အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေးဖြင့် စီးပွားတက်စေဖို့ (၁)

စိုက်ပျိုးရေးဖြင့် စီးပွားတက်စေဖို့ (၁)

မိရိုးဖလာဖြစ်နေလို့သာ စိုက်ပျိုးရေး လုပ်နေပါသလား? တခြားလုပ်စရာမရှိ၍သာ စိုက်ပျိုးရေး လုပ်နေပါသလား? သို့မဟုတ် ဝါသနာကြောင့်သာ စိုက်ပျိုးရေးလုပ်နေပါသလား? မည်သို့ပင်ဖြစ်ပါစေ မိမိတို့စိုက်ထုတ်လိုက်သော ငွေကြေးအရင်းအနှီး၊ လုပ်အား၊ အချိန် တို့အတွက် ထိုက်သင့်သော အမြတ်အစွန်း၊ ပြန်ရချက်ကို လိုအပ်ကြမှာပါပဲ။ ထို့အတွက် စိုက်ပျိုးရေးက စီးပွားမဖြစ်ဘူးဆိုတဲ့ အတွေးအမြင် အယူအဆများကို သုံးသပ်၊ ပြောင်းလဲ ကြည့်ကြပါစို့။

ဆရာမတစ်ယောက်က ပြောဖူးသည် “စိုက်ပျိုးရေးဆိုတာ တာထွက်ပြီဆိုတာနဲ့ နောက်ပြန် လှည့်လို့ မရဘူး” ဟုပင်။ ဆိုတော့ ဘာမှစမစိုက်ခင် ကြိုတင်တွေးတောရမည်။ ကြိုတင်ကြံစည်ရမည်။ ကြိုတင်ပြင်ဆင်ရမည်။ ဆိုလိုချင်တာကတော့ ဦးနှောက်ဖြင့် စတင် အလုပ်လုပ်ခြင်းပင်ဖြစ်ပါသည်။

၁။ ကြိုတင်တွေးတောခြင်း

အရင်ဦးစွာ မိမိမှာရှိနေသော အရင်းခံအကြံဉာဏ်၊ အသိဉာဏ်ကို ဦးတည်ရမည်။ မိမိလုပ်နိုင်တာကို တွေးရမည်။ မိမိလုပ်ချင်တာကို တွေးရမည်။ ဒါမှသာ တိုးတက်စေနိုင်မည့် အလားအလာ ရှိမည်။ ထို့အပြင် အသစ်သစ်သော စိန်ခေါ်မှုများပြုလုပ်မည်ဆိုပါက မိမိမလုပ်နိုင်သည့် အပိုင်းများကို သိအောင်တွေးတောရမည်။ ကိုယ်မလုပ်နိုင်သော အပိုင်းကို လုပ်နိုင်သည့်သူများကိုလည်း သိနေရမည်။ ထိုအရာကို မသိနေပါက သိနေမည့် သူများထံမှ အကူအညီ ရယူနိုင်ရန်အတွက် ကြိုးပန်းရမည်ဖြစ်သည်။ ဤနေရာတွင် တွေးတောခြင်းသည် အလုပ်ဆက်လုပ်နိုင်ရန်ဖြစ်သဖြင့် တွေးတောခြင်းအဆင့်၌ ရပ်မနေစေရန် သတိပြုပါ။ တခြားသူများ သို့မဟုတ် မိမိဒေသဝန်းကျင်မှသူများ မလုပ်ဖူးသော၊ မလုပ်သေးသော လုပ်ငန်းအသစ်ကို လုပ်ဆောင်ရန် တွေးတောကြံစည်နေပါက ဤအဆင့်သည် ပထမဆုံး မလွဲမသွေ ကျော်ဖြတ်ရမည် ဖြစ်သည်။ ရဲရဲကြီးကျော်ဖြတ်ရမည်။

