မြေဆီလွှာတိုက်စားမှုကာကွယ်နိုင်သည့် ဗက်တီဗာမြက်
Basic Agricultural Science – (71) Vetiver Grass
ကျွန်တော်တို့အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ သီးနှံသစ်တောရောနှောစံပြစိုက်ခင်း (Agroforestry Model Farm) တွင် စိုက်ပျိုးရေးအသိပညာပေးရင်း တောင်စောင်းတွေမှာ မြေဆီလွာတိုက်စားမှု အကာအကွယ်ပေးနိုင်သည့် ဗက်တီဗာမြက် (Vetiver Grass) အကြောင်းဆွေးနွေးဖြစ်ခဲ့ကြပါသည်။
အပင်၏ သိပ္ပံအမည် (Scientific Name) (သို့) ရုက္ခဗေဒအမည် (Botanical Name) မှာ - Chrysopogon zizanioides (ယခင် Vetiveria zizanioides) ဖြစ်ပါသည်။ မြက်မျိုးရင်း (Grass Family – Gramineae (ယခု Poaceae) ဝင် အပင်ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဒေသအခေါ် ခွတ် (Khus) ဟုခေါ်ဆိုပါသည်။

ပုံ ၁ - ဗက်တီဗာမြက်
အပင်သည်အကြမ်းခံပြီး အလွယ်တကူ စိုက်ပျိုးပြုစုနိုင်ပါသည်။ ဗက်တီဗာမြက်ကို အော်ဂဲနစ်စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်မှ လက်ဆောင်ပေးသဖြင့် စံပြစိုက်ခင်းတွင်လည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင်လည်းကောင်း၊ စိုက်ပျိုး သရုပ်ပြပေးရန် ပြင်ဆင်နေပါသည်။ ဦးသိန်းမော် ဘာသာပြန်ဆိုသည့် ‘ဗက်တီဗာမြက်’ စာအုပ်ကိုပါ ပူးတွဲလက်ဆောင်ပေးရာ ၎င်းစာအုပ်နှင့် အင်တာနက် (Internet) ထဲမှ အချက် အလက်များအရ အပင်သည် စိုက်ပျိုးသည့် မြေသားအပေါ်မူတည်ပြီး
(က) အမြစ် (Root) ၆-ပေ မှ ၁၈-ပေ နက်နက်ထိုးဆင်းနိုင်ကာ အစိုဓာတ်နှင့် အာဟာရဓာတ်ကို ထိန်းသိမ်းပေးထားနိုင်ပါသည် (To conserve soil moisture and nutrients effectively)။ ဘေးမြစ် (Lateral Roots – Stolon or Rhizomes) မရှိ၍ ဘေးသို့ဖြာမထွက်ဘဲ အောက်ခြေသို့သာ နက်နက်သွားရတဲ့ သဘောရှိပါသည်။ ဤသည်ကပင် တောင်ကုန်းတောင်စောင်းများအတွက် မြေဆီလွှာတိုက်စားမှု (To control Soil Erosion) ကာကွယ်ရန် အချက်တစ်ခုဖြစ်ပါလိမ့်မည်။ အမြစ်၏သံမာမှုသည် သံမဏိ အပျော့စား (Mild Steel) ကဲ့သို့ ဆန့်နိုင်စွမ်းအား ၆-ပုံ ၁-ပုံ (A tensile strength of 1/6) အထိရှိ၍ တောင်စောင်းတွင်မူ ၄၅ - ရာခိုင်နှုန်းအထိ ကြံ့ကြံ့ခံကာ တောင့်ပေးထားနိုင်ပါသည်။

ပုံ ၂ - ဗက်တီဗာမြက်ပင်၏အမြစ်
(ခ) အရွက် (Leaf) အမြင့် ၅ - ပေကျော်အထိ ဖြောင့်တန်းစွာထွက်နိုင်သည်။ အညွန့်ပိုင်း (Shoot) သည် မြေအောက်ပင်စည် (Underground Crown) မှထွက်သဖြင့် အေးသောဒေသတွင် နှင်းခဲရိုက်သည့်ဒဏ် (Frost Tolerant) နှင့် ပူပြင်းသောဒေသတွင် တောမီးလောင် (Wildfire Tolerant) သည့် ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိပါသည်။ အရွယ်ရင့်လာသောအခါ ရွက်ကြမ်းကြီးများဖြစ်သဖြင့် တိရစ္ဆာန်များအား လွှတ်ကြောင်းမှုဒဏ် (Grazing Tolerant)လည်း ခံနိုင်ရည်ရှိပါသည်။
