ဂေဟစနစ်များထဲက ဒီရေတော
ဒေသတစ်ခုအတွင်း သက်ရှိမျိုးစိတ်များအားလုံးနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ရှိ သဘာဝ ရုပ်ဝတ္ထုများ၊ ဓာတုဖြစ်စဉ်များအကြား အပြန်အလှန်ဆက်စပ်ပတ်သက်နေခြင်းကို ဂေဟစနစ် (Eco System)ဟုခေါ်ဆိုခြင်းဖြစ်လေသည်။ ဂေဟစနစ်သည် သက်ရှိ၊ သက်မဲ့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသောအရာကိုဆို လိုခြင်းဖြစ်ပါသည်။
ဂေဟစနစ်တိုင်းသည် အရှိန်အဟုန်ကောင်းစွာဖြင့် ဟန်ချက်ညီညီ ပုံမှန်လည်ပတ်နေကြသည်။ ထိုအရှိန် ဟန်ချက်တစ်ခုခုပျက်သွားမည်ဆိုပါက လည်ပတ်နေသည်တို့ရပ်တန့်သွားမည်ဖြစ်သည်။
ဂေဟစနစ်တစ်ခုမှာအခြေအနေအပေါ်မူတည်၍ အရွယ်အစားအမျိုးမျိုးတည်ရှိနိုင်ပြီး ကမ္ဘာမြေတစ်ခုလုံးအနေဖြင့်လည်းကောင်း၊ ဒေသကြီးအဆင့် ဇီဝအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ သို့တည်းမဟုတ် ပုံမှန်တည်ရှိနေသည့် ရေအိုင်ငယ်လေးတစ်ခုအနေဖြင့်လည်းကောင်းသတ်မှတ်နိုင်သည်။ သဘာဝဂေဟ စနစ်တစ်ခု၏ ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများ (Ecosystem services) ထောက်ပံ့ပေးနိုင်သည့် အရည်အသွေးတဖြည်းဖြည်းလျော့နည်းလာသည့်ဖြစ်စဉ်ကို ဂေဟစနစ် ပျက်စီးယိုယွင်းလာခြင်း (Ecosystem degradation) ဟုခေါ်ပါသည်။
ကမ္ဘာပေါ်တွင် ဂေဟစနစ်ပေါင်းများစွာရှိပါသည်။ ဥပမာအားဖြင့် သစ်တောဂေဟစနစ် (Forest Ecosystem), မြက်ခင်းပြင်ဂေဟစနစ် (Grassland Ecosystem), ရေခဲတောင်ဂေဟစနစ် (Mountain Ecosystem), သဲကန္တာရာဂေဟစနစ် (Desert Ecosystem), မြစ်ချောင်းဂေဟစနစ် (River Ecosystem), ပင်လယ်ပြင်ဂေဟစနစ် (Ocean Ecosystem), ရေကန်ဂေဟစနစ် (Pond Ecosystem) စသည်ဖြင့်အမျိုး အစားစုံလင်လှသည်။ ဒီရေတောဂေဟစနစ်မှာ သစ်တောဂေဟစနစ်ထဲတွင်တစ်ခုအပါ အဝင်ဖြစ်သည်။
ဒီရေတောဂေဟစနစ်တွင် ဒီရေတောပင်များ၊ ပင်လယ်နှင့်ကုန်းမြေတစ်ဝိုက်အပင်များ၊ ရေနေသတ္တဝါ များ အစရှိသည့် အရာအားလုံးပါဝင်လေသည်။ ဒီရေတောများသည် တောင်ပေါ်တွင်ထီးထီးကြီးရှိနေသော တောင်ပေါ်တောများနှင့်လည်းမတူ၊ ပင်လယ်ထဲတွင်လုံးလုံးလျားလျားတည်ရှိနေသော အဏ္ဏဝါဂေဟ လည်းမဟုတ်ပါ။ ကုန်းပေါ်တွင်လည်းကောင်း၊ ရေတွင်လည်းကောင်း နှစ်ပိုင်းစလုံးနှင့် သက်ဆိုင်သော ဂေဟစနစ်တစ်ခုဖြစ်လေသည်။
ဒီရေတောအပင်များမှ အရွက်တို့သည် ရေပေါ်သို့ကြွေကျလာမည်။ ထိုအရွက်တို့သည် အစာအဖြစ်ချေဖျက်ပြီး ရေနေသတ္တဝါများက စားသောက်ကြမည်။ ရေနေသတ္တဝါများကို ငှက်များ၊ အခြားသတ္တဝါများက စားမည်။ နောက်ဆုံး လူများက စားသောက်ကြမည့် အစာကွင်းဆက်အဖြစ် လည်ပတ်နေမည် ဖြစ်သည်။ ဥပမာ ဒီရေတောဂေဟစနစ်တွင် ကဏန်းသည် Keystone species ဖြစ်ပါသည်။ ၎င်း၏ တည်ရှိနေမှုသည် ဒီရေတောဂေဟစနစ်အတွင်းရှိ အခြားသတ္တဝါများရှင်သန်ရပ်တည်မှုနှင့် ချိတ်ဆက်မှု အားကောင်းနေသောကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် (၇) နိုင်ငံမြောက် ဒီရေတောဧရိယာအများဆုံးဖြစ်သည်။ ၅၀၂,၉၁၁ ဟက်တာ (၁,၂၃၂,၁၉၀ ဧက) (World Mangrove Atlas 2010) ကိုပိုင်ဆိုင်ထားပြီး ဒီရေတောမျိုး စိတ်ပေါင်း ၃၄ မျိုးရှိသည်ဟုသိရသည်။ (ပိုလည်းတွေ့လာနိုင်)
