အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေးဖြင့် စီးပွားတက်စေဖို့ (၂)

စိုက်ပျိုးရေးဖြင့် စီးပွားတက်စေဖို့ (၂)

(အောင်မြင်နေသော သာမန်တောင်သူကြီးတစ်ယောက်ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်)

ကျွန်တော်ရဲ့ သုတေသနစာတမ်းအတွက် တောင်သူတစ်ယောက်ကို လွန်ခဲ့သော တစ်နှစ်ခန့်က အင်တာဗျူးခဲ့သည်။ ကျွန်တော်မေးမြန်းခဲ့သော တောင်သူသည် အတန်းပညာအရ ဘွဲ့ရတစ်ယောက် မဟုတ်ပေ။ အသက် (၁၆) နှစ်အရွယ်မှစ၍ တောင်သူအလုပ်ကို စတင်ခဲ့သည်။ အိမ်ထောင်ကျခါစ၌ ပိုင်ဆိုင်မှုဟူ၍ မယ်မယ်ရရ မရှိသေးပေ။ နေ့စားလုပ်လိုက်၊ ကန်ထဲ၊ မြောင်းထဲ ကန်စွန်းရွက်ခူးရောင်းလိုက်ဖြင့် ဘဝကိုစတင်ခဲ့သူဖြစ်သည်။ ယခုအခါ တွင်မူ တောင်သူသည် လယ်မြေ (၆၇) ဧကနှင့် ယာမြေ (၁၂၅) ဧကကို ပိုင်ဆိုင်ထားပြီး နွား ခြောက်ကောင်၊ ထွန်းစက်ကြီးနှစ်ခု၊ ရိတ်သိမ်းခြွေလှေ့စက် (၂)စီး၊ Light Truck ကားတစ်စီး၊ Prado ကားတစ်စီး ရှိနေပါသည်။ ထိုပိုင်ဆိုင်မှုအားလုံးကို စိုက်ပျိုးရေးလုပ် ငန်းမှသာ ရရှိခဲ့ခြင်းဖြစ်သည်ကို ကြားသိခဲ့ရသည်။

မေးခွန်းမေးရင်း ပြန်ဖြေရင်းဖြင့် သိခဲ့ရသည်မှာ တောင်သူသည် ကောင်းစွာစီမံခန့် ခွဲနိုင်ပြီး ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ချကာ လုပ်ဆောင်သူတစ်ယောက်ဖြစ်သည်။ သူပိုင်ဆိုင်သော မြေဧက (၁၉၂) ဧကပေါ်တွင် သီးနှံ (၁၀) မျိုးကျော်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုးသည်။ မြေ ဧကရှိသမျှအပေါ်တွင် သီးနှံ(၁၀)မျိုးခန့်ကို မနားတမ်း စိုက်ပျိုးသည်။ သို့သော် ရမ်းသမ်းပြီး မဟုတ်ပေ။ စျေးကွက်ကိုကြည့်သည်။ ရာသီဥတုကို လေ့လာသည်။ မိမိ၏ ရေခံမြေခံကို နှော ကြေစွာ နားလည်ထားသည်။ ထိုအချက်သုံးချက်ကို ဆုပ်ကိုင်ကာ (၁၉၂)ဧကကို စီမံရာတွင် ပုံသေမဟုတ်တော့ပေ။

တောင်သူပညာပေးလုပ်ငန်းများ အားနည်းသော သူ၏ကျေးရွာတွင် တောင်သူအများစုသည် အများစိုက်ပျိုးသောသီးနှံကိုသာ နောက်ကလိုက်၍ စိုက်ပျိုးကြသည်။ တောင်သူမှာမူ စွန့်စားဖောက်ထွက်လိုသောစိတ်ရှိကာ အများနည်းတူ စိုက်ပျိုးလေ့မရှိဘဲ အခြေအနေ အရပ် ရပ်ကို တွေးပြီးမှသာ စိုက်ပျိုးသည်။ သီနှံများကို အပြောင်းအလဲပြုလုပ်၍ စိုက်ပျိုးရမှာကို မကြောက်ပေ။ သီနှံတစ်မျိုးကို တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးသည့်အပြင် မျိုးရင်းမတူ သော တခြားသီးနှံနှင့် သီးလှည့်စိုက်ပျိုးသည်။ ဥပမာ - ပြောင်းစိုက်ပြီးနောက် ပဲသီးနှံ တစ် မျိုးမျိုးကိုစိုက်သည်။ ကောင်ကျိုးအနေဖြင့် တချို့သော ရောဂါ၊ ပိုးမွှားကျနိုင်နှုန်းကို အင်မ တန်နည်းသွားစေခဲ့သည်။ ကုန်ကျစရိတ်တက်စေသော သွင်းအားစု(မှိုသတ်ဆေး၊ ပိုးသတ် ဆေး) များကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင်သုံးသည်။ 

  “ခဏခဏအရှုံးပေါ်နေတဲ့ ကြက်သွန်နီကိုပဲ နှစ်တိုင်းစိုက်မယ့် အစား စျေးကွက်အခြေအနေကို ကြည့်ပြီးတော့ လိုအပ်ရင် တခြားသီးနှံကို ပြောင်းစိုက်ကြည့်ပါလား”လို့ ကြက်သွန်နီတစ်မျိုးတည်ကိုသာ စိုက်ပျိုးသော သူငယ်ချင်းတစ်ယောက်ကို အကြံပေးဖူးသည်။  သူပြန်ပြောတာကတော့ “ငါတို့က ကြက်သွန်နီပဲစိုက်တတ်တာ။ ပြီးတော့ တခြားသီး နှံစိုက်တာက ကြက်သွန်နီ စိုက်တာလောက် မမြတ်ရင် ဘယ်လိုလုပ်မှာလဲ။ ပိုပြီးရှုံးသွားမှာ ဆိုးတယ်” ဆိုတာပင်ဖြစ်သည်။ ဒီမှာကွာသွားသည်။ စွန့်စားဖို့ကို ကြောက်နေမိကြသည်။ ယုံကြည်မှု မရှိကြပေ။ (ဤပြဿနာများကို ကျော်လွှားနိုင်ရန် ကျွန်တော်ရဲ့ စိုက်ပျိုးရေးဖြင့် စီးပွားတက်စေဖို့ (၁) ဆောင်ပါးတွင် အသေးစိတ်ဖော်ပြထားသည်)

ယခုတောင်သူ၏ လက်သုံးစကားတစ်ခွန်းမှာ “မရရအောင်လုပ်မည်”ဟု ဖြစ်သည်။ လက်တွေ့လုပ်သည်။ မလုပ်ခင် လေ့လာသည်။ သုံးသပ်သည်။ အောင်မြင်ခြင်းကို လွယ်လွယ် နှင့်တော့ မရပေ။ သူလည်း မှားဖူးသည်။ ဆုံးရှုံးဖူးသည်။ သို့သော် တွေဝေနေလို့မရပေ။ ယုံကြည်မှုများကို တည် ဆောက်ရန် လိုအပ်ပါသည်။

ရှိန်း(လျှံ)

 

You

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။