(ဂ) ပန်းပွင့် (Flower)၊ အပင်၏မျိုးစေ့ (Seeds) များမှ အပင်မပေါက်နိုင်သည့် အတွက် အခြားမြက်များကဲ့သို့ မလိုလားအပ်ဘဲ လျင်မြန်စွာပြန့်ပွားမှုမျိုး (Dispersal)၊ ပတ်ဝန်းကျင်ကို ဖျက်ဆီးသောမျိုး (Invasive Species) မဖြစ်နိုင်ပါ။ နှစ်ရှည်မြက်မျိုး (Perennial Grass) လည်းဖြစ်ပါသည်။ အပင်ကြီးထွားဖွံ့ဖြိုးရန် ၆ - လ ခန့်သာလိုအပ်ပြီး ဖျက်ဆီးမှုမခံရပါက နှစ် ၅၀ - ကျော်အထိ ရှင်သန်ကြီးထွား နိုင်ပါသည်။

ပုံ ၃ - ဗက်တီဗာမြက်၏ပန်းပွင့်
စိုက်ပျိုးနည်းစနစ်မှာ တစ်ပင်နှင့် တစ်ပင် အများဆုံး ၆-လက်မသာခွာပြီး (6 inches plant to plant spacing) စိုက်ပျိုးရမည်။ ၃-၄ လက်မ သားတက်များကို ခွဲ၍ စိုက်ပျိုးလျှင်လည်းရပါသည်။ သားတက်များကို ဖဲ့ပြီးစိုက်ရာတွင် ၁၈-လ ထက်မကြီးသေးသော အပင်များမှ ယူ၍စိုက်ပျိုးပါ။ အပင်များသည် ရေဝပ်ဒဏ်လည်းခံနိုင်ပြီး၊ ရေထဲတွင်လည်း စိုက်ပျိုးနိုင်ကာ ရေဆိုးများကိုလည်း သန့်စင်ပေးနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၃၀၀၀ အထိစိုက်ပျိုးနိုင်ပါသည်။ မိုးရေချိန် ၁၅ လက်မမှ ၁၀၀ လက်မ အထက်ထိ စိုက်ပျိုးနိုင်ပါသည်။
အိန္ဒိယနိုင်ငံတွင်မူ အနံ့မွေးဆီအတွက် စိုက်ပျိုးသောဗက်တီဗာ မြက်မျိုး (Cultivated Varieties for Essential Oil) များစွာရှိပါသည်။ ဥပမာ -
- (က) ကေအက်စ်-၁ (KS-1) အနံ့မွေးဆီ (Essential Oil) တဟက်တာ ၁၉.၇ ကီလိုဂရမ်အထိ အထွက်နှုန်း (Yield Kg/ha) ရှိပါသည်၊
- (ခ) ဆူဂန်တာ (Sugandha)
- (ဂ) စပ်မျိုး-၈ (Hybrid-8)
- (ဃ) ဂူလာဘီ (Gulabi) တစ်ဟက်တာ အမြစ်ခြောက် ၂.၈ တန် အထိထွက်ပါသည်။

ပုံ ၄ - တောင်စောင်းများတွင် ဗက်တီဗာမြက်စိုက်ပျိုးပုံ
ဗက်တီဗာစနစ် (Vetiver System) တွင် ဗက်တီဗာမြက်နည်းပညာ (Vetiver Grass Technology) ဖြင့် လိုအပ်ချက်များစွာကို ဖြည့်တင်းပေးနိုင်ပါသည်။ ဤစနစ်ဖြင့်
(၁) တောင်စောင်းမြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ပါသည်။
(၂) မြစ်၊ ချောင်းများ၊ တံတား၊ မီးရထားလမ်းဘေးပါမကျန် ရေကြီးပြိုကြမှုကို ကြိုတင်ထိန်းသိမ်းထားနိုင်ပါသည်။
(၃) သုတေသနပြုလုပ်ချက်များအရ ဤမြက်နှင့်တွဲစိုက်ထားသော ဟင်းသီးရွက်စိုက်ခင်းများသည် အထွက်နှုန်းပိုပါသည်။ သီးနှံပင်များအတွက် အစိုဓာတ်၊ အဟာရဓာတ် ထိန်းသိမ်းပေးနိုင်၍ ဖြစ်ပါသည်။
