တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (12-16.9.2026)
နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲနှင့် ကုန်စည် ဝယ်ယူသည့် နိုင်ငံများ၏ ဈေးကွက် လိုအပ်ချက်ကြောင့် မြန်မာ့ပို့ကုန်ပဲ ဈေးအပြောင်းအလဲများ ရှိနေသည်။ ပို့ကုန်ပဲများ၏ ပြည်ပဈေး မြင့်တက်သော်လည်း ပြည်တွင်းဈေး အေးနေသည်။
ပြည်ပဈေးမာပြီး ပြည်တွင်းဈေး အေးသည့် မတ်ပဲ
အိန္ဒိယ ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေး ကျဆင်းမှုကြောင့် မြန်မာနိုင်ငံတွင်လည်း မတ်ပဲ ပြည်တွင်းဈေး အေးလာသည်။
သို့သော် ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဈေးတက်လာသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၇၀/၈၈၀ မှ ၉၀၀/၉၁၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၅၅ - ၉၆၅ မှ ၉၈၀ - ၉၉၀ သို့ ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် အိန္ဒိယနိုင်ငံ ဈေးကွက်အတွင်း မြန်မာ့မတ်ပဲ FOB ဈေးမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၃၀ ဈေးကျသွားသည်။ မတ်ပဲ FAQ တစ်တန်၏ FOB ဈေးမှာ ဒေါ်လာ ၈၉၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၇၀ ဈေးဖွင့်သည်။
မြန်မာ့မတ်ပဲ၏ အဓိကဈေးကွက်တစ်ခုဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲခွဲစက်များ၏ ဝယ်လိုအား ပြန်လျော့လာခြင်း၊ အိန္ဒိယ ပဲလှောင်သူများ ထုတ်ရောင်းလာခြင်းတို့က မတ်ပဲဈေးကို အားပျော့လာစေသည်ဟု သုံးသပ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင်လည်း မတ်ပဲဈေးမှာ အနည်းငယ် ပြန်ကျလာသည်။ ယခုရက်သတ္တပတ်အတွင်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၇၉၄,၀၀၀ မှ ၃,၇၂၂,၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၄,၁၀၄,၀၀၀ မှ ၄,၀၂၂,၀၀၀ သို့ ဈေးပြောင်းသွားသည်။
ပဲစင်းငုံ ပြည်တွင်းဈေး ကျလာ
ယခုရက်သတ္တပတ် ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၀,၀၀၀ ကျော် ဈေးပြန်ဆင်းလာသည်။ သို့သော် ပြည်ပသို့ ရောင်းချသည့် ပဲစင်းငုံ FOB ဈေးမှာ သိသာစွာ တက်လာသည်။
အိန္ဒိယနိုင်ငံအတွင်း ဝယ်လိုအားနှင့် ပြည်ပ တင်သွင်းမှု အခြေအနေများကြောင့် ယခုရက်သတ္တပတ် ပဲစင်းငုံ FOB ဈေးမှာ အနည်းငယ် ကျဆင်းနေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်လျှင် ပဲတစ်တန်လျှင် ဒေါ်လာ ၂၀ ဈေးကျသွားသည်။ အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၉၉၅ မှ ၉၇၅ သို့ ဈေးပြောင်းသွားသည်။
သို့သော် မြန်မာနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံ ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၅၀ ဈေးတက်လာသည်။ ပဲစင်းငုံ (နီ) အဟောင်း တစ်တန်လျှင် ဒေါ်လာ ၈၆၀/၈၇၀ မှ ၉၁၀/၉၂၀၊ ပဲစင်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၈၉၀ - ၉၀၀ မှ ၉၄၀ - ၉၅၀ သို့ ဈေးပြောင်းသွားသည်။
သို့သော် ပဲစင်းငုံ ပြည်တွင်းဈေးမှာ ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၄,၁၁၉,၀၀၀ မှ ကျပ် ၄,၀၀၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

