အသားစားနွားများကို သားစပ်ရာတွင် သိထားသင့်သောအချက်များ
အသားစားနွား မွေးမြူရေးလုပ်ငန်းအား ကြီးကြီးကျယ်ကျယ်လုပ်ကိုင်မည်ဆိုပါက နွားကောင်ရေတိုးပွားမှုသည့် မဖြစ်မနေလိုအပ်သည်။ ဤကဲ့သို့ တိုးပွားစေရန် နွားမျိုးကောင်းမျိုးသန့်ထဲမှ သန္ဓေတည်သားမွေးနှုန်းကောင်းသော နွားမျိုးကို ရွေးချယ်ရန်လိုအပ်သည်။ နွားတို့၏သဘာဝမှာ သန္ဓေတည်သားမွေးရာတွင် မျိုးရိုးလိုက်တတ်သည်။ သန္ဓေတည်သားမွေးနှုန်းညံ့သောနွားများမှ ဆင်းသက်ပေါက်ဖွားလာသည့် နွားများကို မွေးမြူထားပါက ထိုနွားများအချိန်တန်၍ သားမွေးချိန်ရောက်သော် သန္ဓေတည်နှုန်းညံ့ဖျင်းမှာ မလွဲပေ။ ဤကဲ့သို့ မျိုးရိုးလိုက်ခြင်းမှာ နို့စားနွားမွေးမြူခြင်းနှင့် ခြားနားမှုမရှိဘဲ အတူတူပင်ဖြစ်သည်။ ထို့ကြောင့် အသားစားနွားမွေးမြူရေးသမားတို့သည် သန္ဓေတည်သားမွေးနှုန်းကောင်းသည့် နွားမျိုးကိုသာ ရွေးချယ်မွေးမြူသင့်သည်။
တစ်ခါတစ်ရံတွင် သားမွေးနှုန်းကောင်းသောနွားမျိုးနှင့် အလားတူကောင်းသော အခြားနွားတစ်မျိုးကို သားစပ်ယူသည့်နည်းကိုလည်း ကျင့်သုံးရမည်။ မိမိမွေးထားသော နွားထက်ပို၍အသားများသော နွားမျိုးကောင်းနှင့်လည်း သားစပ်ရမည်။ ဤသို့ဖြင့် နောက်ထပ်မွေးလာသော နွားများမှာအသားတိုးနှုန်းသည် မိခင်နွားမကြီးထက်ပို၍ ကောင်းမွန်သည့်အခြေအနေမျိုး ရရှိလာနိုင်သည်။ ထို့ကြောင့် ထွားကျိုင်းပြီး အသားများသော နွားနှင့် သားစပ်ယူသည့်နည်းကို အသားစားမွေးမြူရေးသမားတိုင်း လိုက်နာသင့်သည်။
အသားစားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများသည် မိမိတို့မွေးမြူထားသော နွားများအနက် ပေါက်လာသည့်နွားကလေးများ နို့ဖြတ်ချိန်ကိုလည်း ဂရုစိုက်ရန်လိုအပ်သည်။
အသားစားနွားထဲမှ သားငယ်ရှိသော နွားမများကို အစာအာဟာရပို၍ကျွေးမှသာ နို့ထွက်ကောင်းသဖြင့် အစာပို၍ ကျွေးရသောကြောင့် ကုန်ကျစရိတ်ပို၍ ကုန်ကျလာမည်။ နို့ဖြတ်ချိန်တွင် ကိုယ်အလေးချိန်ပိုစီးသော နွားငယ်များအတွက်စရိတ်သည် ကိုယ်အလေးချိန်လျော့နည်းသော နွားငယ်များ၏ စရိတ်ထက်ပိုမို၍ သက်သာသည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ “ကျွဲ၊ နွား မွေးမြူသောနည်းနှင့် ရောဂါကုသနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ယွန်းစန္ဒာဖြိုး
လွန်ခဲ့သော ၂ နှစ် ကနွားကိုယ်ဝန်ဆောင်ချိန်တစ်ပတ်အခြေအနေ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကhi
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကhi
Kyaw Kyaw
လွန်ခဲ့သော ၄ နှစ် ကhi
han win soe
လွန်ခဲ့သော ၄ နှစ် ကကျန်းမာရေးကောင်းအောင်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • ဖြေကြားချက် 1 ခု
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • ဖြေကြားချက် 0 ခု
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • ဖြေကြားချက် 1 ခု
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • ဖြေကြားချက် 2 ခု
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026