အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့၌ ရွှေပဲသီးပင်ဈေးကွက် အောင်မြင်ဖြစ်ထွန်းမှုရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့၌ ရွှေပဲသီးပင်ဈေးကွက် အောင်မြင်ဖြစ်ထွန်းမှုရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့၌ ရွှေပဲသီးပင်ဈေးကွက် အောင်မြင်ဖြစ်ထွန်းမှုရှိနေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

"ရွှေပဲသီးပင်ကို စီးပွားဖြစ် စတင်စိုက်ဖြစ်တာတော့ ၂ နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်းရဲ့ ရာသီဥတုနဲ့ကိုက်ညီပြီး၊ ဈေးကွက်လည်း ပုံမှန်ရှိတာကြောင့် စိုက်ပျိုးဖြစ်ခဲ့တာပါ။ ဒီ ပင်းတယဒေသအနီးတစ်ဝိုက်မှာတော့ ရွှေပဲသီးပင် စီးပွားဖြစ်စိုက်ပျိုးသူ များပြားတယ်။ နှစ်စဉ် စိုက်ပျိုးချိန်ရောက်တိုင်း စိုက်ပျိုးကြပါတယ်။ ဈေးကွက်က ကျွန်တော်တို့ ရှမ်းတောင်မှာဆိုရင်တော့ အောင်ပန်းက ရွှေပဲသီးပွဲရုံကို တင်ပို့ရောင်းချပါတယ်။"

ဟု ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်မှ ရွှေပဲသီးပင်စိုက်ပျိုးသူ ကိုသက်လင်းဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများတွင် ရွှေပဲသီးပင်ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး  ရက်(၆၀)ဝန်းကျင်အကြာ၊ ဒီဇင်ဘာလ၌ အသီးခူးဆွတ်ကြသည်။

"ဒီနှစ်မှာတော့ ရွှေပဲသီးပေါ်ခါစမှာ တစ်ပိဿာကို ၄၅၀၀ ကျပ် ပေါက်ဈေးရရှိပါတယ်။ နှစ်စဉ်လေ့လာကြည့်သလောက်ဆိုရင် ရွှေပဲသီးဝယ်ယူတဲ့ ပွဲရုံက ရွှေပဲသီးအဝင် အနည်းအများအပေါ် မူတည်ပြီး ဈေးဖြတ်ပေးတာကို တွေ့ရပါတယ်။ ရွှေပဲသီးအထွက်နှုန်း နည်းတဲ့အချိန်၊ စိုက်ပျိုးသူနည်းပါးတဲ့ အချိန်မှာဆိုရင် ဈေးပိုရတတ်ပါတယ်။  ဈေးကွက်တင်ပို့ရာမှာတော့ အခက်အခဲအများကြီး မရှိပါဘူး။ အောင်ပန်းကိုတင်ပို့တဲ့အခါ မိုးမလင်းခင် အရောက်ပို့ပေးရတယ် ခင်ဗျ။ အောင်ပန်းမှာက မနက် ၈နာရီ/၉နာရီဆိုရင် တစ်ချို့ဈေးကွက်တွေက မရှိတော့ဘူးဆိုတော့ အချိန်အခါကြည့်ပြီးတော့ မနက်ပိုင်းစောစော တင်ပို့ပေးနိုင်ရပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။

မျိုးဖိုး၊ တိုင်ဖိုး၊ ပိုက်ဖိုး၊ ဆေးဖိုး၊ စက်ထယ်ခ စသည့် အထွေထွေစိုက်ပျိုးစရိတ်များကို ပျမ်းမျှတွက်ချက်ကြည့်ပါက ရွှေပဲသီးပင် တစ်ဧကစိုက်ပျိုးစရိတ်စုစုပေါင်းမှာ (၈)သိန်းကျပ်မှ (၁၀)သိန်းကျပ်ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ငြိမ်းချမ်း

ငြိမ်းချမ်း

လွန်ခဲ့သော ၃ နှစ် က

ရွှေပဲက စင်တင်စိုက်ရတာလားဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။