ပြည်ပပို့ကုန် ကဏန်းပျော့မွေးမြူနည်း အပိုင်း(၁)
ကဏန်းပျော့ကို မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း၌ ကိုယ်တိုင်မွေးမြူထုတ်လုပ်လာနိုင်ခဲ့သည်။
ကဏန်းပျော့ထုတ်လုပ်ရာတွင်...
- (၁) ကဏန်းကုန်ကြမ်း ဝယ်ယူစုဆောင်းခြင်း
- (၂) မွေးမြူရေးကန်တွင် စနစ်တကျမွေးမြူခြင်း
- (၃) အအေးခန်းစက်ရုံတွင် ပြုပြင်ထုတ်လုပ်ခြင်း
- (၄) ပြည်ပစျေးကွက်တွင် ဖြန့်ချိခြင်းတို့ဖြင့် အဆင့်ဆင့် လုပ်ဆောင်ရပါသည်။
ပြည်ပစျေးကွက်သို့ ဖြန့်ချိရာတွင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နိုင်ငံများသို့ တင်ပို့ကြကြောင်း သိရပါသည်။
ကဏန်းပျော့မွေးမြူဖို့ ကန်တည်ဆောက်ရာတွင်-

မှော်ဝန်းချောင်းကမ်းဘေး၊ ပုစွန်မွေးမြူရေးဇုန်ရှိ ကဏန်းပျော့မွေးမြူရေးကန်သည် အလျားရှည်သောကန်ကြီးများဖြစ်ကြပါသည်။ ကန်အလယ်တွင် ကန်ကိုဖြတ်လျက် သွပ်မိုးတံတားထိုးထားပါသည်။
ကန်ထဲတွင် အနက်ရောင်ပလတ်စတစ်ကဏန်းအိမ် ဖောင်အတွဲလိုက်လေးများကို အစီအရီ၊ PVC ပလတ် စတစ်ပိုက်လုံးဖြင့် ဖောင်ဖွဲ့ထားခြင်းဖြစ်ပါသည်။
ကဏန်းဖောင်အကျယ်အဝန်း
- ရေကန်အကျယ်အဝန်းအလိုက် ကဏန်းဖောင်များစွာ ထားရှိကြပါသည်။ တစ်ဖောင်လျှင် အလျား ၈ လက်မ x အနံ ၆ လက်မ x အမြင့် ၇ လက်မရှိ ကော်ခွက်ကဏန်းအိမ်လေးများကို အစီအရီ ထားရှိကြပါသည်။
- ကော်အိမ်ဘေးပတ်ပတ်လည်တွင် လေဝင်လေထွက်အပေါက်များ ဖောက်ပေးထားပြီး အပေါ်အဖုံးတွင် အထဲက ကဏန်းကောင်ကို မြင်နိုင်စေရန် ကဏန်းမထွက်နိုင်လောက်သည့် အပေါက်ကျယ်များ ဖောက်ပေးထားပါသည်။
- အပေါ်ဖုံးသည် ဖွင့်ပိတ်နိုင်ပါသည်။ တစ်အိမ်လျှင် ကဏန်း ၁ ကောင်နှင့် ငါးအသားတုံး ၁ တုံးစီ ထားပေးပါသည်။
ရေအငန်နှုန်း
- ကန်ရေအတွက် မှော်ဝန်းချောင်းကရေကို စုပ်ယူကာ ရေလှောင်ကန်အဆင့်ဆင့်ဖြင့် အနည်စစ်ကာ နေရောင် ခြည်ဖြင့် ပိုးကိုသေစေပြီးမှ မွေးကန်ထဲ ထည့်သွင်းကြပါသည်။
- ရေအငန်နှုန်းကို ၁၀ PPT မှ ၁၅ PPT ကြား၊ အပူချိန်ကို ၂၈ ဒီဂရီစင်တီဂရိတ်နှင့် ၃၁ ဒီဂရီစင်တီဂရိတ်ကြား ထားရှိပေးရပါသည်။
- ကန်ရေကို မကြာမကြာ လဲလှယ်ပေးခြင်းဖြင့် ဇီဝလုံခြုံမှုကို အထူးဂရုစိုက်ဆောင်ရွက်ပေးရပါသည်။
ကဏန်းမာမှ ကဏန်းပျော့ ထုတ်ယူရရှိပုံနှင့် စျေးကွက်သို့ တင်ပို့ခြင်း