မြန်မာနိုင်ငံအတွင်း ဒီရေတောမျိုးစိတ်နှင့် တွဲဖက်ပေါက်ရောက်သည့် မျိုးစိတ် စုစုပေါင်း ၁၄၈ မျိုးရှိသည်ဟု အကိုးအကားများက ဖော်ပြကြသည်။ ဒီရေတောများသည် တောင်လတ္တီကျု့ ၃၀ ဒီဂရီနှင့် မြောက်လတ္တီကျု့ ၃၀ ဒီဂရီအကြားတွင် အဓိကပေါက်ရောက် (Tomlinson 1986) တတ်ကြသည်။
ဒီရေတောဂေဟစနစ်များမှ ပံ့ပိုးပေးနေသော ဝန်ဆောင်မှု (၄) မျိုးရှိပါသည်။ ယင်းတို့မှာ ပံ့ပိုးပေးခြင်းဆိုင်ရာဝန်ဆောင်မှုများ (အစားအစာ၊ရေအရင်းအမြစ်၊ ဆေးဝါးပစ္စည်းများ၊ သစ်၊ ထင်း၊ မျော၊ တိုင်)၊ ပတ်ဝန်းကျင်ထိန်းညှိပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (ရာသီဥတုမျှတခြင်း၊ ကမ်းရိုးတန်း အကာအကွယ်ပေးခြင်း၊ ကမ်းပါးပြိုတိုက်စားမှုထိန်းချုပ်ပေးခြင်း)၊ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာ ဝန်ဆောင်မှုများ (ခရီးသွားလုပ်ငန်း၊ ရှုခင်းပသာဒ၊ သုတေသနနှင့် ပညာပေးလုပ်ငန်း၊ မိရိုးဖလာ အမွေအနှစ်များ)နှင့် အထောက်အကူပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (ဂေဟစနစ်လည်ပတ်မှု၊ မြေဆီလွှာ ထုတ်လုပ်ခြင်း၊ အစာ ချက်လုပ်ခြင်း၊ မြေဆီလွှာထုတ်လုပ်ခြင်း၊ အစာချက်လုပ်ခြင်း၊ မြေဆီလွှာထုတ်လုပ် ပေးခြင်း၊ ဇီ ဝရုပ်ကြွင်း (Biomass) များပံ့ပိုးပေးခြင်း) တို့ဖြစ်လေသည်။
ဒီရေတောအကြောင်းဆောင်းပါးများကို - Worldview Myanmar – WIF ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း များပေါ်တွင်လည်း လေ့လာနိုင်ပါသည်။
Facebook - https://www.facebook.com/WorldviewInternationalFoundation
Worldview Myanmar’s Instagram –
https://www.instagram.com/worldview_myanmar/
Worldview Myanmar’s YouTube -
https://www.youtube.com/c/WorldviewMyanmar/videos
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
နည်းပညာမိတ်ဖက်အဖွဲ့
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 2 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Worldview International Foundation - WIF
အားလုံး
ဒီရေတော ပျိုးဥယျာဉ်ထူထောင်မည်ဆိုလျှင်
12/04/2024
ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း
02/04/2024
ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
14/03/2024
ဒီရေတောတွေသာမရှိတော့ရင်..
16/11/2023
ကမ်းခြေကို ခြေကုပ်ယူကာ ပင်လယ်ရေလွှမ်းခြင်းကို ကာကွယ်ပေးနေတဲ့ ဒီရေတောများ
10/11/2023