အစိမ်းရောင်လမ်း
ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများ

ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများ

မြန်မာနိုင်ငံ၏ အဓိကကမ်းရိုးတန်းဒေသကြီးများဖြစ်သော ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီဒေသများတွင် ဒီရေတောများပေါက်ရောက်ကြသည်။ 

ယခင်က ဒီရေတောများထူထပ်ခဲ့ရာနေရာအများစုသည် လက်ရှိအချိန်တွင် ခုတ်လွန်တောပျက်များ အဖြစ်သာကျန်ရှိနေပြီဖြစ်သည်။ ထိုအထဲတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောများလည်း အပါအဝင်ဖြစ်လေသည်။ 

အဆိုပါဒေသသည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးဒေသများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ရွှေ့ ပြောင်းလုပ်သားများ အများအပြားနေထိုင်ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ယခုအခါ ဒီရေ တော ၈၀ ရာခိုင်နှုန်း ပျက်စီးပြုန်းတီးခဲ့ပြီဖြစ်သည်။ ၁၉၉၀ ခုနှစ် ဂြိုဟ်တုမြေပုံအရ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောဖုံးလွှမ်းမှုသည် လက်ရှိဒီရေတောဖုံးလွှမ်းမှုနှင့်ယှဉ်ပါလျှင် အဆပေါင်းများစွာ ကွာခြားခဲ့ပြီဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသည် ဒီရေတောများ ၁၀၀ ရာခိုင်နှုန်းနီးပါးအထိလွှမ်းမိုးခဲ့သောနေရာ ဖြစ်ခဲ့သည်။ ကြိုးပြင်ကာကွယ်တောများဖွဲ့ခဲ့သည်။ ၁၉၄၇ ခုနှစ် ထုတ်ပြန်ခဲ့သော ဒီရေတော အုပ်ချုပ်မှု စီမံချက်အရ ထိုဒေသသည် ကျားများကျက်စားခဲ့ရာဒီရေတောများ ဖြစ်ခဲ့သည်။ သို့သော်လည်း လက်ရှိအချိန် နေရာတော်တော်များများတွင် အပင်များ၏ အမြင့် ၅ မီတာမကျော်သောတောလွန် အဖြစ်ရှိနေပြီး ဒီရေတောများ၏ အကျိုးကျေးဇူးများအားလုံးကို ဆုံးရှုံးနေရပြီဖြစ်သည်။ ဒီရေတောများသာရှိမည်ဆိုပါလျှင် ကမ်းပြိုရေတိုက်စားမှုများကို ရာနှုန်းပြည့်မကာကွယ်ပေးနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 

ဒေသတွင်းလူမှုစီးပွားရေးအခြေအနေအရ ဒီရေတော ထိန်းသိမ်းရာတွင် အဓိက ကြုံတွေ့ရသော ပြဿနာ များမှာ လယ်တိုးချဲ့ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းနှင့် ပုစွန်ကန်တူးဖော်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ Worldview International Foundation အနေဖြင့် ဒီရေတောဂေဟစနစ်များထူထောင် ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလည်းတစ် ခုအပါအဝင်ဖြစ်သည်။ လက်ရှိကာလတွင် ပြန်လည်ထိန်းသိမ်းထားသော ဒီရေတောများအဖြစ် ဧရာဝတီ ရှိနေရာအချို့တွင် စတင်မြင်တွေ့နေရပြီဖြစ်ပါသည်။

ပြန်လည်ထိန်းသိမ်းထားသော ဒီရေတောများသည် သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ကြားသာရှိသော်လည်း သဘာဝဒီရေတောများလုပ်ဆောင်သည့် ဂေဟစနစ်အတိုင်း ဂေဟစနစ်ဝန်ဆောင်မှုများ (မုန်တိုင်းကာ ကွယ်ရေးနှင့် ပင်လယ်စာ ရင်းမြစ်များထိန်းသိမ်းပေးခြင်း စသည်တို့) ကို ထိန်းသိမ်းလုပ်ဆောင်နိုင်စွမ်း ရှိပါသည်။ အဆိုပါဂေဟစနစ်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စီးပွားရေးအကျိုးအမြတ်ကို စိုက်ခင်း၊ လုပ်အားနှင့် အခြားကုန်ကျ စရိတ်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဒီရေတောပြန်လည် ထူထောင်ရေးသည် ယေဘုယျအားဖြင့် တွက်ချေကိုက်သည်ဟု သုတေသီများက ပြောသည်။ 

ဧရာဝတီမြစ်ဝကျွန်းပေါ်တစ်နေရာဖြစ်သော မကျည်းဒေသ (ရွှေသောင်ယံ) တွင် ကဏန်းကန်မွေးမြူရေး များနှင့် မီးသွေးထုတ်လုပ်မှုကြောင့်  ဒီရေတောများ ဆိုးရွားစွာ ပျက်စီးသွားခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်ကာ ပြန်လည်ဖွံ့ဖြိုးလာခဲ့သည်။ လက်ရှိကာလတွင် ဒီရေတောအထက်ဘက်ရှိ တောင်ပေါ်တွင် တည်ထားသော စေတီလေးမှ မျှော်ကြည့်လိုက်လျှင် ကွေ့ပတ်စီးဆင်းနေသော ဒီရေတောအုပ်ကြီးကို ညို့ဆိုင်းဆိုင်းအဖြစ် တွေ့မြင်နိုင်သည့် အကျိုးရလဒ်ကို မြင်တွေ့နေရပြီဖြစ်သည်။ 

မကျည်းဒေသအပြင် အခြားဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ နေရာအတော်များများနှင့် တနင်္သာရီဒေသတို့တွင်လည်း Worldview International Foundation ၏ ဒီရေတောဂေဟစနစ်များထူထောင် ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တွေ့မြင်လာမည်ဖြစ်ပါသည်။ 

ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်းအကောင်အထည်ဖော်ရန် သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။

ဒီရေတောအကြောင်းဆောင်းပါးများကို - Worldview Myanmar – WIF ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း များပေါ်တွင်လည်း လေ့လာနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
ဝီလှံ

ဝီလှံ

လွန်ခဲ့သော ၂ နှစ် က

မင်းမေငါ့လိုး

You

ဆက်စပ်ဆောင်းပါးများ

Worldview International Foundation

Content provider

Worldview International Foundation

Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။  

ဆက်စပ်မေးခွန်းများ

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ

ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....