ဝက်စာဈေးတွေကြီးနေချိန် ကိုယ်တိုင်ပြုလုပ်နိုင်မယ့် စရိတ်သက်သာ ဝက်အစာ စပ်နည်းများ
မြန်မာနိုင်ငံမှာ ဝက်ကိုစီးပွားဖြစ်ရော၊ တစ်နိုင်တစ်ပိုင်ပါ မွေးမြူသူတွေ များလှပါတယ်။ ယခုကာလမှာ ကုန်စျေးနှုန်းမြင့်မားတာကြောင့် မွေးမြူရေးသမားတွေ အစာစရိတ်ကုန်ကျမှုများစွာ ကြုံနေရပါတယ်။ ဒါကြောင့် ဝက်စာကို အိမ်မှာပဲပြုလုပ်ပြီး စရိတ်ချွေတာနိုင်မယ့်နည်းလေးတွေကို ပြောပြပေးပါမယ်ခင်ဗျ။
မျိုးဝက်နဲ့ နို့တိုက်ဝက်များအတွက် အာဟာရပြည့် ဝက်စာစပ်နည်း
ဆန်ကွဲ - ၄၀ ပိဿာ ၅၀ ကျပ်သား
ဖွဲနု - ၄ ပိဿာ
ဂျုံဖွဲ - ၂ ပိဿာ
ငါးခြောက်မှုန့် - ၉ ပိဿာ
မြေပဲဖတ် - ၇၄ ကျပ်သား
နှမ်းဖတ် - ၁ ပိဿာ
စပါးခွံ - ၁ ပိဿာ
ပြောင်း - ၁၂ ပိဿာ ၉၅ ကျက်သား
ငါးပေါင်း 55% glaxy - ၄ ပိဿာ ၅၀ ကျပ်သား
ပွိုင့်မှုန့် - ၅ ပိဿာ
ကုလားပဲခွံ - ၁ ပိဿာ
ပီလောပီနံမှုန့် - ၈ ပိဿာ
ပဲပုတ်စေ့လှော်မှုန့်- ၈ ပိဿာ
ဖောက်ထုံး - ၁ကျပ်သား
ဆား - ၂၀ ကျပ်သား
အားဆေးမှုန့် - ၅၀ ကျပ်သား
မီသီအိုနင်း - ၅၀ ကျပ်သား
ဒိုင်ကယ်လ်စီယမ်ဖော့စဖိတ်- ၁ ပိဿာ ၁၀ ကျပ်သားတို့ကို
အထက်ပါအချိုးအစားတိုင်းရောစပ်ပြီး ကျွေးနိုင်ပါတယ်။
စရိတ်သက်သာတဲ့ ဝက်စာပြုလုပ်နည်း
ပီလောပီနံ -၁၀ ကီလိုဂရမ်
ဖွဲနု - ၁၅ ကီလိုဂရမ်
ထမင်းဖြူ -၁ ကီလိုဂရမ်
ငါး(သို့မဟုတ်) ခရုနှပ်ရည် - ၁လီတာ
ပြုလုပ်နည်း
၁။ ကုန်ကြမ်းအားလုံးကို ရောစပ်ပြီး သမအောင် မွှေပေးပါ။
၂။ မွှေပြီးရင် လက်ဖြင့်အတုံးလေးများဖြစ်အောင် ဆုပ်ပေးပါ။
၃။ ထိုအလုံးလေးများကို လေသလပ်ခံပြီး အခြောက်လှမ်းပါ။
၄။ ခြောက်ပါက ဝက်စာအဖြစ်ကျွေးမွေးနိုင်ပါပြီ။
ဒီလို ပြုလုပ်ထားတဲ့ဝက်စာကိုတော့ ဘယ်လိုဝက်အမျိုးအစားကိုမဆို ကျွေးမွေးနိုင်ပါတယ်။
အထက်ပါနည်းအပြင် နေဗီယာမြက်ကိုလည်း ကုန်ကျစရိတ်သက်သာစေမယ့် ဝက်စာအဖြစ် အစားထိုးကျွေးနိုင်ပါတယ်။ နေဗီယာမြက်ကို ကျွေးမယ်ဆိုရင် အစာကြမ်းအနေဖြင့်ရော၊ ချဥ်ဖတ်သိပ်ပြီးရော၊ တခြားအစာနဲ့ ရောစပ်၍ရော အဆင်ပြေသလို ကျွေးနိုင်ပါတယ်။
ဒီတော့ အခုလို ဝက်စာဈေးတွေကြီးနေချိန်မှာ အထက်ပါနည်းလေးတွေနဲ့ ကိုယ်တိုင်လုပ်ဝက်စာတွေကို ပြုလုပ်ကျွေးမွေးခြင်းဖြင့် ဝက်မွေးမြူသူများ အစာစရိတ်သက်သာပြီး စီးပွားရေး တွက်ချေကိုက်ကြပါစေဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဝက်အစာစပ်နည်း
သန်းေဇာ်
လွန်ခဲ့သော ၂ နှစ် ကစပ်ရမဲအစာဘယ်မှာရ
toetoe
လွန်ခဲ့သော ၃ နှစ် ကမျိုးဝက်မနှင့်နို့တိုက်မိခင်တကောင်ကိုအစာဘယ်လောက်အလေးချိန်ကျွေးရမလဲတနေ့ဘယ်နှစ်ကြိမ်ကျွေးရမလဲဖြေပေးပါဆရာတို့
ကျော်ဌေး
လွန်ခဲ့သော ၃ နှစ် ကနေဗီယါအချဥ်သိတ်နည်းလေးသိပါရစေပါခင်ဗျား
U Naing Linn Htun
လွန်ခဲ့သော ၄ နှစ် ကအသားတိုး ဝက်များအတွက် အစာစပ်နည်း သိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆိတ် အတွက်စိုက်ပျိုးရေးမြက်ကြွေးမယ်ဆိုရင် ဘယ်မြက်အဆင်ပြေမလဲဗျ ဘယ်မြက်ကသင့်တော်နိုင်လဲဗျ
kyawlin soe • ဖြေကြားချက် 1 ခု
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ဦးဇော်(dof)
အားလုံး