ဒီရေတောအကြောင်း သိကောင်းစရာ
- ဒီရေတောများသည် ကုန်းမြေပေါ်ရှိမိုးသစ်တောပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅ ဆပို၍ စုပ်ယူနိုင်သည်။
- ဒီရေတောများသည် ပြင်းထန်ဆိုးရွားလွန်းသော ရာသီဥတု(မုန်တိုင်း) ဒဏ်တို့ကို ကာကွယ်နိုင်သည်။
- ပင်လယ်စာထုတ်လုပ်နိုင်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်သည်။
- သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်များကို ကာကွယ်ရန်အတွက် ရေသန့်ကို စစ်ထုတ်ပေးသည်။
- သက်တမ်းရင့် ဒီရေတောပင်တစ်ပင်သည် လူလေးဦးအတွက်လုံလောက်သော အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည်။
- ကမ္ဘာပေါ်တွင်နေထိုင်သည့် သက်ရှိများအတွက် အအေးဓာတ်ပေးခြင်း၊ အရေးကြီးသောဂေဟစနစ်ကို ထောက်ပံ့ခြင်း တို့ပြုလုပ်ပေးသည်။
- ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်ရှိသည့် အားနည်းသော လူမှုပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေသော ဖွံ့ဖြိုးတိုး တက်မှုဆီသို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။
သစ်ပင်၊ သစ်တောများအားလုံးသည် ဂေဟစနစ်ကို အထောက်အပံ့ပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ထူးခြားစွာပါဝင်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ် ပေါ်လာသည့် အကျိုးဆက်များကိုခံစားလာရသည်။ လက်ရှိကာလအချိန်တွင် ကမ္ဘာမြေပေါ်ရှိဒီရေတော ဂေဟစနစ်တို့သည် ထူးခြားထိရောက်လွန်းသောအကျိုးပြုမှုများကို ဆောင်ကျဉ်းပေးလျက်ရှိလေသည်။
ဒီရေတောများသည် အပူပိုင်းဒေသ၊ ဒီရေလွှမ်းမိုးတတ်သောနေရာများတွင် ပေါက်ရောက်လေ့ရှိသည့် သစ်ပင်များဖြစ်သည်။
သမုဒ္ဒရာများမှ ကာဗွန်စုဆောင်းမှု ၈၃ ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းရှိ ဒီရေတောများ၊ ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများမှ ၅၀ ရာခိုင်နှုန်းသော မြင်သာထင်သာသည့် အကျိုးသက်ရောက်မှုကို ဒီရေတောများက ဆောင်ရွက်သည်။ ၎င်းအပြင် ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်နေထိုင်သူတို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့ကိုကာကွယ်ပေးနေသည်ဟုဆိုလျှင်လည်းမမှားပေ။ ဆူနာမီ၊ ဆိုင်ကလုန်း နှင့် အခြားသော ပြင်းထန်သော ရာသီဥတုဒဏ်မဖြစ်ပေါ်စေရန် ဒီရေတောများက မားမားမတ်မတ်ကာ ကွယ်ပေးနေခြင်းဖြစ်လေသည်။
၎င်းတို့သည် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရာတွင် အခြားသော အရေးကြီးသောအင်္ဂါရပ်များစွာဖြင့် ပင်လယ်စာထုတ်လုပ်နိုင်မှုကိုလည်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်ပေလျက်ရှိပါသည်။ ဒီရေတောများသည် အထက်တွင်ဖော်ပြပြီးကဲ့သို့သော အရေးပါသည့်နေရာတွင်ရှိနေသော်လည်း နိုင်ငံအများအပြားတွင် ဒီရေတောများ ပြန်းတီးလာမှုမှာ စိုးရိမ်စရာအဆင့်သို့ရောက်ရှိနေပြီ ဟုဆိုနိုင်ပါသည်။ ကုန်းမြေသစ်ပင်များထက် သုံးဆပိုမြန်၍ ပျောက်ကွယ်နိုင်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် ဒီရေတောများအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေမှုကို ပြောင်းပြန်လှန်ရန်အ ချိန်တန်ပြီဟုဆိုနိုင်ပါသည်။
ပင်လယ်သမုဒ္ဒရာမှရရှိသော အရေးပါသည့်ဂေဟစနစ်နှင့်ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာတို့မှာ ရှေးယခင်ကတည်းက ရှင်သန်ရေပန်းစားခဲ့သည်။ ကမ္ဘာပေါ်တွင် သက်ရှိများရှင်သန်ရပ်တည်နေနိုင်မှုမှာ ထိုအရင်းအမြစ်များအား အချိန်ကြာကြာထိန်းသိမ်းထားနိုင်မှုအပေါ် မူတည်ပါသည်။
ပင်လယ်နှင့်ကုန်းမြေတို့အကြား ကြားခံအဖြစ် ဆားငန်ရေတွင်ပေါက်ရောက်တတ်သည့် တစ်ခုတည်း သောအပင်များမှာ ဒီရေတောများပင်ဖြစ်သည်။ ထိုသစ်ပင်များသည် အနည်များကိုသန့်စင်စေပြီး သန္တာကျောက်တန်းများ၊ ပင်လယ်မြင်များကို ကာကွယ်ပေးနေသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့ပါးစေရန် အမြင့်ဆုံးစွမ်းရည်ကိုထောက်ပံ့ပေးလျက်ရှိသည်။ ထိုကဲ့သို့သော အံအားသင့်စရာကောင်းသည့် အပင်များသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးနေပြန်ပါသည်။
သို့သော်လည်း အချို့နိုင်ငံများတွင် လုံးဝမျိုးသုဉ်းသွားမည့် အန္တရာယ်စိုးရိမ်စရာအခြေအနေသို့ရောက်ရှိနေပြီဖြစ်၍ ထိန်းသိမ်းကာကွယ်ရန်လိုအပ်နေပြီဖြစ်ပါသည်။ ဒီရေတောဆိုင်ရာ သိကောင်းစရာ များကို https://www.facebook.com/WorldviewInternationalFoundation တွင်လည်းဖတ်ရှုနိုင်ပါ သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်ဇင်လတ်
လွန်ခဲ့သော ၂ နှစ် ကတကယ်အသုံးဝင်ပါတယ်
အောင်ကိုကိုလတ်
လွန်ခဲ့သော ၃ နှစ် ကတောကောင်းတဲနေရာတွေရှိတဲ့နေရာရှိတယ်
အောင်ကိုကိုလတ်
လွန်ခဲ့သော ၃ နှစ် ကဟုတ်ကဲ့ဒီရေတောထိန်းလာတာ=6=နှစ်ရှိပြီ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၃ နှစ် ကတနသ်ရီတိုင်းကျွန်းစုမြို့နယ်ကဘင်အုပ်စုဥယျာဉ်ကြီးကျေးရွာ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၃ နှစ် ကဟုတ်ကျွန်တော်
Content provider
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
More from Worldview International Foundation - WIF
အားလုံး
ဒီရေတော ပျိုးဥယျာဉ်ထူထောင်မည်ဆိုလျှင်
12/04/2024
ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း
02/04/2024
ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
14/03/2024
ဒီရေတောတွေသာမရှိတော့ရင်..
16/11/2023
ကမ်းခြေကို ခြေကုပ်ယူကာ ပင်လယ်ရေလွှမ်းခြင်းကို ကာကွယ်ပေးနေတဲ့ ဒီရေတောများ
10/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....