မျိုးပွားမှု ကောင်းစေရန်အတွက် အခြေခံအချက်များ
နွားငယ်များကို နွားမျိုးအလိုက်၊ အသက်ရွယ်အလိုက် ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန် ရရှိအောင် မွေးမြူနိုင်ရမည်။ နွားမတမ်း (၁၅) လနှင့် နို့ညှစ်နွားမများကို မွေးပြီး (၄) လအတွင်း သားတင်/သားစပ် ဆောင်ရွက်နိုင်ရမည်။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အသက်အရွယ်၊ နို့ပေးကာလနှင့် နို့နားကာလတွင် အစာကို အာဟာရ မှန်ကန်အောင် ကျွေးမွေးနိုင်ရမည်။ သားတင်/သားစပ်ရာတွင် သားအောင်နူန်းကောင်းစေရန် အချိန်ကိုက် ဆောင်ရွက်နိုင်ရမည်။
နွားခြံတွင် မလိုအပ်သော (နွားထီး) ဆက်လက်မွေးမြူရန် မသင့်သော (ထွက်နူန်းနည်း၊ သားတင်ရခက်၊ မျိုးရိုးနိမ့်၊ ရိုင်း၊ ရောဂါထူ) နွားများကို မှတ်တမ်းများနှင့် ချိန်ထိုးပြီး အချိန်မီ ဖယ်ရှားနိုင်ရမည်။
နွားမတမ်း ပြုစုစောင့်ရှောက်ခြင်း
နွားမတမ်းများကို ပထမဦးဆုံးအချိန် သားစပ်ရာတွင် နွားသိုးကို စနစ်တကျ ရွေးချယ် သားစပ်နိုင်မှသာ သားမွေးခြင်းအခက်ခဲကို ကျော်လွှားနိုင်မည်။ (ဂျာစီ နွားမတမ်းများ သားစပ်ရာတွင် အကောင်သေးခြင်းကြောင့် အထူးလိုအပ်သည်။
နွားမတမ်းတွင် ပထမဆုံး သားစပ်ချိန် ခန္ဓာကိုယ် အလေးချိန် အနည်းဆုံး (၂၉၀) ရှိရမည်။ အသက်အားဖြင့် (၁၅-၁၇) လ ရှိရမည်။
နွားမတမ်း၏ အသက်နှင့် ကိုယ်အလေးချိန် သက်မှတ်စံနူန်းရောက်မှသာ သားအောင်/သားပေါက်ခြင်းကို အကျိုးရှိရှိ ဆောင်ရွက်နိုင်မည်။ လိုက်သိုး အသုံးပြု သားတင်/သားစပ်ရာတွင် နွားသိုး (၁) နှင့် နွားမတမ်း (၂၅) အတွက် အသုံးပြုနိုင်သည်။
မြိုင်စစ်ဆေးခြင်း
မြိုင်စစ်ဆေးမှု ညံ့ဖျင်းလျှင် သားအောင်/သားပေါက်နူန်းကို ထိခိုက်စေပါတယ်။
သားအောင်/သားပေါက်နူန်း မကောင်းလျှင် တစ်သားနှင့် တစ်သားကွာချိန်ရှည်လျားပြီး အကျိုးအမြတ် နည်းစေပါသည်။
မြန်မာနိုင်ငံတွင် နွားများကို ကြိုးဖြင့်ချည်ကျွေးသော စနစ်သည် မြိုင်လက္ခဏာ စစ်ဆေးရာတွင် လွတ်ကျောင်းမွေးမြူသော စနစ်ထက် အားနည်းချက်ဖြစ်စေပါသည်။
ပထမဆုံးမြိုင်
မွေးဖွားပြီး ပထမဆုံး မြိုင်လာချိန်သည် ပုံမှန်အားဖြင့် (၃၄-၄၅) ရက်ဖြစ်သည်။
မတမ်းသားမွေးပြီး ပထမဆုံးမြိုင်သည် ပုံမှန်ထက် (၁၀) ရက်ခန့် ပိုကြာနိုင်သည်။
ခြံရှိ (၅၀) ရာခိုင်နူန်းသော နွားမများ၏ မွေးပြီး ပထမဆုံးမြိုင်သည် တိတ်တခိုး မြိုင် ဖြစ်လေ့ရှိပါသည်။
ပထမဆုံးမြိုင်လာခြင်းသည် နောက်တစ်ကြိမ်မြိုင်အတွက် သားစပ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မြိုင်လာရက်ကို ခန့်မှန်းနိုင်ရန် မှတ်တမ်းထားရပါမည်။
