စျေးသက်သာတဲ့ အိမ်က ဇီဝဓာတ်ငွေ့ စက်ရုံကြီး
နာမည်မြင်ပြီး လုပ်ချင်နေကြပြီမဟုတ်လား။ ကုန်ကျစရိတ်လည်း အများကြီးမရှိဘူး။ မီးဖိုချောင်ထဲက ထွက်တဲ့ အရာတွေ (ကြက်သွန်နီခွံနဲ့ ကြက်ဥခွံကလွဲရင်) ကို ထည့်ပြီး တန်ဖိုးရှိတာလေးကိုပြောင်းကြည့်ရအောင်။ ဒီနည်းလမ်းကို အိန္ဓိယက Sahas Chitlange က တွေ့ခဲ့တာဖြစ်ပါတယ်။ ကဲ လုပ်လိုက်တော့ ဝမ်း တူး သရီး….
ဘာတွေထွက်မှာလဲ ဆိုတော့ လောင်စာအဖြစ်သုံးနိုင်တဲ့ မီသီန်း (Methane) နဲ့ အကောင်းဆုံးမြေသြဇာတွေကို ရနိုင်မှာပါ။
ဘာတွေလိုမလဲ။
(က) ပိုက်
(ခ) တိုင်ကီကြီး (သင်္ဘောသုံး ကော်အပြာပုံးတွေဆို လေလည်းလုံပါတယ်)
(ဂ) ဓာတ်ငွေ့စုပုံး ( သင်္ဘောဆေး ပုံးဆို အိုကေပြီလေ)
(ဃ) မြေသြဇာအထွက်ပိုက်
(င) ဓာတ်ငွေ့ထွက်ပိုက် ( ဂတ်စ်အိုးတွေမှာသုံးတဲ့ ပိုက်အကြည်တွေ သုံးပေးပါ)။
(စ) ဘားတစ်ခု နဲ့ ပိုက်အပိတ် တစ်ခု
အောက်မှာ အဆင့်လေးတွေလိုက်ကြည့်ပြီးလုပ်ကြရအောင်။

အဆင့်(၁) အခံအိုးမှာ ကိုယ်ဝယ်ထားတဲ့ မြေသြဇာအထွက်ပိုက်နဲ့ အဝင်ပိုက်အတွက် အပေါ်ဖက်နဲ့ အောက်ဖက်မှာ အပေါက်ဖောက်ပေးရမှာဖြစ်ပါတယ်


အဆင့် (၂) ပိုက်တွေကို အပေါ်ဖက်မှာ တစ်ပိုက်တပ်၊ အောက်ဖက်က ပိုက်ကို အပေါ်ကိုထောင်ပြီး တစ်ခု တပ်ပေးပါ။ ကော်နဲ့သေချာကပ်ပေးပါ။ အပေါ်ဖက်က ပိုက်က အထွက်ဖြစ်ပြီးတော့ အပေါ်ဖက်ကိုထောင်ထားတဲ့ အောက်အပေါက်က အဝင်အတွက်ဖြစ်ပါတယ်။ အဝင်ပိုက်လေးကို ပိုက်ပိတ်လေးနဲ့ ပိတ်လိုက်ပါဦး။



အဆင့်(၃) ဓာတ်ငွေ့စုပုံး (သင်္ဘောဆေးပုံး) ကို ဖင်နဲ့ ခေါင်းကို လှန်ပြီးတော့ ဖင်ကနေ အလယ်တည့်တည့်မှာ အပေါက်ဖောက်ပြီးတော့ ဓာတ်ငွေ့ထွက်ဖို့ ပိုက်ဘားလေးကိုတပ်ပေးပြီး လေလုံအောင် ကော်နဲ့ပြန်ပိတ်ပေးပါ။


အဆင့်(၄) အချိန်ကောင်းပါပဲ။ နွားချေး (၅) ကီလို (သို့) ၅၀ လီတာ ကို အခံအိုးထဲထည့်၊ ပြီးတော့ ရေလည်း နည်းနည်းထပ်ရောထည့်ပေးပါ။

အဆင့် (၅) ဓာတ်ငွေ့စုအိုးထိပ်က ဘားလေးကိုဖွင့်၊ ပြီးတော့အဲ့နွားချေးထည့်ထားတဲ့ အိုးထဲကို ညီနေအောင် နှစ်ထည့်ပေးပါ။ ဓာတ်ငွေ့ထွက်လာရင် သူ့ဘာသာ အပေါ်ကိုတက်လာပါလိမ့်မယ်။ စစချင်း လုပ်ရင်တော့ ၁၀ ရက်ကနေ ၁၅ ရက်လောက်တော့ ကြာပါတယ်။ နောက်ပိုင်းကတော့ ပုံမှန်လေးဖြစ်လာပါလိမ့်မယ်။

အဆင့်(၆) အလုပ်လုပ်တဲ့အဆင့်ပါပဲ။ ကိုယ် တပ်ပြီးပြီ ဆိုတော့ မြေသြဇာ အဝင်ပေါက်လေးထဲကို စွန့်ပစ်ပစ္စည်းတွေ ထပ်ထည့်ပေး။ ထည့်ပေးပြီးတော့ သူက ဓာတ်ငွေ့ထွက် ပြီး ကိုယ်က ပုံးကို ပြန်ဖိချ အဲ့တော့ အထွက်ပိုက်နေ မြေသြဇာတွေ ပြန်ထွက်… အဲ့က ထွက်တဲ့ ဇီဝဓာတ်ငွေ့က ဘယ်လောက်ပြင်းလဲဆိုတော့ သံဖြူပါးပါးကို ၂ မိနစ်အတွင်း အရေပျော်စေနိုင်တဲ့အထိပါပဲ။

ဒါဆိုရင်တော့ စက်ရုံဆောက်လို့ ပြီးပါပြီ။ အဲ့တော့ ကောင်းတာတွေ ခံစားကြည့်လိုက်ပါဦး။


Source - https://www.instructables.com/id/Biogas-at-home-Cheap-and-Easy/?fbclid=IwAR0IrKof7VH6lRP9iuTCMHOVCYAxoz2O7Kc_I0OlnWwPJVjIKvxLfAmQPiY
Shwe San Soe
လွန်ခဲ့သော ၅ လ ကနွားချေး အိမ်သုံး Biogas ထုတ်လုပ်နည်း အဆင့်ဆင့်သိချင်ပါတယ်
mMg Chit
လွန်ခဲ့သော ၁ နှစ် ကမြန်မာနိုင်ငံဘယ်ေဒသမှာ လေ့လာလို့ရသလဲ
Hein Thet Paing
လွန်ခဲ့သော ၃ နှစ် ကဝက်ချေးနဲ့ရော ရလားဗျ
ဦးမြေ
လွန်ခဲ့သော ၄ နှစ် ကပြန်ဖြည့်ရည်ဘယ်ကနေဖြည့်ရမလဲ
U Nyan
လွန်ခဲ့သော ၅ နှစ် ကလျှပ်စစ်မီးထွန်းလို့မရဘူးလား
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026