ငါး၊ ပုစွန်မွေးမြူရေးမှာ လိုအပ်လာတဲ့ ဖြည့်စွက်စာ
ရေချို/ရေငန်ငါး၊ ပုစွန်စသည့် ရေနေသတ္တဝါတို့သည် မျိုးစိတ်အလိုက် ယင်းတို့နှင့် သဟဇာတဖြစ်သော သဘာဝပတ်ဝန်းကျင်တွင် နေထိုင်ပြီး သဘာဝမှရရှိသော အစာ (Natural Foods) များကို စားသုံး၍ ရှင်သန်ပေါက်ပွားကြီးထွားလာကြသည်။ သဘာဝအစာဆိုရာတွင် ရေ၌ သဘာဝအတိုင်း ပွားများနေသည့် အစာကွင်းဆက် (Food Chain) ၏ မူလပထမအစာ (Primary Food) ဖြစ်သည့် အပင်မျှောလှေး (Phytoplankton) ယင်းမှတဆင့် သတ္တမျှောလှေး (Zooplankton) မှသည် ငါးကြီးမှ ငါးသေးကို ပြန်စားခြင်းအထိ ဖြစ်ပါသည်။ သဘာဝမြစ်၊ ပင်လယ်၊ သမုဒ္ဒရာတို့တွင် အစာအတွက် နေရာဒေသတစ်ခုမှ အခြားနေရာဒေသ တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ကျက်စားခြင်း (Feeding Migration) ပြုလုပ်ကြသည်။
မွေးမြူရေးငါးပုစွန်များအတွက် မူလသတ်မှတ်ဧရိယာရေပြင်အတွင်း သတ်မှတ်အရေအတွက်ကောင်ရေဖြင့် ပုံသေထားရှိပြီး မွေးမြူနည်းစနစ် (Extensive Plus, Semi-Intensive, Intensive, Super-Intensive) အလိုက် မတူညီသည့် သွင်းအားစုများ၊ ဖြည့်စွက်အစာကျွေး ခြင်းများ၊ ထိန်းသိမ်းစီမံဆောင်ရွက်မှုများဖြင့် မွေးမြူကြပါသည်။ ရေချိုငါးမွေးမြူရေးကန်များသည် များသောအားဖြင့် ကန်ကျယ်ကြီးများဖြင့် Extensive Pluss သာသာ၊ ရေထုတ်သွင်းနိုင် မှုနည်းပါးပြီး Close Type စနစ်ဖြင့် မွေးမြူကြသဖြင့် ရေအရည်အသွေး ကောင်းမွန်ရန် လိုအပ်သည်။
သဘာဝအစာဖြစ်သည့် အပင်မျှောလှေး၊ သတ္တမျှောလှေးတို့မှာ ရေအရည်အသွေးပေါ်မူတည်၍ ပွားများမှု ကန့်သတ်ချက်ရှိသဖြင့်လည်းကောင်း၊ အပင်မျှောလှေး စားသုံးခြင်းမရှိသည့် မျိုးစိတ်များအတွက်လည်းကောင်းလုံလောက်သည့် အဟာရရရှိရန် ဖြည့်စွက်အစာ (Supplementary Feed) ကျွေးရန် လိုအပ်လာခြင်း ဖြစ်သည်။ သို့မှသာ မွေးမြူထားသည့် ငါးပုစွန်များသည် သတ်မှတ်ကာလအတွင်း သတ်မှတ်အရွယ်သို့ ကြီးထွားရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ယင်းတွင်ကျွေးသော အစာအမျိုးအစား အရည်အသွေးနှင့် အရေအတွက်သည် အရေးကြီးသော အခန်းမှ ပါဝင်ပေသည်။

အပင်မျှောလှေးနှင့် အသီးအရွက်စားငါးများသည် Carp species အုပ်စုဝင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်းငါးများအတွက် သဘာဝအစာပေါများစွာ ရရှိပါက အကျိုးပိုရှိပြီး ဖြည့်စွက်အစာ ကုန်ကျစရိတ်ကို လျော့ချနိုင်မည် ဖြစ်သည်။
ဖြည့်စွက်အစာ ကျွေးခြင်း ကုန်ကျစရိတ်သည် ကျွေးသည့်အစာအမျိုးအစားပေါ် မူတည်၍ ကွဲပြားမှု ရှိပါသည်။ ဥပမာ ကဇော်ဖတ် (သို့မဟုတ်) ဖွဲနုတစ်မျိုးတည်းကျွေးသော ကုန်ကျစရိတ်ထက် အစာတောင့် (Pellet) ကျွေးခြင်းက ကုန်ကျစရိတ် ပိုမြင့်မားပြီး ကုန်ကျစရိတ်ကွာခြားချက် ကြီးမားပါသည်။