မျှော်လင့်ချက် ကောင်းနေသည့် ပဲတီစိမ်း
တရုတ်နိုင်ငံသို့ တင်ပို့ရန် နယ်စပ်မှ ဝယ်လိုအားကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) ဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပဲတီစိမ်း (အညာ) တစ်တန်လျှင် ကျပ် ၂,၅၅၀,၀၀၀ ကျော်မှ ယခုရက်သတ္တပတ်တွင် ကျပ် ၂,၇၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
သို့သော် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်းမှာ ပြည်တွင်းဈေးသာမက ပြည်ပသို့ ရောင်းချသည့် FOB ဈေးလည်း ငြိမ်နေသည်။ တရုတ်နိုင်ငံ၏ ဝယ်လိုအား မျှော်လင့်ချက်များ ရှိနေသော်လည်း အရည်အသွေးပိုင်းနှင့် ဓာတ်ကြွင်းကျန်ရှိမှုကို ဂရုပြုဆောင်ရွက်ရေးအတွက် တိုက်တွန်းသတိပေးမှုများ ရှိနေသည်။
ပဲတီစိမ်း ပြည်တွင်းဈေးမှာ ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀/၄,၀၂၀၊ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၀၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ - ၄,၅၂၀ ဈေးဖွင့်သည်။
ပြည်တွင်းဈေး တက်လာသည့် မြေပဲ
ယခုရက်သတ္တပတ် ဆီထွက်သီးနှံ မြေပဲ ပြည်တွင်းဈေး တက်လာသော်လည်း ပြည်ပဈေး ငြိမ်နေသည်။ စားသုံးဆီဈေး အပြောင်းအလဲနှင့်အတူ ပြည်တွင်းဈေးကွက်တွင် မြေပဲ အမျိုးအစားအများစု ဈေးလှုပ်လာသည်။
မန္တလေးဈေးကွက်တွင် ပြီးခဲ့သည့်ရက်သတ္တပတ် မြေပဲ S1 (လုံးဆန်) တစ်တန်လျှင် ကျပ် ၈,၀၀၀,၀၀၀ ကျော်မှ ယခုရက်သတ္တပတ် အောက်တိုဘာ ၁၅ အထိ ကျပ် ၈,၂၆၀,၀၀၀ ကျော်၊ မြေပဲ (အနီ) လုံးဆန် တစ်တန်လျှင် ကျပ် ၈,၀၀၀,၀၀၀ ကျော်မှ ကျပ် ၈,၃၀၀,၀၀၀ ကျော်၊ မြေပဲ (အနီ) ဆီဆန် တစ်တန်လျှင် ကျပ် ၇,၅၉၀,၀၀၀ ကျော်မှ ၇,၆၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး မြေပဲ S1 (ဆီဆန်) က တစ်တန်လျှင် ကျပ် ၇,၈၃၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ရန်ကုန်ဈေးကွက်တွင် မြေပဲ ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ မြေပဲ (လုံးဆန်) တစ်တန်လျှင် ဒေါ်လာ ၂,၀၄၀ - ၂,၀၅၀ ဈေးဖွင့်သည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ပဲနီပြားကိုဘယ်လမှာစိုက်ရမလဲ
မိုးချစ်ဇော် • ဖြေကြားချက် 3 ခု
ထရိုင်ဂိုဒါးမား ကို ငါးအမိုင်နို EM တို့နဲ့ရောစပ်အသုံးပြုလို့ရလား ရင်တော ဘယ်အရွယ် လောက်မှာစပြီးပတ်ဖြန်းသင့်လဲ ပြောပြပေးပါ
ဦးကျော်ဇင် • ဖြေကြားချက် 2 ခု
ပုံပါလွှစာမုန့်ကို ဘာမှမလုပ်ပဲ ဒီအတိုင်းအပင်ခြေရင်းမှာအုပ်ပေးလို့ရလား အပင်ရဲ့အစိုဓါတ်ထိမ်းပေးမလို့ပါ
Sawdohhtoo • ဖြေကြားချက် 2 ခု
Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား
Sawsamson • ဖြေကြားချက် 2 ခု
မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်းေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ ပိုးသတ်ဆေးဖြန်းရင် အဆင်ပြေနိူင်ဆရာတို့ဖြေကြားပေးပါအုံး။ (အားဆေးကို ဘာအားဆေးသုံးရင်ကောင်းမလဲဗျ)
koHein Htet Soe • ဖြေကြားချက် 7 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
More from AMIA
အားလုံး
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026