- ကဏန်းအခွံလဲ/မလဲကို စောင့်ကြည့်ရေးဝန်ထမ်းများက ၁ နာရီ ၁ ကြိမ် တံတားတစ်ဖက်တွင် ရှိသည့် ကဏန်းဖောင်ကို ကြိုးဖြင့် တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆွဲယူပြီး တံတားပေါ်ကနေ တစ်အိမ်ချင်း စေ့စေ့စပ်စပ် ကြည့်ကြရပါသည်။
- ကဏန်းအိမ်ထဲတွင် ကဏန်း၂ ကောင်ဖြစ်နေလျှင် အခွံကျွတ်ပြီး ဖြစ်ပါသည်။
- ကဏန်းတို့သဘာဝအရ အခွံမာကြီးကို မိမိကိုယ်ကပြုတ်ထွက်အောင် အပြင်းအထန် ရုန်းကန်ကြိုးပမ်းရသည်ဖြစ်ရာ အခွံကျွတ်သွားသည့်အခါ အလွန်နူးညံ့သောခန္ဓာကိုယ်မှာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။
- ထိုကဏန်းပျော့အခွံသည် ရေချိုနှင့် မထိတွေ့လျှင် အချိန်နှင့်အမျှ တဖြည်းဖြည်း မာကျောလာပြီး ၂ နာရီ အကြာတွင် ပုံမှန်အခွံမာကဏန်းပြန်ဖြစ်သွားလေတော့သည်။
- ယင်းသို့ မာကျောလာလျှင် ကဏန်းပျော့တန်ဖိုးလည်း လျော့နည်းလာပေသည်။
- အခွံမာကျောလာမှုပေါ်မူတည်၍ အေ၊ ဘီ၊ စီ အဆင့် (၃)မျိုး ခွဲခြားကြရပါသည်။ အေအဆင့်သည် အကောင်းဆုံးဖြစ်ကာ စျေးလည်း ပိုရပါသည်။ ထို့အတွက်ကြောင့် ၁ နာရီလျှင် ၁ ကြိမ်စောင့်ကြည့်ရခြင်း ဖြစ်ပါသည်။
- ကော်အိမ်ထဲက အခွံကျွတ်ပြီးကဏန်းကို ထုတ်ယူကာ ရေချိုတွင် ချက်ချင်းစိမ်ပေးလိုက်ခြင်းအားဖြင့် ကဏန်းအခွံပြန်၍ မာကျောမလာတော့ပေ။
- ထို့ကြောင့် ဆယ်ယူခြောက်သွေ့စေပြီးမှ အမျိုးအစားခွဲကာ စနစ်တကျထုပ်ပိုးပြီး အခန်းထဲထည့်သွင်းသိုလှောင်ထားရပါသည်။
- စျေးကွက်သို့ တင်ပို့ရာတွင်လည်း အအေးပေးပြီး ပို့ကြရပါသည်။
ကဏန်းပျော့စေရန်အတွက် မည်သည့်ဓာတုဆေးဝါးမျှ သုံးစွဲရန် မလိုအပ်ဘဲ သဘာဝအတိုင်း အခွံလဲ/မလဲ စောင့်ကြည့် ဖော်ယူကြရပါသည်။
ထို့ကြောင့် ကဏန်းပျော့ထုတ်လုပ်ရေးသည် ဓာတုဆေးဝါးကင်းစင်သည့် အော်ဂဲနစ်ပင်လယ်စာသာ ဖြစ်ပါသည်။
(အပိုင်း-၂ တွင် ကဏန်းပျော့၏ သဘာဝ၊ ကဏန်းအသက်အရွယ်အလိုက် အခွံလဲနှုန်း၊ ကဏန်းကုန်ကြမ်းရရှိမှုတို့ကို ဆက်လက်ဖော်ပြပေးသွားပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
San Thein
လွန်ခဲ့သော ၂ နှစ် ကအဝယ်ဒိုင်လိပ်စာညွှန်းပေးပါလား
Ko ko Tun
လွန်ခဲ့သော ၃ နှစ် ကဘယ်မှာနေရာတွေမှာအဝယ်ဒိုင်တွေရှိလဲ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....