လိပ်ကာဆေးလိပ်ကဲ့သို့ သောက်သုံးကြတယ်။အသက်ရှုကြပ်တာသက်သာတယ်လို့ဆိုတယ်။
အော်ဂလီဆန်နေသောအခါ သင်္ဘောရွက်ကိုစားသုံးကြတယ်။
ကိုးကား-စီးပွားဖြစ် သဘောင်္စိုက်ပျိုးနည်း ( မင်းဝင်းထိန် B.Ag)
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....