ငါးပုစွန်မွေးမြူရေးလုပ်ငန်းတွင် သားပေါက်ထုတ်လုပ်ခြင်း (Hatchery Production) နှင့်အသားတိုးမွေးမြူထုတ်လုပ်ခြင်း(Farm/Grow-Out Production) ဟူ၍ ကဏ္ဍနှစ်ရပ်ရှိပါသည်။ အဆိုပါကဏ္ဍနှစ်ရပ်စလုံးအတွက် အစာ၏အရည်အသွေး (Feed Quality) သည် အထူးပင်အရေးကြီးလှပါသည်။ အရေအတွက်(Quantity)အနေဖြင့် သားပေါက်ထုတ်လုပ်ခြင်းထက် အသားတိုးမွေးမြူခြင်းက ပိုအရေးကြီးသည်။
အသားတိုးမွေးမြူရေးကန်တွင် အစာအတွက် ကုန်ကျစရိတ်သည် ကန်အတွက်စုစုပေါင်းကုန်ကျစရိတ်၏ (၆၀%-၈၀%) ခန့်ရှိသဖြင့် အစာစီမံခန့်ခွဲမှု (Feed Management) အားနည်းပါက ဆုံးရှုံးမှုကြီးစွာ ဖြစ်ပေါ်နိုင်ပါသည်။
အစာအရည်အသွေးဆိုရာတွင်လည်း မွေးမြူထားသည့် ရေနေသတ္တဝါများ၏ ကြီးထွားမှုအတွက် လိုအပ်သည် အသားဓာတ် (Protein), စွမ်းအင်အတွက် လိုအပ်သည့် အဆီဓာတ် (Lipid), အစာအိမ်နှင့် အူလမ်းကြောင်းမှ အညစ်အကြေးများကို ဖယ်ရှားပြီး ကျန်းမာစွာဖြင့် ကြီးထွားမှုကို အထောက်အကူပြုသည့် အမျှင်ဓာတ် (Fiber) ၊ ခန္ဓာကိုယ် အရိုး အကြေးခွံ၊ အခွံ (Sheel) များ ဖွံ့ဖြိုးကြံ့ခိုင်သန်စွမ်းမှုအတွက် လိုအပ်သည့် သတ္တုဓာတ် (Mineral) နှင့် ရောဂါခုခံနိုင်မှု၊ ခံနိုင်ရည်စွမ်းရှိမှုတို့အတွက် လိုအပ်သော ဗီတာမင် (Vitamin) ဓာတ်များသည် မွေးမြူထားသည့် ငါးပုစွန်များ၏ မျိုးစိတ်များ (Species) အလိုက် အသက် အရွယ်အစား (Age and Size) အလိုက် သင့်တင့်ညီမျှသည့် အချိုးအတိုင်း ပါဝင်မှသာလျှင် အရည်အသွေးပြည့်ဝသည့် အစာဖြစ်နိုင်ပေမည်။
အစာ၏အရည်အသွေးအား ယေယူယျအားဖြင့် အဟာရဆိုင်ရာ ဓာတုဗေဒနည်းဖြင့် တိုင်းတာစစ်ဆေးမှုများဖြစ်သော Crude Protein, Crude Fat, Crude Fiber, Total Ash, Moisture ပါဝင်မှု ရာခိုင်နှုန်းများအရ ဓာတ်ခွဲခန်းစစ်ဆေးမှုဖြင့် အကဲဖြတ်နိုင်ပါသည်။ Mineral နှင့် Vitamin များကို များသောအားဖြင့် ပုံမှန် ကျွေးသည့် အစာတွင် ဖြည့်စွက်ရောစပ်၍ ကျွေးခြင်း ဆောင်ရွက်ပါသည်။
ကျွေးသည်အစာများ လေလွင့်မှုမရှိဘဲ ရရှိစားသုံးနိုင်မှုနှင့် အာဟာရတန်ဖိုး ရရှိနိုင်မှုတို့မှာ အစာအမျိုးအစားနှင့် အစာကျွေးသည့် နည်းစနစ်ပေါ်တွင် မူတည်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးအသားတိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • ဖြေကြားချက် 1 ခု
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • ဖြေကြားချက် 3 ခု
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • ဖြေကြားချက် 1 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • ဖြေကြားချက် 1 ခု
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
အားလုံး
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025