မွေးပြီး နွားမများကို ပုံမှန်အားဖြင့် (၄၅-၆၀) ရက်ပိုင်း မြိုင်ကို သားတင်/သားစပ် ဆောင်ရွက်လေ့ မရှိပါ။ သားမွေးပြီးသော သားအိမ်၏ လုပ်ဆောင်ချက်များကို ပိုမိုဆောင်ရွက်နိုင်အောင် စောင့်ဆိုင်းနေချိန်အဖြစ် သက်မှတ်ခြင်းကြောင့် ဖြစ်ပါသည်။
မြိုင်လက္ခဏာ
ပထမပိုင်း မြိုင်လက္ခဏာ
အခြားနွားများကို ကျော်ခွရန် အခြားနွားအနီးတွင် ရပ်ဆိုင်းနေခြင်း မြိုင်ကာလသည် ပျမ်းမျှ (၁၄) နာရီ ရှိပြီး သို့သော် (၂-၂၈) နာရီအထိ ဖြစ်ပေါ်နိုင်သည်။
မြိုင်လာမည့်နွားသည် မြိုင်ပေါ်ရာတွင်ပြသော လက္ခဏာများစတင်တွေ့ရှိရခြင်း။
မြိုင်လာမှု ပြင်းထန်လျှင် အမြီးဝန်းကျင်တွင် အချွဲများ ပေကျံနေခြင်း။
သားစပ်ရန် အကောင်းဆုံးအချိန်မှာ အခြားနွားများက ကျော်ခွလာခြင်းကို လက်ခံချိန် မြိုင်စပေါ်ပြီး (၆-၁၈) နာရီ (မျိုးဉကြွေချိန်) ဖြစ်သည်။
ဒုတိယပိုင်းမြိုင်လက္ခဏာ
- အခြားနွားများကို ကျော်ခွခြင်း
- ဂဏာမငြိမ်ဖြစ်ခြင်း/အော်ခြင်း
- နို့ထွက်နည်းခြင်း
- အကြည်ရောင် အချွဲကျခြင်း
- တန်ဆာနီခြင်း၊ ကြီးခြင်း၊
- အခြားနွားများ ကျော်ခွထားသည့် အမှတ်အသားများ ပေကျန်နေခြင်း
- အမြီးဝန်းကျင်တွင်အချွဲများ ခြောက်နေခြင်း
မြိုင်လက္ခဏာပြခြင်းကို အနှောက်အယှက်ပေး လွမ်းမိုးသော အချက်များ
- ခြေထောက်နာနေခြင်း
- ကြမ်ခင်းမျက်နှာပြင် ချော/ချော်နေခြင်း
- နေ့အပူချိန် (၃၀) ဒီဂရီ အထက် ပူနေခြင်း
- မြန်မာနိုင်ငံတွင် ဖော်ပြပါ အပူချိန်ရှိနေသဖြင့် အပူသက်သာအောင် ဆောင်ရွက်သင့်ပါသည်။
- မြိုင်လက္ခဏာ (၇၀%) ခန့် အများဆုံးဖြစ်ပေါ်ချိန်သည် နံနက် (၇) နာရီနှင့် ညနေ (၇) နာရီဖြစ်သည်။
- အာဟာရဆိုင်ရာများ
တိရစ္ဆာန်များကို ကြိုးမချည်ဘဲ ကြိုးလွှတ်မွေးမြူသင့်သည်။
ကြိုးချည်မွေးမြူသော နွားမများ၏ မြိုင်လက္ခဏာကို သိရှိရန်အတွက် အနီးကပ်စောင့်ကြည့်ရန် လိုအပ်ပါသည်။
ထို့ကြောင့် မြိုင်လာသော နွားမများ၏ မြိုင်လက္ခဏာကို သိသာထင်ရှားစေရန် ကြိုးလွှတ်မွေးမြူမှသာ ပိုမိုသိသာနိုင်မည် ဖြစ်ပါသည်။
ကြိုးချည်မွေးမြူသော မြန်မာနိုင်ငံမွေးမြူရေးစနစ်တွင် မြိုင်ပေါ်ချိန် မြိုင်လက္ခဏာဖော်ပြရန် ဆုံးရှုံးမှု အကြိမ်မည်မျှ ဆုံးရှုံးနိုင်မည်နည်း
မေထုံမဲ့ သားစပ်ခြင်း
သုတေသနတွေ့ရှိချက်များအရ (၁) ကြိမ် သားစပ်ခြင်းနှင့် နှစ်ကြိမ်သားစပ်ခြင်းမှာ သားအောင်မြင်မှု အနည်းငယ်သာ ကွာခြားပါသည်။