၂။ ကြိုတင်ကြံစည်ခြင်း

အရင်းနည်းနည်းဖြင့် အမြတ်များများကို မည်သူမဆို လိုချင်ကြမည် ဖြစ်သည်။ ဒီ့အတွက် အရှင်းဆုံးအဖြေမှာ ရင်းနှီးရာတွင် အနည်းဆုံးနှင့် အထိရောက်ဆုံး ဖြစ်ခြင်းရမည်။ ထို့အတွက်ကြောင့် ကြိုတင်ကြံစည် ရတော့မည်။ မိမိလုပ်ဆောင်မည့် အဆင့်တိုင်း အဆင့်တိုင်းတွင် လေလွင့်ဆုံးရှုံးပြီး အလဟာသဖြစ်စေနိုင်မည့် အကြောင်းအရာများကို တွေးကြည့်ရမည်။ မသိလျှင် မေးကြည့်ရမည်။ သိလာရန် လေ့လာကြည့်ရမည်။ ထို့နောက် မှတ်သား ပြုစုထားရမည်။ ပြီးလျှင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ စဉ်းစား ကြံစည်ထားရမည်။ ဟာကွက်မရှိစေရန်အတွက် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ ဤမျှနှင့် မရသေးပေ။ တီထွင် ထိုးဖောက်မှုရှိသော နည်းလမ်းလိုအပ်သည်။ ဤသည်မှာ အလှပဆုံးနှင့် အခက်ခဲဆုံးဖြစ်သည်။ နည်းလမ်းကိုသိပါက နည်းပညာကိုရမည်ဖြစ်သည်။ နည်းပညာသည် ငွေသာဖြစ်သည်။ ဆိုလိုသည်မှာ နည်းပညာရှိလျှင် အမြတ်ပိုရမည်။ ဥပမာဆိုရသော် ငှက်ပျောသီးကို အခြောက်ခံထုတ်ပိုး၍ ရောင်းချခြင်းမျိုးဖြစ်သည်။ စွန့်ဦးတီထွင်သူများသည် သက်တောင့်သက်သာအခြေအနေမှ ယုံကြည်မှုအားနည်းခြင်းကြောင့် ကြောက်ရွှံခြင်း၊ တွန့်ဆုတ်ခြင်းအခြေအနေကို ကျော်ဖြတ်ကြရသည်။ ထို့နောက်မှ သင်ယူခြင်း၊ စိန်ခေါ်ခြင်း ဆိုသော အပိုင်းများကို ရောက်ရှိကျော်လွန်၍ အဆုံးတွင် အမြဲတစေ တိုးတက်စေနိုင်မည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားခြင်းဖြစ်သည်။ ထိုအရာအားလုံးကို ကြိုတင်ကြံစည် အစီအစဉ်ဆွဲခြင်းမှ စတင်ပါသည်။

၃။ ကြိုတင်ပြင်ဆင်ခြင်း

ဤအဆင့်တွင် အပေါ်နှစ်ဆင့်လည်း ပါဝင်ပါသည်။ သို့သော် အသေးစိတ်​ ဆက်လက် ဖော်ပြလိုပါသည်။ စိုက်ပျိုးရေးသမားများအတွက် ကြိုတင်ပြင်ဆင်စရာများပေသည်။ နေ့စဉ် ပြောင်းလဲဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေ၊ မိမိတို့မမြင်နိုင်သော သို့မဟုတ် မသိနိုင်သော ရောဂါ၊ ပိုးမွှားများ၊ နှောက်ယှက်ဖျက်စီးမည့်အဖျက်များ စသည့် ထည့်သွင်းစဉ်းစားစရာမှာ အတော်အတန်များပေသည်။ ဒါ့အပြင် မိမိတို့အပေါ်လွှမ်းမိုးလာမည့် အရာများကလည်း ရှိသေးသည်။ ဥပမာအနေဖြင့် စျေးကွက်အရ ပွဲစားများ၏ စျေးဖြတ်မှု၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများကို ဝယ်ရန်နည်းမျိုးစုံဖြင့် လိုအပ်သည်ထက်ပို၍ အပြိုင်အဆိုင် ဆွဲဆောင်ကြသော အဖြစ်အပျက်များ။ ထိုကြောင့် ပြင်ဆင်ရမည်မှာ နည်းနည်းနောနောမဟုတ်။ အရင်းအနှီး ကုန်ကျစရိတ် သက်သာစေရန်သည် မိမိတို့တောင်သူများ၏ စိတ်ကူဖြစ်သော်လည်း လက်တွေ့မှာ ဆန့်ကျင်နေသည်။ သို့သော် ဒီအတိုင်း မျှောလိုက်နေမည် ဆိုပါက မူလ အခြေအနေထက် တိုးတက်ကောင်းမွန်လာမည် မဟုတ်ပေ။ ဝယ်ယူ၍ အသုံးပြုရမည့် စိုက်ပျိုးရေးသုံး ပစ္စည်းများအစား မိမိတို့အိမ်မှာပင် ပြုလုပ်နိုင်သည့် သဘာဝ မြေသြဇာများ, ပိုးနှင်ဆေးများပြုလုပ်ခြင်းတို့သည်လည်း ကုန်ကျစရိတ်ကိုချွေတာရာ ရောက်ပေသည်။ မိမိတို့ကိုယ်တိုင် စျေးကွက်ရှာကာ လက်လီစိတ်၍ဖြစ်စေ ရောင်းချခြင်းမှာ ပိုမိုများပြားသော အမြတ်များကို ရရှိစေနိုင်သည်။ ဥပမာမျှသာဖြစ်သည်။

ဖော်ပြဆွေးနွေးခဲ့သော အကြောင်းအရာများကို ငွေးကြေးကုန်ကျခြင်း မရှိဘဲ စဉ်းစားတွေးခေါ်နိုင်သည်။ ကွဲလွဲနိုင်သည်။ သို့သော် အဖိုးတန်သော အတွေးအမြင်များကို လက်တွေ့အသုံးချနိုင်မှသာ တန်ဖိုးရှိသော ရလဒ်ကို ရရှိမည်ဖြစ်ပါသည်။

 ရှိန်း(လျှံ)

 

 

ညိမ်းထွန်း

ညိမ်းထွန်း

လွန်ခဲ့သော ၂ နှစ် က

တောင်သူများအတွက်ဗဟုသုတရပြီးအကျိုးရှိပါတယ်

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။