(၄) အပင်ဖျက်ပိုးမွှားများထောင်ချောက် (Insect Trap) အသုံးပြုပြီး ကာကွယ်နှိမ်နှင်းနိုင်ပါသည်။ မြက်ပင်၏အနံ့ကြောင့် ခြ (Termites)၊ အင်းဆက်များ လာရောက်မှုကို တွန်းထုတ် (Repel) သည့် သဘောဖြစ်သည်။
(၅) မြက်ပင်များသည် သစ်ပင်များအကြား ပေါင်းပေါက်ရောက်မှု မရှိစေရန်၊ အပူဒဏ်သက်သာစေရန် မြေငွေ့ထိန်း (Mulching) ပေးနိုင်ပါသည်။
(၆) တရုတ်ပြည်တွင် ဝက်၊ ဆိတ်၊ ကျွဲ၊ နွား အစားအစာ (Livestock Feeds) အဖြစ် ဤမြက်ကို ကျွေးကြပါသည်။
(၇) ဤမြက်ခြောက်ကို လက်မှုပညာ အလှအပပစ္စည်း (Handicraft) အဖြစ်ရောင်းပြီး ဝင်ငွေရရှိအောင် ပြုလုပ်နိုင်ပါသည်။
(၈) ရေဆိုးများ၊ ညစ်ပတ်သောရေများ (Polluted Water) ကို သန့်ရှင်းအောင်ပြုလုပ်ပေးနိုင်ပါသည်။ အပင်အသုံးချရေဆိုးသန့်စင်မှု (Phytoremediation) ဟုခေါ်ဆိုပါသည်။
(၉) အမြစ်များမှ စပါးလင်ကဲ့သို့ အနံ့မွှေးဆီ (Essential Oil) ထုတ်လုပ်ပြီး နာဗ်ကြောများသန်စွမ်းစေမှု၊ အနာကျက်အောင်ပြုလုပ်နိုင်မှုစသည့် ဆေးဝါး (Medicine) အနေနှင့်လည်း အသုံးပြုနိုင်ပါသည်။
(၁၀) အရွက်ခြောက်များကို သက်ကယ်အမိုး (Thatch for Roofing) အနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။
(၁၁) အမြစ်များသည် မြေကြီးအတွင်း အဆိပ်အတောက်ဖြစ်စေသော ဓာတ်သတ္တုများ (Toxic Substances) ကို ဖယ်ရှားပစ်နိုင်သည်။
တကယ်တော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံပညာများသည် ဘာသာရပ် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေ၍ ဗက်တီဗာမြက် အသုံးပြုမှုကိုလည်း ရှုထောင့်အမျိုးမျိုးမှနေ၍ လေ့လာနိုင်ပါသည်။
(မှီငြမ်း - သိန်းမော် မြန်မာပြန်ဆိုသည် (၂၀၂၁) ဗက်တီဗာမြက်၊ တတိယအကြိမ်၊ တက်မြန်စာပေ၊ ၉၂-မျက်နှာ)
Reference; Greenfield, John C. (1993) Vetiver – The Hedge against Erosion. 4thEd. World Bank, Washington D.C.
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေဆီလွှာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကဒေသမဖိုးနဲ့မတူပါခင်ဗျား၊ Facebook မှာ Myanmar Vertiver Network အဖွဲ့ရှိပါသည်၊ နီးစပ်ရာမြို့နယ်မှာဆက်သွယ်ဝယ်ယူနိုင်ပါသည်၊ ကျွမ်းကျင်သူ ဒေါက်တာသန်းသန်းစိန်နှင့်အတူ online ဆွေးနွေးလေးလုပ်ပေးနိုင်ရင်ပိုကောင်းမည်ထင်ပါသည်၊ ကျွန်တော့် Facebook account Myo Kywe ကိုလည်းဆက်သွယ်ကြပါခင်ဗျား
Win Ko Thu
လွန်ခဲ့သော ၃ နှစ် ကကျွန်တော်တိုဒေသမှာတော့သဘာဝအတိုင်းပေါက်ရှိနေပါသည်
thaw zin
လွန်ခဲ့သော ၃ နှစ် ကမျိုးစိတ်အနေနဲ့ ဘယ်မှာရနိုင်မလဲခဗျ
ဦးအောင်နိုင်သိန်း
လွန်ခဲ့သော ၃ နှစ် ကqqq
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....