အကြမ်းဖျင်းအားဖြင့် နံနက်ပိုင်း မြိုင်လက္ခဏာပြလျှင် ညနေပိုင်းတွင် သားစပ်နိုင်ပါသည်။
သားစပ်ရန် အကောင်းဆုံး အချိန်ကို မိမိဒေသနှင့် ကိုက်ညီသော သားအောင်နူန်းကောင်းသော အချိန်များကို လေ့လာသတ်မှတ်ဆောင်ရွက်နိုင်လျှင် ပိုမိုကောင်းမွန်ပါလိမ့်မည်။
မြိုင်လက္ခဏာ မပြသော နွားမများကို ကုသခြင်း
မြိုင်ပေါ်ဆေးထိုးခြင်း၊ မြိုင်ညှိခြင်း၊ CIDR’s ပစ္စည်းထည့်အသုံးပြုခြင်း၊
မြန်မာနိုင်ငံတွင် အာဟာရပြည့်ဝစွာ မကျွေးမွေးဘဲ (၁) နှစ်ပတ်လုံး နို့ထုတ်လုပ်နေခြင်းနှင့် အခြားသော နို့စားနွားခြံ စီမံအုပ်ချုပ်မှု ဆိုင်ရာများကို ဦးစွာဆောင်ရွက်သင့်ပါသည်။
မြိုင်ပေါ်နောက်ကျခြင်း၊ မြိုင်လက္ခဏာမပြခြင်းများကို ဟော်မုန်းဆေးထိုးခြင်း၊ CIDR’s အသုံးပြုခြင်းသည် အောင်မြင်မှုနည်းပြီး ကုန်ကျစာရိတ် များစေပါသည်။
အခြားဆောင်ရွက်ချက်များ
- ဟော်မုန်းဆေး အသုံးပြု မြိုင်ညှိသားစပ်ခြင်း ပြုလုပ်သောအခါ သားစပ်ရန် အချိန်သည် ဆေးအညွှန်းပေါ် မူတည်၍ သားတင်/သားစပ်ပြုလုပ်ရမည်။
- သန္ဓေသားလောင်းဖြင့် သားစပ်ခြင်းကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပေါင်းငူရှိ မေထုန်မဲ့သားစပ်ဌာနစိတ်တွင် စမ်းသပ်ဆောင်ရွက်လျက် ရှိသော်လည်း လက်တွေ့အသုံးပြုရာ၌ လုပ်ဆောင်မှုနည်းနေကြောင်း တွေ့ရှိရပါသည်။
သုံးသပ်ချက်
မြိုင်ပေါ်ခြင်း၊ သားအောင်ကောင်းခြင်း၊ တစ်နှစ်တစ်သားကြခြင်းတို့သည် အောက်ဖော်ပြပါအချက်များပေါ် မူတည်ပါသည်။
အသက်အရွယ်နှင့် ထုတ်လုပ်ချိန်အလိုက် အစာလိုအပ်ချက်ကို အစာစိမ်းအခြေပြု အာဟာရပြည့်ဝစွာ ကျွေးမွေးရန် အဓိကဖြစ်သည်။
အာဟာရ ပြည့်ဝစွာ ကျွေးမွေးနိုင်သော်လည်း မြိုင်ပေါ်ချိန်၊ သားစပ်ချိန်၊ မျိုးရည်ခဲချောင်း သိုလှောင်မှု၊ သားစပ်ကျွမ်းကျင်မှုတို့သည်လည်း နောက်ဆက်တွဲ အရေးကြီးသော အချက်များဖြစ်ပါသည်။
မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း
မင်းခန့်
လွန်ခဲ့သော ၅ နှစ် ကကျနော့နွာမလေး ခြောက်ကြိမ်ပြပြီးပြီ ခုထိမအောင်သေးပါဘူး ဘာတွေလိုအပ်နေလို့လဲဆိုတာသိပါရစေ
ဆက်စပ်ဆောင်းပါးများ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • ဖြေကြားချက် 1 ခု
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • ဖြေကြားချက် 0 ခု
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • ဖြေကြားချက် 1 ခု
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • ဖြေကြားချက် 2 ခု
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026